အရွယ်တင်နုပျိုပြီး လှပတဲ့အသားရည်လေးကို ရရှိစေမယ့် ညလိမ်းခရင်မ်ပြုလုပ်နည်း

အခုဖော်ပြပေးမှာကတော့ အသားအရည်ကို အရွယ်တင်နုပျိုစေပြီး လှပတဲ့ အသားအရည်ကို ရရှိစေမယ့် ညလိမ်းခရင်မ် ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။ ညအိပ်ရာဝင်ခါနီးတိုင်းလိမ်းပေးခြင်းဖြင့် တစ်လအတွင်း လူတိုင်းငေးမောရမယ့် မျက်နှာလေးကို ရရှိမှာဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ
  • ပန်းသီးနှစ်လုံး
  • Rosewater ၅ ဇွန်း
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်

  • ပန်းသီးကို နှစ်ခြမ်းခြမ်းပြီး အစေ့တွေကို ဖယ်ထုတ်လိုက်ပါ။
  • ပြီးလျှင် အစိတ်သေးသေးလေးတွေ စိတ်ပြီး သံလွင်ဆီနှင့် ကြေညက်စွာရောကြိတ်လိုက်ပါ။
  • ရလာတဲ့အနှစ်ကို အိုးထဲထည့်ပြီး မီးအေးအေးလေးနဲ့ အပူပေးပါ။
  • နွေးလာပြီဆိုရင်မီးဖိုပေါ်ကချပြီး rosewater နဲ့ရောလိုက်ပါ။
  • ပြီးရင် ဘူးတစ်ခုခုထဲထည့်ပြီး အအေးခံလိုက်ပါ။
  • ရေခဲသေတ္တာထဲမှာထားပြီး ငါးရက်လောက် အသုံးပြုလို့ရပါတယ်။
  • ညတိုင်းလိမ်းပေးခြင်းဖြင့် တစ်လအတွင်း လှပပြီး လူတိုင်းငေးမောရတဲ့ အသားအရည်လေးကို ရယူပိုင်ဆိုင်နိုင်ပါပြီ။
READ
အလှအပနှင့်ပတ်သက်၍ လူသိနည်းထူးခြားကောင်းမွန်သော လျှို့ဝှက်နည်းလမ်းကောင်းများ

Em Em (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE