ဗောက်တွေကို အပြတ်ရှင်းပေးနိုင်တဲ့ သဘာဝ နည်းလမ်း(၅)မျိုး

Image:freepik.com/maksymiv-yura

ဗောက်ဆိုတာက Malassezia  လို့ ခေါ် တဲ့ မှို ရောဂါ တစ်မျိုးဖြစ်ပြီး ဦးရေပြားမှာ မှို စွဲ ကပ် တာလို့ အလွယ် ပြော လို့ရပါတယ်။ဗောက် ထ ပြီ ဆိုရင် တော့ ဦးရေပြား ပျက်စီး ခြောက် သွေ့ လာ မျိုးတွေ ဖြစ် စေပါတယ်။နောက်တစ်ခု က တော့ ဦးရေပြား က နေ ဆီ တွေ ထွက် လာ တော့ ဆံပင် က ကပ် စေးစေး ကြီး ဖြစ် နေတဲ့ အပြင် ခေါင်း ပေါ် က ဗောက် တွေ ကြည့် အမြင်လည်း ဆိုးစေပါတယ်။ဗောက်ထ ရတဲ့ အကြောင်းအရင်းတွေ အများကြီးပါ။အဲ့ဒီအထဲမှာ တော့ ဆံပင်ကို သေချာ ပုံမှန် မလျှော်တာ၊ရှန်ပူ ရွေးချယ်မှု မှားတာ၊စိတ်ဖိစီးတာ.. အစရှိတာတွေ ကြောင့်ပါ။ဗောက်ပြဿနာကို ဖြေရှင်းလို့ ရတဲ့ သဘာဝ နည်းတွေ အကြောင်းကိုတော့ medlife မှာ ခုလို ဖော်ပြထားပါတယ်။

ရှာလကာ ရည်

Image:freepik.com/suriyayapin

ရှာလကာရည် လက်ဖက်ရည်ခွက် သေး နှစ်ခွက်၊ရေ တစ်ခွက် လိုပါတယ်။ပြီးရင် တော့ ရေနဲ့ ရှာလကာ ရည်ကို ဆူအောင် တည်ပါ။ဆူလာရင် တော့ မီးပိတ် ခဏ အအေးခံ ထားလိုက်ပါ။ပြီးရင် တော့ ဦးရေ ပြား ကို လိမ်းပေး ပါ။၁၅ မိနစ် လောက် ထားပြီး ရင် တော့ ခေါင်း ပြန် လျှော်လိုက်ပါ။ရှာလကာရည်က တော့ ဦးရေပြားေ ခြာက် သွေ့ တာ နဲ့ ယားယံ တာတွေ အတွက် ကောင်းပါတယ်။

READ
သင့်သွားလေးတွေကို တဖြည်းဖြည်းဝါစေနိုင်မယ့် အမှတ်တမဲ့အမူအကျင့် ၇ ခု

အုန်းဆီနဲ့ သံပရာ ရည်

Image:freepik.com/maksymiv-yura

အုန်းဆီက တော့ ဆံပင် တွေကို အာဟာရ ပြည့် သန်စွမ်း လာစေပါတယ်။အုန်းဆီနဲ့ သံပုရာ ရည်  အနည်းငယ်ကို ရောပြီး ဗောက် ထ နေတဲ့ ဦးရေ ပြားကို လိမ်း ပေး ရုံပါပဲ။အုန်းဆီ လက်ဖက်ရည် နှစ်ဇွန်းနဲ့ သံပရာ ရည် အနည်းငယ်ကို ရော မွှေပါ။ပြီးရင် တော့ ခေါင်းမှာ မိနစ် ၂၀ ကြာ လိမ်း ပြီး ခေါင်းပြန် လျှော် ချ လိုက်ရုံ ပါပဲ။

လိမ္မော် ခွံ

Image:freepik.com/kittima05

နောက်တစ်ခုက တော့ လိမ္မော် ခွံပါ။သူကလည်း ဗောက် ပျောက် စေတဲ့ အလွယ်ဆုံး နည်းပါ။လိမ္မော် ခွံ တွေ ယူ ပါ။ပြီးရင် တော့ သံပရာရည် အနည်းငယ် ညှစ်ပြီး  ၊ပြီးရင် တော့ Blander ထဲ ထည့် မွှေ လိုက်ပါ။ရလာတဲ့ အရည်ပျစ်ပျစ်ကို တော့  ဆံပင် နဲ့ ဦးရေပြား မှာ နှံ့ အောင် လိမ်းပါ။မိနစ် (၂၀) လောက်ကြာ ရင် တော့ ခေါင်း ပြန် လျှော်လိုက်ပါ။

READ
နေရာရှုထောင့် တူညီတဲ့ ပုံတွေကို စုစည်းပြီး ခံစားမှုအားတွေကို လှုံ့ဆော်ပေးခဲ့တဲ့ မီဒီယာတစ်ခု

 

ကြက်ဥ

Image:freepik.com/4045

ကြက်ဥ က တော့ ဆံပင် အတွက် တကယ့် အားဆေးပါ။ဆံပင်ကို ကြက်ဥ နဲ့ ပုံမှန် ပေါင်းတင် ပေးရင် အရမ်း ကောင်းပါတယ်။ဗောက် အတွက်က တော့ ကြက် ဥ အကာ  ကို ဖယ်ပြီး အနှစ်ကို ယူပါ။ပြီးရင် တော့ အဲ့ အနှစ်ကို ဦးရေပြား နှံ့ အောင် သေချာ လိမ်း ပေးပါ။ပြီးရင်တော့ ရေချိုးရင် သုံးတဲ့ ခေါင်းစွပ် ၊ခေါင်းစွပ် မရှိလဲ ပလတ်စတစ် အိတ် နဲ့ပဲ ဖြစ်ဖြစ် ခေါင်းကို ခဏ ပေါင်း ထား ပေးပါ။နာရီဝက် မိနစ် ၂၀ လောက် နေရင် တော့ ခေါင်းပြန် လျှော်လိုက်ပါ။တစ်ပတ် ကို နှစ်ကြိမ် လောက် တော့ လုပ် ပေးပါ။

သံလွင်ဆီ

Image:freepik.com/freepik

ဆံပင် အတွက် တော့ သဘာဝ ဆေးပါ။သံလွင်ဆီကို ခေါင်း မလျှော် ခင် မှာ ဆံပင်ကို သေချာ နှံ့ နေအောင် လိမ်းပေးပါ။ပြီးရင် (၁၀)မိနစ်လောက် ထားပြီး ရင် တော့ ခေါင်း လျှော် လိုက်ပါ။ဒီနည်းက တော့ ဗောက် မထ လည်း ဆံပင် သန်စွမ်း လှပ ချင်သူတိုင်းပုံမှန် လုပ်ပေး သင့်တဲ့ နည်းလမ်းပါ။

#SHWEMOM

SHARE