အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ ကော်ဖီ scrub လုပ်နည်း

လူအများစု အသည်းစွဲ နှစ်ခြိုက်ပြီး စွဲစွဲလမ်းလမ်း သောက်သုံးလေ့ရှိတဲ့ ကော်ဖီမှာ အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေ လည်း ရှိပါတယ်။ အလှကုန်ပစ္စည်းများရဲ့ ပါဝင်ပစ္စည်းအဖြစ် မြင်ရမယ့် ကော်ဖီကို ဆဲလ်သေတွေ ဖယ်ရှားရှင်းလင်းပြီး ကြည်လင်ဝင်းဖန့်တဲ့ အသားအရေ ရရှိဖို့ scrub ပြုလုပ်ရာမှာ အသုံးပြုလေ့ ရှိကြပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်း ဓာတ်ဟာ အဆီပိုတွေကို ချေဖျက်တိုက်ခိုက်ပေးနိုင်လို့ အသားအရေကို ပိုမိုကျစ်လျစ်လှပစေနိုင်ပြီး အရေပြားပေါ်က အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်လို့ ပိုမိုဝင်းမွတ်တောက်ပတဲ့ အသားအရေအလှကို ရရှိစေနိုင်ပါ တယ်။

ကော်ဖီ scrub ပြုလုပ်ရန် ပါဝင်ပစ္စည်းများ

  • ကြိတ်ခွဲထားသော ကော်ဖီအမှုန့်စစ်စစ် – တစ်ခွက်
  • ပြုပြင်ထားခြင်းမရှိတဲ့ သဘာဝ ဆား သို့မဟုတ် သကြား – တစ်ခွက်
  • ကိုကိုးမှုန့် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • Almond oil – ခွက်တစ်ဝက်
  • ပျားရည် – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ပြုလုပ်ပုံ
    1. ပါဝင်ပစ္စည်း အမှုန့်များအားလုံးကို ပန်းကန်လုံးတစ်ခုတည်းမှာ ထည့်မွှေပါ။ ကြိတ်ချေထားတဲ့ ကော်ဖီမှုန့်၊ ဆား သို့မဟုတ် သကြားနဲ့ ကိုကိုးမှုန့်တွေကို ပန်းကန်လုံးထဲသို့ ရောထည့်လိုက်ပါ။
    2. အဆီနဲ့ ပျားရည် ထည့်ပါ။
    3. အားလုံးကို ရောမွှေလိုက်ပါ။ သေချာစွာ သမသွားအောင် ယောက်မအသေး သို့မဟုတ် ဇွန်းအသေးလေးနဲ့ စိတ်ရှည်ရှည် မွှေပါ။
    4. ၄င်းမွှေပြီးသားကို ဖန်ပုလင်းတစ်ခုထဲသို့ ထည့်ပါ။ scrub တွေ ခြောက်ခန်းမသွားနိုင်အောင် လေလုံတဲ့ ဖန်ပုလင်းကို အသုံးပြုပါ။
    5. သုံးစွဲရန် အသင့်ဖြစ်ပါပြီ။ ရေချိုးခါနီးအချိန်မှာ ဖန်ပုလင်းထဲမှာ အသင့်ပြုလုပ်ထားတဲ့ ကော်ဖီ scrub လက်တစ်ခုပ်ကို ယူပြီး ခန္ဓ္ဓာကိုယ်အနှံ့ကို ပွတ်သပ်လိမ်းကျံပေးပါ။ ညင်သာစွာ နှိပ်နယ်ပေးပြီးတဲ့နောက် ရေဖြင့် ပြောင်စင်အောင် ဆေးချပါ။ နူးညံ့ချောမွေ့ပြီး ၀င်းဖန့်ကြည်စင်တဲ့ အသားအရေကို ရရှိပါလိမ့်မယ်။
SHARE