တွဲကျနေတဲ့ ရင်သားကို သဘာဝပစ္စည်းများနဲ့ ပြန်ပင့်တင်နည်း

ရင်သားအလှဟာလည်း အမျိုးသမီးတွေအတွက် အရေးပါပါတယ်။ ရင်သား တင်းရင်းမှုနဲ့ရင်သားအလှကို ဂရုတစိုက် ထိန်းသိမ်းပေးသင့်ပါတယ်။ရင်သား ကို အဆီနဲ့နို့ကို ထုတ်ပေးနိုင်တဲ့ တစ်ရှူးတွေနဲ့ပြုလုပ်ထားတာပါ။အသက်အ ရွ ယ်ကြီးလာရင်၊ကလေးနို့တိုက်ရတဲ့ အခါမျိုးတွေမှာဆိုရင်တော့ တင်းရင်း မှုတွေ နည်းပါးလာပြီး တွဲကျလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ဝိတ်အတတ်အကျ အရမ်းမြန်သွားတဲ့ အခါမျိုး၊ဘရာရွေးချယ်မှု မှားယွင်းတာမျိုး၊အာဟာရမပြည့် တာ၊အယ်လ်ကိုဟော ကြောင့် အစရှိတဲ့ တခြားအကြောင်းအရင်းတွေကြောင့် လည်း တွဲကျတာမျိုးဖြစ်နိုင်ပါတယ်။ပြန်တင်းရင်းလှပလာဖို့ ခွဲစိတ်တာ၊ ခရင်၊ လိုးရှင်း ဒါတွေကို သုံးပြီး ပြန်တင်းရင်းလှပလာဖို့ ကြိုးစားကြပါတယ်။သဘာဝ ပစ္စည်းတွေကို သုံးပြီးလည်း ရင်သားကို ပြန်တင်းရင်းလှပလာအောင် ကြိုးစား လို့ရပါတယ်။

(၁)ရေခဲ

အအေးဓါတ်ဟာ တစ်ရှူးတွေကို ကျုံ့နိုင်ပါတယ်။ဒီနည်းကတော့ အားလုံးထဲမှာ အလွယ်ဆုံး နည်းပါ။အသုံးပြုပုံကတော့ ရေခဲတုံးအသေး နှစ်တုံးကို ယူပါ။ အ ၀တ်စတစ်ခုထဲကို ထည့်ပါ။ရင်သား တစ်ဖက်စီကို ရေခဲတုံးနဲ့ စက်ဝိုင်းပုံမျိုး ပွ တ်ပေးပြီး နှိပ်နယ်ပေးပါ။တစ်မိနစ်ကြာရင်တော့ တဘက်အနုလေးနဲ့ ရေကို သုတ်ပေးပါ။ပြီးရင်တော့ fit ဖြစ်တဲ့ ဘရာကို ၀တ်ပါ။ကျောခင်းတဲ့ အနေ အ ထား၊ဒါမှမဟုတ် နောက်ကိုမှီတဲ့ အနေအထားနဲ့ မိနစ်(၃၀)ကြာအောင် နေေ ပးပါ။ဒီနည်းလမ်းကို နေ့စဉ်ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် ရင်သားကို ပြန်လည် တင်းရင်းလှပလာစေမှာဖြစ်ပါတယ်။

READ
ကျောက်ကပ်ဝေဒနာရှင်များအတွက် သဘာဝဆေးများ

(၂)သံလွင်ဆီ

သံလွင်ဆီဟာ အသားအရေအတွက် ဆေးဖြစ်သလို ရင်သားတွဲကျတာတွေကို လည်း သက်သာစေပါတယ်။သံလွင်ဆီကို ရင်သားပေါ်မှာ အပေါ်ပင့်တင် ပေး တဲ့ ပုံစံမျိုးနဲ့လိမ်းပါ။ပြီးရင်တော့ (၁၅)မိနစ်လောက် ကြာအောင် နှိပ်နယ်ပေးပါ။ေ သွးစီးဆင်းမှုနဲ့ဆဲလ်တွေကို ပြန်ပြင်ဆင်ပေးနိုင်ပါတယ်။ဒီနည်းကို တစ်ပတ်မှာ လေး၊ငါးကြိမ်လောက် လုပ်ပေးလိုက်ပါ။

(၃)သခွားသီးနဲ့ကြက်ဥအနှစ်

သခွားသီးအနေတော်တစ်လုံးကို ကြိတ်ပါ။ပြီးရင်တော့ ကြက်ဥအနှစ် နှစ်လုံး ၊ထောပတ်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောပါ။ပြီးရင်တော့ ရင်သားပေါ် မှာ လိမ်းပေးပါ။နာရီဝက်၊တစ်နာရီလောက် ကြာအောင် ထားပါ။ပြီးရင်တော့ ရေေ အးနဲ့ ဆေးချလိုက်ပါ။ဒီနည်းကို တစ်ပတ်မှာ တစ်ကြိမ် လောက် ပြုလုပ် ပေးပါ။

(၄)ကြက်ဥအကာ

အနှစ်ကို ဖယ်ပြီး ကြက်ဥအကာကို သုံးပါ။ရင်သားပေါ်မှာ လိမ်းပြီး မိနစ် (၃၀) ကြာအောင် ထားပါ။ပြီးရင်တော့ ရေအေးနဲ့ဆေးချလိုက်ပါ။ဒီနည်းကို တစ်ပတ်မှာ တစ်ကြိမ်လောက် လုပ်ပါ။နောက်တစ်နည်းကတော့ ကြက်ဥအကာနဲ့ ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောပါ။ရင်သားပေါ် လိမ်းပြီး နာရီ ၀က်လောက် ကြာအောင် ထားပါ။ရေအေးနဲ့ဆေးချပါ။

READ
လက်သည်းအလှ ပြုပြင်လေ့ရှိသူများအတွက် ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ

(၅)ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ထဲကနေ ဂျဲလ်ကို ထုတ်ယူပါ။ပြီးရင်တော့ လက်ချောင်းကို သုံးပြီး ရင်သား ပေါ်မှာ စက်ဝိုင်းပုံမျိုးလိမ်းပေးပါ။(၁၀)မိနစ်လောက် ကြာအောင် ထားပါ။တစ်ဖက်စီကို အဲ့ဒီလို လုပ်ပေးပါ။ပြီးရင်တော့ ရေကြက်သီးနွေးနဲ့ ဆေးချပါ။ဒီနည်းကိုတော့ တစ်ပတ်မှာ (၄)၊(၅)ကြိမ်လောက် လုပ်ပေးပါ။

Ref;homeremedies

SHARE