ကြားဖူးနေတဲ့ လှတောရွာကိုရောက်သွားသလို ခံစားရစေမယ့် ရုပ်ရှင်ကားကြီး

Facebook-လှတောသား နဲ့ ယောက္ခမလောင်း

ကျွန်တော်တို့ ငယ်ငယ်တုန်းက လှတောသားအကြောင်း စာထဲမှာ ထည့်သင်ဖူးတာကို မှတ်မိကြတယ်မလား။ လှတောသား စကားကြွယ်ဆိုတဲ့အတိုင်း ပုံမှန်စကားပြောတာတောင်မှပဲ စကားပုံတွေ၊ တင်စားပြောကြတဲ့ စကားတွေကို သုံးကြတဲ့ လှတောသားတို့ရွာလေးဟာ အပြင်မှာလည်း တကယ်ရှိနေပါတယ်။

ရောက်ဖို့ကလည်း တကူးတကသွားရမှာဆိုတော့ လှတောသားရွာလေးကို တကယ်ကြီးရောက်သွားသလို ခံစားရမစေမယ့် ရုပ်ရှင်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ “လှတောသားနဲ့ ယောက္ခမလောင်း” ဆိုတဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။

Facebook-လှတောသား နဲ့ ယောက္ခမလောင်း
ဇာတ်လမ်း၊ ဇာတ်ညွှန်းရော ဒါရိုက်တာကိုရောပါ ဇော်မြင့်ဦးက ရိုက်ကူးထားတဲ့အပြင်ကိုမှ သရုပ်ဆောင်တွေကလည်း အိချောပို၊ ခန့်စည်သူတို့အပြင် ကျော်ကျော်၊ ဂွမ်းပုံ၊ ချမ်းမေမြတ်နိုးတို့ကစလို့ ဟာသသရုပ်ဆောင်ကောင်းများစွာကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင်တွေ့ရမှာဖြစ်ပါတယ်။

Facebook-လှတောသား နဲ့ ယောက္ခမလောင်း
Facebook-လှတောသား နဲ့ ယောက္ခမလောင်း
ဇာတ်လမ်းလေးကတော့ ကျော်ထူးရဲ့ သမီးချောလေး အိချောပိုကို မေတ္တာရှိသွားပြီး အချစ်ကိုရယူဖို့ ကြိုးစားနေတဲ့ ခန့်စည်သူတစ်ယောက်၊ လူငယ်ချင်း ရည်ငံသွားကြတဲ့အခါ ယောက္ခမအသိအမှတ်ပြုအောင် စွမ်းစွမ်းတမံကြိုးစားရင်းနဲ့ အလွဲတွေကြုံတွေ့ရတဲ့ပုံကို ရိုက်ပြထားတာပါ။

Facebook-လှတောသား နဲ့ ယောက္ခမလောင်း
သူ့ရဲ့ထူးခြားချက်ကတော့ ဇာတ်လမ်းတစ်ခုလုံး စကားပုံလေးတွေကို တွင်တွင်သုံးထားပြီးတော့ စကားပုံတစ်ခါသုံးတိုင်း ရုပ်ပြကာတွန်းလေးတွေနဲ့ စကားပုံအဓိပ္ပာယ်ကို ရှင်းပြပေးတာပါပဲ။ ဒါမျိုးရုပ်ရှင်က မရှိသေးဘူးလေနော်။ ဒီတော့ “လှတောသားနဲ့ ယေက္ခမလောင်း” ကို ကြည့်ချင်တယ်ဆိုရင်တော့ VIU မှာ ကြည့်လို့ရနိုင်တယ်ဆိုတာလေး သတင်းကောင်းပါးပါရစေ။

ရုံတင်ကားတွေကို တစ်ဖန်ပြန်လည်ခံစားနိုင်စေဖို့အတွက် အခုပဲ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုလိုက်ပါ။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ်ကြေးမလိုပဲ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အာရှတစ်ခွင်က မျိုးစုံသောရုပ်ရှင်နဲ့ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုနိုင်ပါပြီ။ ဒါကြောင့် အခုပဲ Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။

READ
Kim Kardishianရဲ့အဝတ်မပါSelfieကို ဝေဖန်လိုက်တဲ့ Chloe Moretz

penny

SHARE