ပရိသတ်ကြားမှာ အရမ်းကို ရေပန်းစားနေတဲ့ နှင်း၊မော်နဲ့ အစ်ကိုကျော်

Image:fb/Wai Lar Ri

နှင်းဆီဆိုတဲ့ ဇာတ်လမ်းတွဲ ကတော့ ပရိသတ်ကြားမှာ အရမ်းကို  ရေပန်းစားနေပါတယ်။ဇာတ်လမ်းတွဲ ထဲမှာ ပါဝင် ထားတဲ့ သရုပ်ဆောင်တွေ အားလုံးကလည်း သူ့နေရာနဲ့ သူ အကောင်းဆုံး ပီပြင်အောင် သရုပ်ဆောင် နိုင် ခဲ့ တာကြောင့်လည်း ပရိသတ်တွေ အရမ်းကို အကြိုက်တွေ့ တဲ့ ဇာတ်လမ်းတွဲလေး ဖြစ်လာခဲ့တာပါ။ စာရေးဆရာမကြီး မစန္ဒာရဲ့ ၀တ္ထု ကို ဇာတ်လမ်းတွဲ အဖြစ် အသက်သွင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းတွဲ ထဲက သရုပ်ဆောင်တွေ ဖြစ်တဲ့ စည်သူဝင်း၊ခေးဆက်သွင်နဲ့  ဝေလာရီ တို့ကတော့ ပရိသတ် တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Image:fb/Wai Lar Ri
Image:fb/Wai Lar Ri
Image:fb/Wai Lar Ri

ပရိသတ်တွေနဲ့ Live လွှင့်ပြီး စကားတွေပြောခဲ့ပါတယ်။စည်သူဝင်း၊ခေးဆက်သွင်နဲ့ ဝေလာရီတို့  သုံးယောက် အတူတူ ရိုက်ထားတဲ့ ပုံလေးတွေကိုတော့ စည်သူဝင်းက သူ့ရဲ့ အကောင့်မှာ ….

“နှစ်ယောက်စလုံးကိုလည်းချစ်တယ် နှစ်ယောက်စလုံးကလည်းချစ်တယ်
ငါ့ကိုယ်ငါဘဲ…..
#နှင်းဆီ….” ဆိုပြီး စည်သူဝင်းက သူ့ရဲ့ အကောင့်မှာ တင်ထားပါတယ်။

Image:fb/Wai Lar Ri
Image:fb/Wai Lar Ri
Image:fb/Wai Lar Ri

နှင်းဆီဇာတ်လမ်းတွဲ ရဲ့ ဒါရိုက်တာကတော့ ပြည်သစ်နိုင်ပါ။ဒီဇာတ်ကားထဲမှာတော့ ရဲအောင်၊ခေးဆက်သွင်၊စည်သူဝင်း၊ရှင်မွေလ၊ဝေလာရီ…အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။ဝေလာရီကတော့ ရဲအောင်ရဲ့ သမီး ၊ရှင်မွေလ နဲ့ အမြွှာ မောင်နှမ မော် ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားတာပါ။နှင်းကတော့ စည်သူဝင်း ရဲ့ ချစ်သူဟောင်း၊ရဲအောင်ရဲ့ ဇနီးအဖြစ် သရုပ်ဆောင်ထားပါတယ်။စည်သူဝင်းကတော့ ဒီဇာတ်ကားမှာ လူပွေ လူရှုပ် တစ်ယောက် အဖြစ် သရုပ်ဆောင်ထားပါတယ်။

READ
ပြစ်ဒဏ်ကလွတ်မြောက်လာတော့မယ့် ရဲတိုက်
Image:fb/Wai Lar Ri
Image:fb/Wai Lar Ri
Image:fb/Wai Lar Ri

Soure:ဝေလာရီ၊စည်သူဝင်းရဲ့ FB

SHARE