ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့ ဒုတိယမြောက် နေတုတစ်စင်း ဖန်တီးနေတဲ့ တရုတ်

တရုတ်သိပ္ပံပညာရှင်တွေဟာ ဈေးချိုပြီး အကန့်အသတ်မဲ့တဲ့ စွမ်းအင်ရင်းမြစ်ကို ရယူနိုင်ဖို့အတွက် ဒုတိယမြောက် နေအတုတစ်စင်းကို ဖန်တီးနေပြီလို့ သိရပါတယ်။ ၄င်းနေအတုရဲ့ အပူချိန်ဟာ သန်း(၁၀၀) ဒီဂရီ ဆဲလ်ဆီးယပ်စ် အထက် ရှိမှာ ဖြစ်ပြီး ကမ္ဘာနဲ့ အနီးကပ်ဆုံး ကြယ်ထက် (၆) ဆမျှ ပိုမိုပူပြင်းမယ်လို့ ဆိုပါတယ်။

နေအတု စက်ကိရိယာဟာ ယခုနှစ်ထဲမှာ ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။ နေမှာ သဘာဝအတိုင်းဖြစ်ပျက်နေတဲ့ နျူကလီးယားပေါင်းစပ်ခြင်းဖြစ်စဉ်ကို ပုံတူကူးပြီး အခုလို နေအတု ကိရိယာကြီးကို ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဟိုက်ဒရိုဂျင်ကို ငွေကုန်ကြေးကျသက်သာပြီး ပြန်လည်အသုံးပြုနိုင်တဲ့ renewable (green energy) အဖြစ် ဖန်တီးမှာ ဖြစ်ပါတယ်။

shutterstock

၎င်းစက်ကို HL-2M Tokamak လို့ ခေါ်တွင်မှာပါ။ လက်ရှိမှာတော့ HL-2M Tokamak  ကို တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်းနဲ့ တွဲဖက်ပြီး တရုတ်ရူပဗေဒ တက္ကသိုလ်တစ်ခုက တည်ဆောက်နေပါတယ်။ HL-2M Tokamak အကြောင်းကိုတော့ ပြီးခဲ့တဲ့ အပတ် တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ တရုတ်နိုင်ငံရေးဆွေးနွေးပွဲကြီးအတွင်း ထည့်သွင်းပြောပြခဲ့တာ ဖြစ်ပါတယ်။

READ
နာဆာမှာ အထူးဆန်းဆုံး တာဝန်တစ်မျိုးကို ထမ်းဆောင်နေတဲ့ ပညာရှင်ကြီး
shutterstock

တရုတ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Experimental Advanced Superconducting Tokamak (EAST) အမည်ရတဲ့ နေတုတစ်စင်းကို ပထမဆုံးအကြိမ်အဖြစ် ဖန်တီးခဲ့ပါသေးတယ်။ EAST မှာတော့ အိုင်ယွန်တွေရဲ့ အပူချိန်ဟာ သန်း(၁၀၀) ဒီဂရီ ဆဲလ်ဆီးယပ်စ် ထိတိုင် ရောက်ရှိခဲ့ပါတယ်။ သုတေသနအဖွဲ့က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစ္စတာဒူရန်ကတော့ အိုင်ယွန်တွေရဲ့ အပူချိန်ဟာ သန်း(၁၀၀) အထက်ရှိမှ စွမ်းအင်ထွက်ပေါ်လာမယ်လို့ ဆိုပါတယ်။ ဒါကြောင့် လက်ရှိတည်ဆောက်နေဆဲဖြစ်တဲ့ HL-2M Tokamak မှာ အပူချိန် သန်း(၁၀၀)  ဒီဂရီ ဆဲလ်ဆီးယပ်စ် အထက်ရှိပြီး EAST ထပ် အများကြီး အဆင့်မြင့်တဲ့လုပ်ဆောင်မှုတွေ ပြုလုပ်ခိုင်းဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

dailymail

Tokamak ဆိုတာဟာ ကမ္ဘာ့ပေါ်မှာ အဖွံ့ဖြိုးဆုံး သံလိုက်ကန့်သတ်စနစ် တစ်ခုပဲ ဖြစ်ပါတယ်။ သူဟာ ခေတ်သစ် နျုကလီးယား အဏုမြူဓာတ်ပေါင်းဖိုတွေ တည်ဆောက်ဖို့ အခြေခံအကျဆုံးစနစ်တစ်ခုပါ။ သဘောတရားကတော့ ဟိုက်ဒရိုဂျင်လိုမျိုး ပေါ့ပါးတဲ့ဒြပ်စင်တွေ ပါဝင်ပြီး ၄င်းဒြပ်စင်တွေ အချင်းချင်းတိုးမိ တိုက်မိရာက လေးလံတဲ့ ဟီလီယံလိုမျိုး ဒြပ်စင်တွေ ထွက်ပေါ်လာအောင် ပြုလုပ်စေတာ ဖြစ်ပါတယ်။ အဏုမြူပေါင်းစပ်ဖြစ်ပေါ်ဖို့ကတော့ ဟိုက်ဒရိုဂျင်အက်တမ်တွေ အချင်းချင်းစုစည်းပေါင်းစပ်သွားအောင် အပူပြင်းပြင်းနဲ့ ဖိအားပေးဖို့ လိုအပ်ကြောင်း သိရပါတယ်။

READ
(၆)လက်မအရွယ်ရှိ ဂြိုဟ်သားနဲ့တူတဲ့ ရုပ်ကြွင်းတစ်ခုကို စစ်ဆေးလိုက်တဲ့အခါမှာ

လင်းလင်း (ShweMom)

Ref: Dailymail

SHARE