သမိုင်းတစ်လျောက် နာမည်အကြီးဆုံး ရှေ့ဖြစ်ဟောပညာရှင်(၅)ယောက်

Image:wikicommon & Pixabay /Rosiette-Stock

အနာဂါတ်ကို ကြို မမြင်ရဘူးဆိုတဲ့ လူတွေ ပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ဒါပေမယ့်လည်း အဲ့ဒီလို  စကားကို အံတု ပြီး အနာဂါတ်ကို ကြိုမြင်နိုင်ကြတဲ့ ရှေ့ဖြစ်ဟော သူတွေ လည်း ဒီနေ့ အထိ ရှိနေတုန်းပါ။ရှေ့ဖြစ် ဟော တယ်  ဆိုတာနဲ့ ပတ်သက်ပြီး ယုံကြည်ကြတဲ့ သူတွေရှိသလို မယုံကြတဲ့ လူတွေ လည်းရှိပါတယ်။ဒါပေမယ့် ဒီနေ့ အထိ လည်း ဒီပညာက ရှိနေစဲပါ။သမိုင်းတစ်လျောက်မှာ လည်း ရှေ့ဖြစ်ဟော ဆရာတွေ နဲ့ သူတို့ ဟောခဲ့ ပြောခဲ့တာ တွေ က မှန် ကန် တယ်ဆိုတဲ့ ဖြစ်ရပ်တွေ အများကြီးရှိခဲ့ဖူးပါတယ်။

Nostrodamus  (15031566)

Image:wikicommon

Michel de Nostredame  ကတော့ ပြင်သစ်လူမျိုး ဗေဒင် နက္ခတ်ပညာရှင် တစ်ယောက်ပါ။သူ့ရဲ့ Les Prophéties စာအုပ် ကတော့ အရမ်းကို  နာမည်ကြီးပါတယ်။ဒီစာအုပ် ထဲမှာတော့ အနာဂါတ် ကြိုတင် ခန့်မှန်းချက် တွေ ပါ တယ်လို့ သိရပါတယ်။အဲ့ဒီစာအုပ်ကိုတော့ (၁၅၅၅)ခုနှစ်က ရေးသားခဲ့တာပါ။သူကွယ်လွန်ပြီး နောက်မှာတော့ စာအုပ်ကို ပြန်ပြီး ထုတ်ဝေ တာမျိုးမရှိ သ လောက်ပါ။အဲ့ဒီစာအုပ်ထဲမှာ တော့ ကဗျာတွေ ရေး ထားတာပါ။လူ တစ်ချို့ ကတော့ ကဗျာတွေပဲ ရှိတယ်၊ဘာမှ မရှိဘူး လို့ ပြော ကြသလို တစ်ချို့ ကလည်း ကဗျာတွေထဲမှာ အနာဂါတ် ခန့် မှန်း ချက် တွေ ကို ထည့်ထားတယ်ဆိုပြီး လိုသလို ဆွဲ ပြောဆို ကြတာမို့ ဘာကအမှန်လဲ အမှားလဲ ဆိုတာ က တော့ ပြောရခက်ပါတယ်။Nostrodamus  ဟာ (၁၆၆၆)မှာ ဖြစ်ခဲ့တဲ့ လန်ဒန် မီးလောင်မှု (Great Fire of London) ၊ပြင်သစ် တော်လှန် ရေး ၊Adolf Hitler ၊ဂျပန်  Hiroshima နဲ့ Nagasaki ဗုံး ကြဲ မှု တွေ အ ကြောင်းကို ကြိုခန့်မှန်းခဲ့တယ်လို့ လူ တစ်ချို့ က တော့ ပြော နေကြပါတယ်။

READ
သေစေနိုင်လောက်တဲ့ အဆိပ်ပြင်းဓာတ်ငွေ့များ (သို့မဟုတ်) VX နဲ့ Sarin ဓာတ်ငွေ့

Daniel Dunglas Home(18331886)

Image:wikicommon

Daniel Dunglas Home  ကတော့ အမေရိကန်မှာ နာမည်ကြီးခဲ့သူပါ။ရောဂါတွေ ကိုေ ပျာက်ကင်းအောင် လုပ်နိုင်တယ်၊သေဆုံးသွားတဲ့ လူတွေ နဲ့ ဆက်သွယ်နိုင်တယ်ဆိုပြီး နာမည်ကြီးခဲ့သူပါ။သူ့ရဲ့ တကယ့် ဇာတိက စ ကော့တလန် ကပါ။ကလေးဘ၀ တည်းက အမေရိကန် ကို ပြောင်းလာခဲ့တာပါ။စားပွဲ ကုလားထိုင် တွေလို သက်မဲ့ ပစ္စည်းတွေကို လှုပ်ရှားနိုင်စွမ်းရှိတယ်၊လူသေ တွေ နဲ့ ဆက်သွယ် ပြောဆိုနိုင်တယ်၊တန်ခိုး အစွမ်းနဲ့ ဈာန်ကြွ နိုင်တယ် ဆိုပြီး သူ့ ခေတ် သူ့  အခါ က နာမည်ကြီးခဲ့သူပါ။တစ်ချို့ ကလည်း ဒါဟာ သဘာဝ လွန်စွမ်း အင် ကြောင့် မဟုတ်ပဲ မျက်လှည့် ဆိုပြီး ပြောကြတာတွေလည်းရှိပါတယ်။

Edgar Cayce(1877 – 1945)

Image:wikicommon

နာမည်ကြီး အမေရိကန် အကြားအမြင်ဆရာပါ။လူတစ်ချို့ ကတော့ Cayce ဟာ Stock Market ကို ကြို တင် ခန့်မှန်း ချက် ထုတ်ခဲ့ဖူးတယ်ဆိုပြီး ပြောကြပါတယ်။ဒါ့အပြင် ဒုတိယ ကမ္ဘာစစ်ကိုလည်း ကြို ပြောခဲ့တယ်၊ ဆိုဗီယက် ပြည် ထောင်စု ပြိုကွဲ မယ့် အကြောင်းကိုလည်း ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ အကြာင်းအမြင် ဆရာဆိုပြီး ပြော ကြပါတယ်။

Jean Dixon(1904 1997)

Image:wikicommon

Jeane Dixon  ကတော့ (၂၀)ရာစုရဲ့ နာမည်အကြီးဆုံး ရှေ့ ဖြစ် ဟောဆရာ မ တစ်ယောက်ပါ။သူ့ရဲ့ ဟော ချက် တွေကိုဆိုရင် သတင်းစာတွေမှာ  ကော်လံ နဲ့ ထည့်ခဲ့ ကြတာပါ။သူမရဲ့ တစ်ချို့ ခန့်မှန်းချက်တွေ ဟာဆိုရင် ရောင်း အား အကောင်းဆုံး တွေ ဖြစ်တဲ့ အထိ အောင်မြင်ခဲ့ပါတယ်။သူမရဲ့ နာမည်အကြီးဆုံး ရှေ့ဖြစ်ဟော စတမ်းကို ပြော ရမယ်ဆိုရင်တော့ သမ္မတ John F. Kennedy’ လုပ်ကြံ ခံ ရမယ်ဆိုတဲ့ ခန့်မှန်းချက် ပါ။သူမဟာ ဆိုရင် ဒုတိယ ကမ္ဘာစစ်တုန်းက သမ္မတ Franklin D. Roosevelt ရဲ့ အကြံ ပေးပါ။(၃၇)ယောက် မြောက် သမ္မတ Richard Nixon ကိုလည်း အကြံ ပေးခဲ့သူပါ။

READ
လာမယ့် နှစ်အနည်းငယ်အတွင်းမှာ ဈေးကွက်ထဲဝင်လာမယ့် မိုးပျံကားများ

Baba Vanga(19111996)

Image:wikicommon

နာမည်အရင်းကတော့ Vangeliya Pandeva Gushterova ပါ။သူမကိုတော့ လူ တော်တော်များများက သိကြပါ တယ်။သဘာဝ လွန်စွမ်းအားတွေ ကို ပိုင်ဆိုင်ထားတဲ့ မျက်မမြင် အမျိုးသမီးကြီးပါ။သူမရဲ့ေ ကြာက်စရာ ၊ထိတ်လန့်စ ရာ ကောင်းတဲ့ ဟောစတမ်းတွေ က တော့ သွေးထက်အောင် မှန်တယ်ဆိုပြီး လူတော်တော်များများက လက်ခံ ထား ကြပါတယ်။သူမ ကတော့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲမယ်၊Chernobyl disaster ဆိုပြီး လူသိများတဲ့ (၁၉၈၆) ခုနှစ်တုန်းက ယူကရိန်း နျူကလီးယား ဓါတ် ပေါင်းဖို မတော်တဆမှုဖြစ်ရပ်၊ဆိုဗီယက် ပြည်ထောင်စုရဲ့ ၀န်ကြီးချုပ် Jose ph Stalin သေ ဆုံးမယ့် အကြောင်း၊ရုရှားရေငုပ်သ င်္ဘောနစ်မြုပ် မယ့်အ ကြောင်း၊9/11တိုက်ခိုက်မှု၊ဒိုင်ယာနာ သေဆုံးမယ့်အ ကြောင်း၊(2004)ဆူနာမီ ဖြစ်မယ့် အ ကြောင်း  …အစရှိတဲ့ သူမရဲ့ ဟောချက်တွေ က မှန်ကန်ခဲ့ ပါတယ်။(၂၀၂၀)မှာလည်း လက်ရှိဖြစ်နေတဲ့ ကပ်ရောဂါ ဘေး အကြောင်းကို သူ မ မကွယ်လွန်ခင် (၁၉၉၆)မှာ ကြို ခန့်မှန်းခဲ့တယ်ဆိုပြီး တေ့လည်း ပြောဆိုနေကြပါတယ်။သူမက ကမ္ဘာကြီး အတွက် ကြိုတင်ခန့်မှန်း ချက်တွေ  အများ ကြီး ထုတ်ထားပါတယ်။(5079) ကျရင် ကမ္ဘာကြီး ပျက်သုဉ်းလိမ့်မယ်လို့ ဟောစတမ်းထုတ်ထားပါတယ်

REF;wiki/worldatlas.

SHARE