ဆောင်းရာသီမှာ အသားခြောက်တာတွေကို ဖယ်ရှားနိုင်မယ့် သဘာဝနည်းလမ်းတွေ

အသားရေခြောက်တတ်သူတွေက ဆောင်းရာသီမှာ အသားပိုခြောက်တတ်ကြပါတယ်။ သင့်အသားရေက ခြောက်တတ်တယ်ဆိုရင်တော့ ဒီနည်းတွေနဲ့ ဖယ်ရှားလို့ရပါတယ်။

၁။ ထောပတ်သီး 

ထောပတ်သီးက အသားအရေခြောက်တဲ့သူတွေအတွက် ကောင်းပါတယ်။ ထောပတ်သီးမှာ အသားအရေခြောက်ပြီးပျက်ဆီးတာတွေကို ပြန်ပြုပြင်ပေးတဲ့ ဗီတာမင် အီး ကြွယ်ဝစွာပါပါတယ်။

  • ထောပတ်သီးရဲ့ တစ်ဝက်ကို ဇွန်းနဲ့ခြစ်လိုက်ပါ။
  • ခြစ်ပြီးရင် ခရင်းနဲ့ချေလိုက်ပါ။
  • သဘာဝပျားရည် (လက်ဖက်ရည်ဇွန်း ၂ဇွန်း) နဲ့ ရောလိုက်ပါ။
  • ပြီးရင် အသားခြောက်နေတဲ့နေရာတွေကို လိမ်းလိုက်ပါ။
  • မိနစ် ၂၀ ထိထားပေးပြီး အ၀တ်စိုနဲ့ဖယ်လိုက်ပါ ။
  • တစ်ပတ်ကို တစ်ကြိမ် အသားရေချောလာတဲ့အထိလုပ်ပေးပါ။

၂။ ဒိန်ချဉ် 

ဒိန်ချဉ်ကတော့ အသားခြောက်တာတွေကို ဖယ်ရှားပေးမယ့် သဘာဝနည်းတစ်မျိုးပါပဲ။ ဒိန်ချဉ်မှာ အချဉ်ဓာတ်ပါနေလို့ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားခြောက်တာတွေကိုလည်း စိုလာစေပါတယ်။

  • ဒိန်ချဉ်ကို အသားခြောက်နေတဲ့ မျက်နှာ၊ ခြေသလုံးတွေမှာ လိမ်းပေးပါ။ ပြီးရင် အသာအယာ နှိပ်ပေးပါ။ ၁၀မိနစ်ထားပေးပါ။ ပြီးရင်တော့ ရေချိုးလိုက်ပါ။ ဒီနည်းကို တစ်ပတ် (၃)၊ (၄) ကြိမ်လောက်လုပ်ပေးပါ။
READ
အသက်၂၀ကျော်အရွယ်မှာ အသားရေလှပစေဖို့

၃။ Oatmeal

Oatmeal ကတော့ အသားရေအတွက် အရမ်းကိုအသုံးတည်တဲ့ သဘာဝနည်းလေးတစ်ခုပဲဖြစ်တယ်။ Oatmeal က ဆဲလ်သေတွေကိုဖယ်ရှားပေးတဲ့အပြင် အသားခြောက်တာတွေကိုပါ ဖယ်ရှားပေးပါတယ်။

  • Oatmeal (စားပွဲတင်ဇွန်း ၁ဇွန်း) ၊နွားနို့ (စားပွဲတင်ဇွန်း ၁ဇွန်း) နဲ့ ပျားရည် (စားပွဲတင်ဇွန်း ၂ဇွန်း)တို့ကို ရောပေးပါ။ ပြီးရင်တော့ အသားခြောက်တဲ့ နေရာကို လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပေးပါ။ ပြီးရင် ရေနွေးလေးနဲ့ဆေးလိုက်ပါ။ ဒီနည်းအတိုင်း တစ်ပတ်ကို (၁)၊(၂)ကြိမ်လုပ်ပေးပါ။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE