trailerနဲ့တင် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်အိမ်ကို ပရိသတ်ကို ချပြလိုက်တဲ့ “ဟစ်တိုင်”

“ဟစ်တိုင်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ စတင်ရိုက်ကူးတဲ့ အချိန်ကတည်းက ပရိသတ်တွေကို အသိပေးခဲ့ပြီး ရုပ်ရှင်ချစ်ပရိသတ်တွေတိုင်း စိတ်ဝင်တစားစောင့်မျှော်နေတဲ့ သက်ငယ်မုဒိန်းမှုပညာပေး ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကတော့ မကြာခင်မှာ ပရိသတ်တွေရဲ့ ရှေ့ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဒီကနေ့မှာတာ့ “ဟစ်တိုင်”ရဲ့ ဖေစ်ဘုတ်ပေဂ်ျ့ကနေ ရုပ်ရှင်ကားရဲ့ trailer ဗီဒီယိုကို တင်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေါင်းနီကို နာမည်ကျော်သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ထားပြီး ဝါရင့်သရုပ်ဆောင် အကယ်ဒမီများရှင် မေသန်းနုနဲ့ အားပြိုင်ထားတဲ့ သရုပ်ဆောင်မှုတွေကို တွေ့ရမှာဖြစ်ပါတယ်။

သက်ငယ်မုဒိန်းမှုကို အဓိက အခြေခံရိုက်ကူးထားပေမဲ့ ငယ်ငယ်ကတည်းက မိဘမရှိပဲ ကြီးပြင်းလာတဲ့ ဒေါင်းနီနဲ့ သူမရဲ့ ညီမလေးတို့ရဲ့ ဘဝကိုလည်း စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။   “ဟစ်တိုင်” ရုပ်ရှင်ကားကိုတော့ မေလ ၁၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားကြီး_HITTINE (Official Trailer)

ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားကြီး၏ OFFICIAL TRAILER ကိုယနေ့ပဲ ပရိတ်သတ်တို့အတွက် တင်ပေးလိုက်ပါပြီ။ မေ ၁၆ရက်နေ့မှစ၍ ရုံတင်ပြသတော့မှာဖြစ်ပြီး ပြသမည့်နေရာများ နှင့် ဟစ်တိုင်တွင်ပါဝင်သောအစီအစဉ်အားလုံးတို့ကို ယခု page တွင်သာဆက်လက်၍ အသိပေးသွားမည်ဖြစ်သောကြောင့် page လေးကိုရော trailer လေးကိုပါ like and share လုပ်ပေးထားကြပါနော်။ #hittinemovie #offcialtrailer #staytunedformore

Posted by Hit Tine on Thursday, 2 May 2019

Source: Hit tine

SHARE