ကမ္ဘာ့ပထမဆုံး လမ်းဘေးခွေး ကင်းရှင်းတဲ့ နိုင်ငံဖြစ်လာခဲ့တဲ့ နယ်သာလန်နိုင်ငံ

unsplash/İrem Türkkan

လမ်းပေါ်မှာ အခြေမဲ့ အနေမဲ့ လျှောက်သွားနေတဲ့ ခွေးလေးတွေရဲ့ ဘ၀ဟာ အင်မတန်သနားစရာ ကောင်းပါတယ်။ နယ်သာလန်နိုင်ငံကတော့ သူ့နိုင်ငံထဲက လမ်းဘေးခွေးလေးတွေအကုန်လုံးအတွက် အမြဲနေထိုင်ဖို့အိမ်တွေကို အသီးသီးရှာဖွေပေးနိုင်ခဲ့ပြီ ဖြစ်ပြီး အခုဆိုရင်တော့ ကမ္ဘာ့ပထမဆုံး လမ်းဘေးခွေး ကင်းရှင်းတဲ့နိုင်ငံ ဖြစ်လာကြောင်း brightside သတင်းအရ သိရပါတယ်။ နယ်သာလန်ရဲ့အိုင်ဒီယာကတော့ ကမ္ဘာအနှံ့အပြားမှာရှိတဲ့ တိရစ္ဆာန်ချစ်သူတွေအတွက် အတုယူသင့်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

(၁၉) ရာစုလောက်ကတည်းက စလို့ နယ်သာလန်မှာ ခွေးကောင်ရေ အများအပြားရှိခဲ့ပါတယ်။ နိုင်ငံထဲမှာရှိတဲ့ မိသားစုတိုင်းလိုလိုဟာ အိမ်မှာ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးတစ်ကောင်လောက်တော့ မွေးကြပါတယ်။ တနည်းအားဖြင့် ခွေးမွေးခြင်းက အိမ်ရဲ့လူမှုအဆင့်အတန်းကို ပြသတာကြောင့်ပါ။ ဒါပေမယ့် အချိန်တစ်ခုမှာတော့ ခွေးတော်တော်များများဟာ ခွေးရူးရောဂါစွဲကပ်ခံရပြီး သေကုန်ကြပါတယ်။ ပိုင်ရှင်တွေကလည်း ခွေးတွေကို စွန့်ပစ်မှုများလာတာကြောင့် အဲ့ဒီအချိန်ကစပြီး နယ်သာလန်ရဲ့ လမ်းမတွေမှာ အမျိုးအစား အမျိုးမျိုးရှိတဲ့ စွန့်ပစ်ခွေးတွေနဲ့ ပြည့်နှက်လို့ လာပါတော့တယ်။

READ
စက်လှေကားဘေးက အမွှေးတွေက ဘာလုပ်ဖို့ထားထားသလဲဆိုတာ သိကြလား
unsplash/Kristijan Arsov

ဒီတော့ နယ်သာလန်နေနဲ့ ခွေးတွေရဲ့ အခုလို အခြေအနေကို ကြပ်မတ်ဖို့ ပြင်ဆင်ရပါတော့တယ်။ ခွေးတွေကို ကာကွယ်ဆေးထိုးတာနဲ့ သင်းကွပ်တာတွေကို မဖြစ်မနေလုပ်ဆောင်လာရပါတယ်။ ဒါတွေကို အစိုးရက ကုန်ကျစရိတ်တွေ အားလုံးအကုန်ခံပြီး အခမဲ့လိုက်လုပ်ပေးတာပါ။ ဒီလိုနဲ့ ခွေးအမ (၇၀) ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီးတဲ့အပြင် ခွေးတိုင်းကို ဆေးစစ်တာ၊ ကာကွယ်ဆေးထိုးပေးတာတွေကို လိုအပ်သလို လုပ်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါတင် မကသေးပါဘူး။ အစိုးရက ပိုပြီးထိရောက်မှုရှိစေအောင်လို့ ဆိုပြီး ဥပဒေထုတ်ပြန်လိုက်ပါတယ်။ ၄င်းဥပဒေကတော့ တိရစ္ဆာန်လေးတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဥပဒေသစ်မှာဆိုရင် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေအနေနဲ့ ၄င်းတို့မွေးထားတဲ့ တိရစ္ဆာန်တွေကို လုံလောက်မျှတတဲ့ ဂရုစိုက်မှုပေးပြီး အကြမ်းဖက်ခြင်းကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။

unsplash/Lauren Kay

တကယ်လို့ ပိုင်ရှင်တွေဟာ လိုက်မနာဘူးဆိုရင် ထောင်ဒဏ်(၃) နှစ်အထက်နဲ့ ဒဏ်ကြေး ဒေါ်လာ (၁၆,၀၀၀) ကျော် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တွေဟာ များသောအားဖြင့် သားဖောက်စပ်မွေးပြီး လှလည်းလှတဲ့ ခွေးတွေကို ၀ယ်ယူလိုကြပါတယ်။ ဒါကြောင့် အစိုးရက လမ်းဘေးခွေးတွေကို ပိုဦးစားပေး မွေးဖြစ်အောင်ဆိုပြီး စတိုးဆိုင်တွေမှာ ရောင်းတဲ့ ခွေးတွေအတွက် အခွန်အခ ပိုတိုးမြင့်ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ လမ်းဘေးခွေးတွေကို ပြည်သူတွေအနေနဲ့ ဂရုဏာရှေ့ထားကာ မွေးစားကြဖို့ အစိုးရက တိုက်တွန်းခဲ့ပါသေးတယ်။

READ
ဘရူနိုင်းနိုင်ငံမှာ ပြင်းထန်စွာအပြစ်ပေးခံရမယ့် ရာဇဝတ်မှုများ

နယ်သာလန်အစိုးရရဲ့ လမ်းဘေးခွေးအလေအလွင့် ပပျောက်ရေးရေရှည်စီမံကိန်းဟာ နောက်ဆုံးမှာတော့ ပီပီပြင်ပြင် အကောင်အထည်ပေါ်ခဲ့ပါတယ်။ နယ်သာလန်ပြည်သူတွေက အိမ်ရာမဲ့နေတဲ့ ခွေးလေးတွေကို ခေါ်ယူမွေးစားခဲ့တဲ့အတွက် ခွေးအလေအလွင့် (၁) သန်းကျော်ဟာ အခုဆိုရင် သခင်တွေကိုယ်စီနဲ့ လုံခြုံစွာ နေခွင့်ရနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE