ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေမယ့် အိမ်တွင်းကုထုံးများ

ချောင်းဆိုးခြင်းဟာလူတွေအဖြစ်အများဆုံးကျန်းမာရေးပြဿနာတွေထဲကတစ်ခုဖြစ်ပါတယ်။လည်ချောင်းထဲမှာကသိကအောက်ခံစားရတဲ့အခါဒါမှမဟုတ်လေထဲကနေတစ်ဆင့်ပါလာတဲ့အမှုန်အမွှားတွေကိုရှူရှိုက်မိတဲ့အခါ ချောင်းဆိုးလေ့ရှိပါတယ်။အကြောင်းကတော့ရှူရှိုက်မိလိုက်တဲ့အရာတွေကိုဦးနှောက်ကလက်မခံနိုင်စရာအရာတွေအဖြစ်သတ်မှတ်ပြီး ချောင်းဆိုးခြင်းဖြင့်တုန့်ပြန်ဖယ်ရှားနိုင်အောင်ခနာကိုယ်ကို သတင်းပို့တဲ့အတွက်ဖြစ်ပါတယ်။

ပိုးမွှားတွေကြောင့်သော်လည်းကောင်း၊ရာသီဥတုအအေးဓာတ်ကြောင့်သော်လည်းကောင်းတခြားပန်းနာရင်ကြပ်ရောဂါ၊တီဘီရောဂါနဲ့အဆုတ်ကင်ဆာရောဂါတွေကြောင့်ချောင်းခြောက်ဆိုးလေ့ရှိပါတယ်။ဒီချောင်းခြောက်ဆိုးကြောင့်လည်ချောင်းယားယံခြင်း၊ရင်ဘတ်နာကျင်ခြင်းတို့ခံစားရပါတယ်။အခုဖော်ပြပေးမယ့်အကြောင်းအရာကတော့ဒီချောင်းခြောက်ဆိုးခြင်းကိုသက်သာပျောက်ကင်းစေနိုင်တဲ့ လွယ်ကူရိုးရှင်း အိမ်တွင်းကုထုံးလေးတွေအကြောင်းပဲဖြစ်ပါတယ်။

၁)ဂျင်း

ဂျင်းဟာ ချောင်းဆိုးတာကိုသက်သာပျောက်ကင်းစေတဲ့သဘာဆေးဘက်ဝင်ပစ္စည်းဖြစ်ပါတယ်။ဂျင်းကိုတစ်ခါသောက်ပမာဏခန့်ခပ်ပါးပါးလှီးပြီး ရေနွေးဆူဆူမှာထည့်ပြုတ်ပါ။ရလာတဲ့ဂျင်းပြုတ်ရေကို ချောင်းဆိုးတဲ့အနေအထားပေါ်မူတည်ပြီးတစ်နေ့ကို သုံးကြိမ်ကနေ လေးကြိမ်အထိသောက်ပေးပါ။ချောင်းအဆက်မပြတ်ဆိုးခြင်းနဲ့လည်ပင်းအတွင်းကြပ်သိပ်စွာခံစားရခြင်းတို့ကိုသက်သာပျောက်ကင်းစေပါတယ်။ဖြစ်နိုင်ရင်ဂျင်းကိုလတ်လတ်ဆက်ဆက်ဝါးစားတာမျိုးလုပ်ပေးနိုင်ရင် ချောင်းဆိုးတာချက်ချင်းပျောက်ကင်းစေနိုင်ပါတယ်။

၂)ကြက်သွန်ဖြူ

ချောင်းဆိုးသက်သာပျောက်ကင်းစေဖို့ ကြက်သွန်ဖြူကိုဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ဆေးနည်းကတော့ကြက်သွန်ဖြူကို ထက်ခြမ်းခွဲတာပဲဖြစ်ဖြစ်၊ဖိချေတာပဲဖြစ်ဖြစ် ပြုလုပ်ပြီးပျားရည်အနည်းငယ်နဲ့စားသုံးပေးနိုင်ပါတယ်။ဟင်းချက်တဲ့အခါကြက်သွန်ဖြူထည့်ချက်စားသုံးခြင်းဖြင့်လည်း ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

၃)သံပုရာသီး

သံပုရာသီးကလည်း ချောင်းဆိုးခြင်းကိုကုသဖို့ အကောင်းဆုံးကုန်ကြမ်းတစ်ခုဖြစ်ပါတယ်။သံပုရာသီးမှာ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ဗီတာမင် စီလိုအစွမ်းထက်ဓာတ်တွေပါဝင်ပါတယ်။ဆေးနည်းကတော့ သံပုရာရည် စားပွဲဇွန်းနှစ်ဇွန်းနဲ့ ပျားရည်စားပွဲဇွန်းတစ်ဇွန်းတို့ကိုရောစပ်ပြီး  တစ်နှေ့လျှင် ချောင်းဆိုးတဲ့အခါတိုင်းသောက်ပေးနိုင်ပါတယ်။

၎)စပျစ်သီး

စပျစ်သီးဟာချွဲဟပ်တာမျိုးကိုဖြစ်စေပါတယ်။ချွဲ၊သလိပ်ဖြစ်ပေါ်မှုကိုလည်းနည်းစေပါတယ်။လတ်လတ်ဆက်ဆက်စပျစ်သီးကိုဒီတိုင်းစားတာပဲဖြစ်ဖြစ်၊အရည်ဖျော်သောက်တာပဲဖြစ်ဖြစ် ချောင်းဆိုးပျောက်ကင်းဖို့နည်းလမ်းကောင်းပဲဖြစ်ပါတယ်။စပျစ်သီးကိုဖျော်သောက်တဲ့အခါပျားရည်အနည်းငယ်ထည့်ပြီးဖျော်သောက်မယ်ဆိုရင် ချောင်းဆိုးတာကိုလျှင်မြန်စွာသက်သာပျောက်ကင်းစေပါတယ်။

၅)မုန်လာဥနီ

မုန်လာဥနီမှာဗီတာမင်ဓာတ်တွေများစွာပါဝင်ပါတယ်။မုန်လာဥနီဟာချောင်းဆိုးတာကိုသက်သာပျောက်ကင်းစေတဲ့ ဆေးဖက်ဝင်သစ်ဥသစ်ဖုအနွယ်ဝင်တစ်မျိုးဖြစ်ပါတယ်။မုန်လာဥနီလတ်လတ်ဆက်ဆက်ကိုအစိမ်းအတိုင်းစားနိုင်သလို ဖျော်ရည်အဖြစ်လည်းပြင်ဆင်သောက်သုံးနိုင်ပါတယ်။ပျားရည်အနည်းငယ်ရောပြီး ဖျော်ထားတဲ့မုန်လာဥနီဖျော်ရည်ကိုတစ်နေ့ကိုသုံးကြိမ်ထက်မနည်းသောက်သုံးပေးမယ်ဆိုရင် ချောင်းဆိုတာကို သက်သာပျောက်ကင်းမှာဖြစ်ပါတယ်။

ChoChoThan(Shwemom)

Ref: top10homeremedies.com

SHARE