ကင်ဆာကုထုံးခံယူပြီးနောက် HIV virus ပါ ပျောက်ကင်းသွားခဲ့တဲ့ အမျိုးသား

လန်ဒန်က HIV ရှိနေတဲ့ အမျိုးသားတစ်ဦးဟာ ကမ္ဘာမှာ HIV ပိုးလုံးဝ ကင်းစင်ပျောက်ကင်းခဲ့တဲ့ ဒုတိယမြောက်လူဖြစ်ကြောင်း သိရပါတယ်။ အမည်မဖော်လိုသူ ၄င်းအမျိုးသားဟာ ကနဦးမှာ ကင်ဆာရောဂါအတွက် ပင်မဆဲလ်အစားထိုးကုထုံးတစ်ခုကို ခံယူခဲ့ပါတယ်။ ၄င်းကုထုံးခံယူပြီးတဲ့နောက်မှာ HIV virus ကလည်း ပျောက်သွားပြီး အခုအခါမှာ ပိုးထပ်မံမပေါ်တော့တာ (၁၈) လကြာနေပြီ ဖြစ်ပါတယ်။

HIV ရောဂါပိုးကို ပထမဆုံးအကြိမ်အဖြစ် ခုခံတွန်းလှန်နိုင်ခဲ့သူကတော့ အမေရိကန်နိုင်ငံသား တင်မိုသီ ရေး ဘရောင်းဆိုသူ ဖြစ်ပါတယ်။ သူကတော့ လွန်ခဲ့တဲ့ (၁၂) နှစ်တုန်းက ဂျာမနီမှာ HIV virus ကုထုံး ကုသမှုခံယူပြီးနောက် ရောဂါအရှင်းပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ တင်မိုသီပြီးတဲ့နောက် အခြား HIV ရောဂါသည်တွေကို အမျိုးမျိုး စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

immunopaedia

ကျွမ်းကျင်သူတွေကတော့ HIV ကို တွန်းလှန်နိုင်တဲ့ အခုလိုဖြစ်ရပ်မျိုးဟာ ဆေးသိပ္ပံလောကအတွက်တော့ မှတ်ကျောက်တစ်ခုပဲလို့ သုံးသပ်ထားပါတယ်။ ထူးခြားချက်တစ်ခုကတော့ လက်ရှိအချိန်ထိ HIV virus ကို တွန်းလှန်ခဲ့ကြတဲ့ အမျိုးသားနှစ်ဦးဟာ ကင်ဆာဝေဒနာ နောက်ဆုံးဆင့် ရှိနေကြသူတွေပါ။ တင်မိုသီမှာ သွေးကင်ဆာရှိသလို အခုတွေ့ရတဲ့ လန်ဒန်အမျိုးသားကတော့ ပြန်ရေကြောကင်ဆာရှိနေတာ ဖြစ်ပါတယ်။

READ
ပုလွေဆရာပုံပြင်ထဲကလို ကြွက်တွေရွာထဲမှာ သောင်းကျန်းနေလို့ ဒေသခံများထိတ်လန့်နေ
nytimes

သေမိန့်ကျနေပြီးဖြစ်တဲ့ သူတို့အတွက်တော့ အသက်အန္တရာယ်များ၊ ရှုပ်လည်းရှုပ်ထွေးလှတဲ့ ပင်မဆဲလ် အစားထိုးကုသမှု stem cell transplant ဟာ နောက်ဆုံးမျှော်လင့်ရာပဲ ဖြစ်ခဲ့ပါတယ်။ အခုတွေ့ရတဲ့ လန်ဒန်အမျိုးသားကတော့ ကင်ဆာအတွက် ပင်မဆဲလ် အစားထိုးကုသမှုခံယူရာမှာ ၄င်းရဲ့ အလှူရှင်က HIV virus ကို အလိုအလျောက် ကာကွယ်ဆန့်ကျင်နိုင်တဲ့ ကိုယ်ခံအားစနစ်ရှိနေတာကြောင့် သူပါ HIV ပိုး ပျောက်ကင်းခဲ့တာဖြစ်ပါတယ်။  HIV ရောဂါသည်အများစုကတော့ ကင်ဆာလိုမျိုးရောဂါကြီးကြီးမားမား မရှိဘူးဆိုရင် HIV virus ပိုးကောင်ရေ ထပ်မပြန့်ပွားနိုင်အောင် ပိုးကောင်ရေထိန်းတဲ့ဆေးတွေ သောက်ပြီး နှစ်ရှည်လများ နေထိုင်သွားကြပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail , CNN

SHARE