(၂၀၁၉) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးမြို့အဖြစ် သတ်မှတ်ခံရတဲ့ Hoi An

Travel + Leisure World’s Best Awards အရ ဗီယက်နမ်နိုင်ငံမှ Hoi An မြို့ကို (၂၀၁၉) ခုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးမြို့တစ်မြို့အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ Hoi An ဟာ လွန်ခဲ့တဲ့ () နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံးမြို့အဖြစ် ပထမနေရာစွဲနေခဲ့တဲ့ မက္ကစီကိုက San Miguel de Allende ကို ကျော်လွန်ပြီး သရဖူဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ Hoi An ဟာ (၂၀၁၈) ခုနှစ်တုန်းကတော့ ကမ္ဘာ့အကောင်းဆုံးမြို့တွေထဲ နံပတ်() နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Instagram/Hội An

ဗီယက်နမ်ရဲ့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်တဲ့ Hoi An ဟာ နိုင်ငံရဲ့ အဓိက ရေကြောင်းကုန်သွယ်ကူးသန်းရာနေရာ ဖြစ်ခဲ့ဖူးပါတယ်။ အခုဆိုရင် Hoi An ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းထဲ ၀င်နေပြီဖြစ်ကာ ကမ္ဘာ့လှည့်ခရီးသည်တွေ အများဆုံးလာလေ့ရှိတဲ့ ဗီယက်နမ်မြို့တွေထဲက တစ်မြို့လည်း ဖြစ်နေပါတယ်။

Instagram/Hội An

Hoi An ကိုတော့ အာရှတိုက်မှာ သွားရလာရတာ လုံခြုံမှူရှိတဲ့မြို့လို့လည်း ဆိုပါတယ်။ မြို့ရဲ့ အတွင်းပိုင်းလမ်းတွေမှာ ကားတွေသွားလို့မရပါဘူး။ မြို့တွင်းက ဆိုင်တွေနဲ့ ဈေးတွေကိုသွားဖို့အတွက်ဆိုရင် ခြေလျင်လျှောက်ပြီးပဲ သွားကြရပါတယ်။ မြို့ထဲက ဈေးတွေမှာတော့ ဒေသထွက် ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေကို လတ်လတ်ဆတ်ဆတ် ရနိုင်ပါတယ်။ မြို့လေးရဲ့ အစားအသောက်နဲ့ပတ်သက်လို့ ထူးခြားချက်တွေကတော့ သက်သက်လွတ်သမားတွေအဖို့လည်း စားသောက်စရာတွေ ပေါများတာပဲ ဖြစ်ပါတယ်။

Instagram/Hội An

Hoi An ရဲ့ Nguyen Hoang လမ်းမှာတော့ ညတိုင်း ညဈေးတန်းရှိပါတယ်။ အဲဒီညဈေးတန်းမှာတော့ ဒေသခံတွေက ရောင်းတဲ့ လက်လုပ်အမှတ်တရပစ္စည်းတွေ၊ ရတနာပစ္စည်း၊ အ၀တ်အထည်နဲ့ ဒေသထွက်မုန့်တွေကို မျိုးစုံဝယ်ယူရရှိနိုင်ပါတယ်။ Nguyen Hoang လမ်းမှာတော့ မီးအိမ်လေးတွေကို ရောင်စုံထွန်းညှိထားတာကြောင့် ဓာတ်ပုံဆရာတွေအတွက် မျက်စိကျစရာနေရာလည်း ဖြစ်နေပါတယ်။

Instagram/Hội An

Hoi An မြို့ထဲကနေ ထွက်လိုက်ရင် မြို့ပြင်() ကီလိုမီတာနေရာလောက်မှာ An Bang ကမ်းခြေရှိပါတယ်။ ကမ်းခြေကို တက္ကစီနဲ့ သွားလို့ရသလို စက်ဘီးဌားပြီးတော့လည်း သွားနိုင်ပါတယ်။ စက်ဘီးငှားခက ဈေးမကြီးပါဘူး။ တစ်နေ့လုံး ငှားမှ () ဒေါ်လာလောက်ပဲ ပေးရတာပါ။ ကမ်းခြေရောက်တဲ့အခါ စက်ဘီးကို ကမ်းခြေမှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ အပ်ထားပြီး ကမ်းခြေမှာလွတ်လပ်စွာ အပန်းဖြေနိုင်ပါတယ်။

Instagram/Hội An

Hoi An မြို့ရဲ့ အလှပဆုံး ရှူခင်းတွေကတော့ နေထွက်ချိန်နဲ့ နေ၀င်ချိန်တွေပါပဲ။ နှစ်တစ်နှစ်ရဲ့ အချို့အချိန်တွေမှာတော့ Hoi An မြို့ရဲ့ ကန်ရေပြင်တွေထဲမှာ လှပလွန်းတဲ့ ကြာပန်းတွေဟာ တစ်ပြိုင်တည်းဖူးပွင့်လေ့ ရှိပါတယ်။ Hoi An ရောက်ခဲ့ရင်တော့ မြည်းစမ်းကြည့်သင့်တဲ့ အစားအသောက်အချို့လည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ Cao lầu (ခေါက်ဆွဲ၊ ၀က်သားနဲ့ ဒေသထွက် ဟင်းသီးဟင်းရွက်ရောနှောချက်ပြုတ်ထားတဲ့ ဟင်းလျာတစ်မျိုး) Banh Bao Vac or White Rose လို့ခေါ်တဲ့ ပုဇွန်ဆိတ်ပေါက်စီ ၊ Com Ga (ကြက်ဆီထမင်း) နဲ့ Mi Quang (ဗီယက်နမ် ဆနွင်းခေါက်ဆွဲ) တွေပဲ ဖြစ်ပါတယ်။

Instagram/My Son Sanctuary, Vietnam

Hoi An မှာတော့ Hue Imperial citadelMy Son Ruin Temples နဲ့ Phong Nha Cave တွေက ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားတဲ့နေရာတွေပါ။ ဒါကြောင့် Hoi An ရောက်တဲ့အခါ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ နေရာတွေကို သွားရောက်လည်ပတ်ဖို့နဲ့ ဒေသထွက်အစားအစာတွေကို တစ်ဝကြီး မြည်းစမ်းခဲ့ကြစေဖို့ အခုလို ဖော်ပြပေးလိုက်ရပါတော့တယ်။

Instagram/Hội An

လင်းလင်း (ShweMom)

SHARE