ဒူးမည်း၊ တံတောင်ဆစ်မည်းနေတဲ့ ပျိုမေများအတွက် သဘာဝနည်းလမ်းကောင်း (၅) မျိုး

ပျိုမေတို့က မိန်းကလေးတွေဖြစ်နေတဲ့အတွက် အလှအပကို ဂရုစိုက်သင့်ပါတယ်။ မိန်းကလေးတစ်ယောက်အတွက် ဒူးဆစ်မည်း၊ တံတောင်ဆစ်မည်း နေတာတွေက ကြည့်ရမကောင်းပါဘူး။ အဲ့ဒါကြောင့် ဒီနည်းလေးတွေကို စမ်းလုပ်ကြည့်ပြီး လှပပြီး ဖြူဖွေးတဲ့ ခြေသလုံးလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

(၁) လီမွန် (Lemon)

လီမွန်ကို ဘာကြောင့်သုံးခိုင်းတာလဲဆိုတော့ သူမှာ ပါဝင်တဲ့ ဗီတာမင် စီ ကအသားရေကိုဖြူပြီး နုစေလို့ပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားရေကို ၀င်းစေလို့ပါ။

  • လီမွန်ရည်ကို တံတောင်ဆစ်နဲ့ ဒူး ကို လိမ်းပေးပြီး မိနစ်အနည်းငယ်ကြာအောင် message လုပ်ပေးပါ။ မိနစ် (၂၀) ကြာအောင် ဒီအတိုင်းထားပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ဆေးချပြီး lotion လေးလိမ်းပေးလိုက်ပါ။
  • လီမွန်သီး တစ်လုံးကို အရည်ညှစ်ပြီး ပျားရည်ကို စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီးရောပေးပါ။ ပြီးရင် မည်းနေတဲ့တံတောင်ဆစ်နဲ့ ဒူးနေရာကို လိမ်းပေးပြီး မိနစ် (၂၀) ကြာထားထားလိုက်ပါ။ ပြီးရင်တော့ ရေဆေးချပါ။

(၂) ဒိန်ချဉ်

ဒိန်ချဉ်မှာပါတဲ့ အချဉ်ဖောက်ထားတဲ့ဓာတ်က အသားရေကိုကောင်းစေပါတယ်။ အသားရေကို သန့်စေပြီး စိုလည်းစိုစေပါတယ်။

  • ရိုးရိုးဒိန်ချဉ် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) နဲ့ vinegar တို့ကို နဲနဲပျစ်အောင် ရောလိုက်ပါ။ ပြီးရင် မည်းနေတဲ့တံတောင်ဆစ်နဲ့ ဒူးနေရာတို့ကို လိမ်းပေးပြီး အခြောက်ခံလိုက်ပါ။ ပြီးရင် ရေနွေးလေးနဲ့ဆေးချပြီး ရေခြောက်အောင်သုတ်လိုက်ပါ။ ပြီးရင်တော့ moisturizer တစ်ခုကိုလိမ်းပေးပါ။ အဲ့ဒါကို နေ့တိုင်း ပုံမှန်လုပ်ပေးပါ။
  • နောက်တစ်နည်းက ကုလားပဲမူန့် (စားပွဲတင်ဇွန်း ၂ ဇွန်း) နဲ့ ရိုးရိုးဒိန်ချဉ် (စားပွဲတင်ဇွန်း ၁ ဇွန်း) တို့ကို ခပ်ပျစ်ပျစ် အနေအထားရအောင် ရောလိုက်ပါ။ ပြီးရင် မည်းနေတဲ့တံတောင်ဆစ်နဲ့ ဒူးနေရာတို့ကို မိနစ်၂၀ ကြာလိမ်းပေးပြီး ထားလိုက်ပါ။ ပြီးရင်တော့ လက်ကိုရေစွတ်ပြီး ဖယ်လိုက်ပါ။ ပြီးရင်ရေနဲ့ဆေးချလိုက်ပါ။ အဲ့လိုမျိုးကို တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်လုပ်ပေးပါ။
READ
တင်ပါးဆုံမှာ ၀က်ခြံ၊အစက်အပြောက်တွေဖြစ်ပေါ်ရတဲ့ အကြောင်းအရင်းနဲ့ကာကွယ်နည်း

(၃) သကြား

တံတောင်ဆစ်နဲ့ ဒူးတွေမည်းနေတာကို ပျောက်ချင်တယ်ဆိုရင်တော့ အိမ်လုပ် Sugar Scrub တို့ကို အသုံးပြုပေးပါ။ သကြားက အသားရေကိုနူးညံ့စေလို့ပါ။

  • သကြားနဲ့ olive oil တို့ကို အချိုးအစားတူထည့်ပြီးရောလိုက်ပါ။
  • Sugar Scrub ကို တံတောင်ဆစ်နဲ့ ဒူးနေရာကို ၅မိနစ်ကြာ ပွတ်ပေးပါ။
  • ပြီးရင် ဆပ်ပြာနဲ့ရေနွေးတို့ဖြင့် ဆေးချလိုက်ပါ။
  • တစ်နေ့ တစ်ကြိမ်လောက်လုပ်ပေးပါ။
  • အပတ်တိုင်းကိုလုပ်ပေးပါ။

(၄) Baking Soda

Baking soda က အသားရေနဲ့ပတ်သက်ပြီး တော်တော် အသုံးဝင်တာကိုတွေ့ရပါတယ်။ သူကလည်း ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။

  • အနှစ်ဖြစ်အောင် နွားနို့နဲ့ baking soda ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီရောပေးပါ။
  • ပြီးရင် မည်းနေတဲ့တံတောင်ဆစ်နဲ့ ဒူးနေရာတို့ကို အဲ့ဒီ အနှစ်နဲ့ ၂မိနစ်၊ ၃မိနစ်ကြာအောင်ပွတ်ပေးပါ။
  • ရေနွေးနဲ့ ဆေးပေးပြီး ရေခြောက်အောင်သုတ်လိုက်ပါ။
  • နေတိုင်းလုပ်ပေးပါ။
READ
ချိုင်းကြားက အဆီတွေကို ရှင်းထုတ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းများ

(၅) သခွားသီး

သခွားက ခန္ဓာကိုယ်အသားမညီတာတွေကို ညှိပေးပြီး အသားရည်ကိုလှစေပါတယ်။

  • သခွားသီးကို ထူထူလှီးပေးပြီး သခွားသီးနဲ့ မည်းနေတဲ့တံတောင်ဆစ်နဲ့ ဒူးနေရာတို့ကို ၁၀ မိနစ်ကြာအောင် ပွတ်ပေးပါ။ ပွတ်ပြီးရင် နောက်ထပ် ၅မိနစ် ဒီအတိုင်းထားထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးပေးပါ။ ဒီနည်းကို နေတိုင်းလုပ်ပါ။

ပျိုမေတိုင်းလှပတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE