သွားကိုက်ခြင်းကို ဘယ်လိုအိမ်တွင်းကုထုံးတွေကသက်သာပျောက်ကင်းစေသလဲ

သွားကိုက်ဝေဒနာဟာအလွန်စိတ်ကသိကအောက်ခံစားရတဲ့ဝေဒနာတစ်ခုပါ။သွားကြောင့်ဖြစ်တယ်ဆိုပေမယ့် မေးရိုးနာကျင်မှုကိုပါခံစားရစေပါတယ်။အထူးသဖြင့်သွားပိုးစားတာ၊မေးရိုးမှာပြဿနာရှိတာ၊သွားအခြေတွေပေါ်လာတာ၊သွားဖုံးအစေးထွက်တာတွေကြောင့် သွားကိုက်ဝေဒနာကိုခံစားရခြင်းဖြစ်ပါတယ်။သွားကိုက်ဝေဒနာခံစားရပြီဆိုရင် အခြေအနေမဆိုးရွားလာခင် အမြန်ဆုံးသက်သာပျောက်ကင်းအောင်လုပ်သင့်ပါတယ်။အဲဒီအတွက်အသုံးဝင်မယ့်အိမ်တွင်းကုထုံးလေးတွေကိုShwemomပရိသတ်ကြီးအတွက်စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဆားနှင့်ငရုတ်ကောင်းမှုန့်

ဆားနဲ့ငရုတ်ကောင်းမှုန့်ဟာသွားကိုက်ဝေဒနာကိုကုသရာမှာထိရောက်တဲ့အကိုက်အခဲပျောက်ဆေးပဲဖြစ်ပါတယ်။ဒါကြောင့် သွားကိုက်ဝေဒနာခံစားရရင်ဆားနဲ့ငရုတ်ကောင်းမှုန့်ကို ရေဖျော်ပြီးကိုက်နေတဲ့သွားအခြေတွေကိုသိပ်ပေးပါ။သိသိသာသာပျောက်ကင်းသွားပါလိမ့်မယ်။သွားကိုက်တာ ရှင်းရှင်းလင်းလင်းမပျောက်မချင်းနေ့စဉ်လုပ်ပေးပါ။

လေးညှင်း

 

ဘယဆေးဆိုင်တွေမှာအလွယ်တကူဝယ်ယူရရှိနိုင်တဲ့လေးညှင်းကလည်းသွားကိုက်ဝေဒနာပျောက်ကင်းစေတဲ့ကုန်ကြမ်းတစ်မျိုးဖြစ်ပါတယ်။သွားကိုက်ခြင်းကြောင့်ရောဂါပိုးကူးစက်ခံရခြင်းကိုလည်းလျော့နည်းစေပါတယ်။လေးညှင်းကိုအမှုန့်ကြိတ်ပြီး သံလွင်ဆီဒါမှမဟုတ်ဟင်းသီးဟင်းရွက်အဆီတစ်မျိုးမျိုးနဲ့ရောစပ်ပြီးကိုက်တဲ့သွားနေရာကိုသိပ်ပေးပါ။ဒါ့အပြင် ရေထဲကို လေးညှင်းမှုန့်များထည့်ပြီးအဲဒီရေနဲ့ပါးစပ်ဆေးပေးပါ။အာလုတ်ကျင်းပေးပါ။သွားကိုက်ဝေဒနာသက်သာပျောက်ကင်းသွားပါလိမ့်မယ်။

ကြက်သွန်နီ

ကြက်သွန်နီကို အစိမ်းအတိုင်းဝါးစားပေးခြင်းအားဖြင့်လည်း သွားကိုက်ခြင်းကိုသက်သာစေနိုင်သလိုသွားဖုံးအစေးထွက်ခြင်း၊ နာကျင်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။

မာလကာရွက်

မာလကာရွက်ကလည်းသွားကိုက်ဝေဒနာအတွက်အကောင်းဆုံးဆေးနည်းဖြစ်ပါတယ်။မာလကာရွက်ကိုရေစင်အောင်ဆေးပြီးကိုက်နေတဲ့သွားနဲ့ဝါးပေးနိုင်သလိုအရွက်ကို ပြုတ်ပြီးရလာတဲ့မာလကာရွက်ပြုတ်ရေကိုဆားအနည်းငယ်ခတ်ပြီးပါးစပ်ဆေးခြင်း အာလုတ်ကျင်းခြင်းတို့ပြုလုပ်နိုင်ပါတယ်။သွားကိုက်ဝေဒနာသက်သာပျောက်ကင်းစေမှာပါ။

ကြက်သွန်မြိတ်

သွားကိုက်ဝေဒနာကိုကုသဖို့ ဖော်ပြပေးချင်တဲ့ နောက်ထပ်ဆေးနည်းကတော့ကြက်သွန်မြိတ်ရည်ပဲဖြစ်ပါတယ်။ကြက်သွန်မြိတ်ကိုအရည်ဖျော်ပြီးပါးစပ်ဆေးပေးရမှာပါ။ဒါမှမဟုတ်ဒီတိုင်းဝါးပေးမယ်ဆိုရင်လည်းသွားကိုက်ဝေဒနာကိုအမြန်ဆုံးသက်သာပျောက်ကင်းစေမှာပါ။

ဆားရေနွေး

သွားကိုက်ဝေဒနာကိုပျောက်ကင်းစေတဲ့နောက်ထပ်ရိုးရိုးရှင်းရှင်းနည်းလမ်းလေးကတော့ ရေနွေးနွေးမှာဆားထည့်ဖျော်ပြီးအဲဒီဆားရည်နဲ့ပါးစပ်ဆေး၊အာလုတ်ကျင်းပေးရုံပါပဲ။ဒီဆေးနည်းကတော့သွားကိုက်နေစဉ်မှာဘက်တီးရီးယားပိုးတွေကြောင့် ရောဂါကူးစက်ခံရမှုကိုကာကွယ်နိုင်ပြီး သွားဖုံးရောင်ခြင်း၊သွားကိုက်ခြင်းကိုသက်သာစေပါတယ်။

ChoChoThan(Shwemom)

Ref: top10homeremedies.com

SHARE