ဟောလိဝုဒ်ရဲ့ နာမည်ကြီး အနုပညာရှင် ဆယ်လီ ဘီလီယံနာ (၆)ယောက်

Image:IG/Kylie & Beyonce

ဟောလိဝုဒ် ကတော့ ဘီလီယံနာတွေ ကို မွေးထုတ် ပေးနေတဲ့ မြေ လို့ တောင် ပြောလို့ ရပါတယ်။လူချမ်းသာ တွေ အများကြီး စု နေတာပါ။ဘီလီယံနာ ဘ၀ကို ရောက် နေ ကြတဲ့ နာမည်ကြီး အနုပညာရှင် ဆယ်လီ တွေ ရှိပါတယ်။ဒီ အ ကြောင်းကိုတော့ scmp မှာ ဖော်ပြခဲ့တာပါ။

Steven Spielberg

သုံးထပ်ကွမ်း အကယ်ဒီမီဆုရှင်ကြီးကလည်း ဒေါ်လာ (၃.၆)ဘီလီယံ ချမ်းသာပါတယ်။ဒါရိုက်တာ Steven Spielberg ရဲ့ Jaws, E.T. the Extra-Terrestrial ၊ Jurassic Park ဇာတ်ကား တို့ ကတော့ ကမ္ဘာ ကျော်ကား တွေပါ။ဒီကား တွေ ကြောင့်ပဲ ဘီလီယံနာ ဘ၀ကို ရောက်ခဲ့တာလို့ ပြောလို့ရပါတယ်။သူ့ရဲ့ ချမ်းသာ ကြွယ်ဝမှု ကတော့ ရုပ်ရှင်ကားတွေ ရဲ့ အောင်မြင်မှု က နေ ရတာပါ။ဒါ့အပြင် သူဟာ NBCUniversal တို့လို မီဒီယာ ကုမ္ပဏီ ၊DreamWorks Animation တို့ လို ကုမ္ပဏီ တွေရဲ့ အတိုင်ပင်ခံ အဖြစ် ပါ ဆောင်ရွက် ပေးတာ တွေ ကလည်း သူ့ကို ၀င်ငွေ တိုးပွား စေခဲ့တာပါ။ DreamWorks Pictures ကို တော့  Jeffrey Katzenberg ၊ David Geffen တို့ နဲ့ အတူ ပူးတွဲ ထူထောင် ထားတာပါ။Forbes  ကတော့ 3.6 billion ချမ်းသာတယ် ပြော ပေမယ့် Bloomberg ရဲ့  Billionaires Index  ကတော့ 6.15 billion ထက် တောင် ပိုတယ်လို့ သူ့ရဲ့ ချမ်းသာမှုကို ခန့်မှန်း ပြောဆို ခဲ့ပါတယ်။

George Lucas

 

View this post on Instagram

 

16 years ago today, Hayden Christensen donned Darth Vader’s iconic armor for the first time on the set of Revenge of the Sith!

A post shared by Lucasfilm (@lucasfilm) on

Star Wars နဲ့  Indiana Jones  တို့ကို ဖန်တီးသူ George Lucas ကတော့ 5.2 billion ချမ်းသာ တယ်လို့ Forbes က ပြောပါတယ်။သူ့ရဲ့ production studio Lucasfilm  ကို Disney ကို (၂၀၁၂) တုန်းက ငွေ သားနဲ့ ရော ရှယ်ယာ နဲ့ပါ  ဒေါ်လာ (၄.၀၅)ဘီလီယံ နဲ့ ရောင်းလိုက်တာပါ။သူ့ရဲ့ ပိုက်ဆံ အများစု ကတော့ ဒီ အရောင်း အ၀ယ် က နေ ရခဲ့တာပါ။Forbes ကတော့ $5.2  ဘီလီယံ ချမ်းသာတယ် ပြော ပေမယ့်လည်း Bloomberg Billionaires Index မှာတော့ (၆.၇၆)ဘီလီယံ ချမ်းသာတယ်ဆိုပြီး သူ့ရဲ့ ချမ်းသားမှု နဲ့ ပတ်သက်ပြီး ကွဲ ပြား စွာ ဖော်ပြ ခဲ့ကြပါတယ်။

Jay-Z

Jay-Z က တော့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှု တွေ ကြောင့် ကမ္ဘာ့ ပထမဆုံး ရက်ပ်ပါ ဘီလီယံ နာ ဖြစ်လာ ခဲ့တာပါ။ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ချမ်းသာပါတယ်။အရင်တုန်းက  တော့ သူ့ရဲ့ အယ်ဘမ် တွေ က နေ ဒေါ်လာ သန်း (၅၀၀) ချမ်းသာ လာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဂီတ အပြင် clothing line တစ်ခု ကို ထူထောင် ဖန်တီးပြီး  (၂၀၀၇)မှာတော့ Iconix ကို အမေရိကန်ဒေါ်လာ (၂၀၄)သန်းနဲ့ ရောင်းလိုက်ပါတယ်။သူဟာ  D’Ussé ရဲ့ ပူးတွဲ ပိုင်ရှင် တစ်ယောက်ပါ။ဒါ့အပြင်  music streaming service Tidal ကိုလည်း ပိုင်ပါတယ်။Jay-Z မှာတော့ ဒေါ်လာ သန်း (၇၀)တန်တဲ့ private art collection ၊ဒေါ်လာ သန်း (၇၀) တန်တဲ့ Uber  ရှယ်ယာ တွေ၊ ဒေါ်လာ သန်း (၅၀)တန်တဲ့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလည်းရှိပါတယ်။သူချမ်းသာလာရတဲ့  အ ကြောင်းအရင်းက တော့ သူ့ရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အကွက်မြင်မှု တွေ ကြောင့်ပါ။

READ
လိင်အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုမှာ ပါဝင်ပေးခဲ့တဲ့ သက်မွန်မြင့်

Oprah Winfrey

မီဒီယာဂုရုကြီး၊ မီဒီယာ ဘွားအေ ကြီး Oprah Winfrey က တော့ Single Mother တစ်ယောက် က Missi ssippi မှာ မွေးခဲ့တာပါ။သတင်းကြေညာသူ အဖြစ် နဲ့ မီဒီယာ လောကထဲ စ ရောက်ခဲ့ပြီး အခုတော့  The Oprah Winfrey Show ရဲ့ Host အဖြစ် ဆောင်ရွက် နေပါတယ်။Show က ရတဲ့ အကျိုးအမြတ် တွေ ကို အကြံ ကောင်းဥာဏ် ကောင်းနဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်ခဲ့ လို့ အမေရိကန်ဒေါ်လာ (၂)ဘီလီယံ ချမ်းသာ လာခဲ့တာပါ။ (၂၀၀၃)တည်က ဘီလီယံနာ စ ဖြစ်ခဲ့တာပါ။Oprah Winfrey Network (OWN) ရဲ့ (၂၅.၅) ရာခိုင်နှုန်း ကို ပိုင် သလို WW International ရဲ့ (၈)ရာခိုင်နှုန်း ကိုပိုင်သလို Apple TV+ နဲ့လည်း  content creation  သဘော တူ စာချုပ်ရှိပါတယ်။

READ
ပထမကိုယ်ဝန်ပျက်ကျဖူးတဲ့ အကြောင်းပြောရင်း မျက်ရည်ကျခဲ့တဲ့ Chompoo Araya

Kanye West

 

View this post on Instagram

 

Which outfit are you rocking first when things go back to normal? . Pick one! #kanyewest

A post shared by Kanye West (@kanyew.est) on

Kanye West  ကတော့ အသက် (၄၂)နှစ်ပါ။သူ့ရဲ့ ချမ်းသာကြွယ်ဝမှု ပမာဏ နဲ့ ပတ်သက်ပြီး အငြင်း ပွားမှု တွေရှိ နေပါတယ်။နာမည်ကြီး အယ်ဘမ် တွေ ကြောင့် တင်မဟုတ်ပဲ streetwear brand Yeezy ကြောင့် ဘီလီယံ နာ ဘ၀ကို ရောက်ခဲ့ရတာလို့ Forbes က ပြောပါတယ်။သူ့ရဲ့ ချမ်းသာကြွယ်ဝမှု ကတော့ အမေရိကန် ဒေါ်လာ (၁.၃) ဘီလီယံ ရှိပါတယ်။ဒါပေမယ့် လည်း Kanye West  ကတော့ သူ့ရဲ့ ချမ်းသာကြွယ်ဝမှု ကတော့  အမေရိကန် ဒေါ်လာ (၃.၃)ဘီလီယံ လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Flashback

A post shared by Kim Kardashian West (@kimkardashian) on

 Kylie Jenner

 

View this post on Instagram

 

hi

A post shared by Kylie (@kyliejenner) on

Social media star ဘ၀ က နေ အလှအပ ဆိုင်ရာ ကုန် ပစ္စည်းရဲ့ သူဌေးမ ကြီး ဘ၀ကို ရောက်ခဲ့တာပါ။သူမ ကတော့ အသက် အငယ်ဆုံးဘီလီယံနာ စာရင်းမှာ နှစ်နှစ်ဆက်တိုက် ပါဝင်ခဲ့တာပါ။အသက် (၂၂)နှစ်နဲ့ ဘီလီယံ နာ ဖြစ် နေတာ ပါ။သူမရဲ့ ပိုင်ဆိုင်မှု က တော့ အမေရိကန်ဒေါ်လာ တစ်ဘီလီယံပါ။(၂၀၁၉)မတ် မှာတော့ ကိုယ့်ဒူး ကိုယ် ချွန် ချမ်းသာတဲ့ အသက်အငယ်ဆုံး ဘီလီယံ နာ စာရင်းဝင်ခဲ့တာပါ။အဲ့ဒီတုန်းက သူမရဲ့ အသက်က (၂၁)ပါ။(၂၀၂၀) သူမ  အသက် (၂၂)နှစ်မှာလည်း အဲ့ဒီစာရင်းမှာ ထပ်ပြီး ပါဝင်ခဲ့တာပါ။Kylie Cosmetics ကြောင့် ဘီလီယံ နာဖြစ်လာတာပါ။

 

View this post on Instagram

 

oops not supposed to be showing you guys the new cozy skims ‍♀️

A post shared by Kylie (@kyliejenner) on

 

#SHWEMOM

SHARE