လမ်းမှာလေလွင့်နေတဲ့ ခွေးတွေကို မွေးစားပြီး ဘုရားကျောင်းတက်ခိုင်းတဲ့ ဘုန်းတော်ကြီး

Padre João Paulo

ဘရာဇီးနိုင်ငံက လမ်းပေါ်မှာ လျှောက်သွားနေရတဲ့ အခြေအနေမဲ့ ခွေးတွေဟာ သူတို့ကို မွေးစားမယ့်သူတွေနဲ့ တွေ့ဆုံရန်အလို့ငှာ ပုံမှန်ဘုရားကျောင်းတက်ရကြောင်း boredpanda သတင်းအရ သိရပါတယ်။ တနင်္ဂနွေနေ့တိုင်း Paróquia de Sant’Ana Gravatá ဘုရားကျောင်းမှာတော့ ဒီလိုထူးခြားတဲ့ မြင်ကွင်းမျိုးကို မြင်တွေ့ရလေ့ ရှိပါတယ်။

facebook/Padre João Paulo
facebook/Padre João Paulo

Paróquia de Sant’Ana Gravatá ဘုရားကျောင်းရဲ့ အကြီးအမှုးဖြစ်တဲ့ ဖာသာ João Paulo Araujo Gomes ဟာ အလွန်ကြင်နာစိတ်ရှိတဲ့ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပါတယ်။ ဖာသာကြီးကိုယ်တိုင်ကပဲ လမ်းဘေးက ခွေးလေခွေးလွင့်တွေကို မွေးစားပြီး ဘုရားကျောင်းထဲ ခေါ်ခေါ်လာတာ ဖြစ်ပါတယ်။ ဖာသာရဲ့ ရည်ရွယ်ချက်က တကယ်လို့ ဘုရားကျောင်းလာတက်တဲ့သူတွေက ခွေးတွေကို မွေးစားချင်တယ်ဆိုရင် အလွယ်တကူ မွေးစားနိုင်အောင် ဖြစ်ပါတယ်။

READ
ကင်ဆာနောက်ဆုံးဆင့် ဝေဒနာသည်လေးကို အားပေးစကားတွေဆိုခဲ့တဲ့ Marvel ဟီးရိုးများ
facebook/Padre João Paulo
facebook/Padre João Paulo

ဖာသာဟာ သူတတ်နိုင်သလောက် လမ်းဘေးခွေးတွေကို ခေါ်ယူပြီး အိမ်မှာ မွေးမြူထားပါတယ်။ အိမ်ခြေရာခြေမရှိပဲ လမ်းပေါ်မှာအိပ် လမ်းပေါ်မှာပဲ ကြုံရာကျရာ စားနေရတဲ့ ခွေးတွေကို ဖာသာက သနားတာကြောင့် သူတို့အတွက် နေစရာအိမ်နဲ့ သခင်ရှာဖွေပေးဖို့ သူတို့ကို တနင်္ဂနွေနေ့တိုင်းမှာ ဘုရားကျောင်း ကို ခေါ်လာတာ ဖြစ်ပါတယ်။ သူတို့လေးတွေကို ဘုရားကျောင်းထဲ ခေါ်လာတဲ့အခါမှာလည်း ဒီတိုင်း လွှတ်ထားတာမဟုတ်ပဲ လူအများမြင်သာတဲ့နေရာမှာ လူတွေသတိပြုမိအောင် ခေါ်ပြထားတာ ဖြစ်ပါတယ်။

facebook/Padre João Paulo
facebook/Padre João Paulo

ခွေးလေးတွေဟာ ငြိမ်သက်စွာနဲ့ တရားဟောရာ ပလ္လင်နားမှာ ၀ပ်ဆင်းနေတာ၊ ဒါမှမဟုတ်လည်း ဖာသာအနားလာပြီး တရားဟောတာကို နားထောင်နေတာမျိုးတွေစတဲ့ လိမ္မာတဲ့ အပြုအမူတွေကို ပြုမူကြပါတယ်။ ဖာသာကတော့ တစ်ခါတစ်လေလည်း တရားဟောစင်ပေါ်မှာ သူ့နားရောက်လာတဲ့ ခွေးလေးတွေကို ဗိုက်ပွတ်ပေးတာ၊ ခေါင်းသပ်ပေးတာလေးတွေ လုပ်ပေးလေ့ရှိပါတယ်။

READ
အတန်းအ၀င် နှုတ်ဆက်တာကအစ ကလေးရွေးချယ်မှုကိုတန်ဖိုးထားတဲ့ မူကြိုဆရာမ
facebook/Padre João Paulo
facebook/Padre João Paulo

ဒါ့အပြင် ဖာသာဟာ ခွေးမွေးချင်တဲ့သူတွေကို အကူအညီပေးဖို့လည်း ဘုရားကျောင်းက အဖွဲ့အစည်းကို မှာထားလျက်ရှိပါတယ်။ ဖာသာကြီးဟာ တရားဓမ္မနဲ့ မွေ့လျော်သူပီပီ သနားစရာကောင်းတဲ့ ခွေးလေးအတွက် ဂရုဏာအရင်းခံနဲ့ ကူညီပေးနေတာ ဖြစ်ပါတယ်။ ခွေးလေးတွေကို သူတို့ကို စောင့်ရှောက်မွေးမြူမယ့် သခင်နဲ့ မတွေ့မချင်း သူကပဲ ကောင်းကောင်းမွန်မွန်မွေးထားပြီး လိုအပ်တဲ့ ဆေးဝါး၊ အစားအသောက်တွေကို ဖြည့်ဆည်းပေးနေပါတယ်။ ဖာသာကြီးရဲ့ သတင်းကတော့ ဆိုရှယ်မီဒီယာပေါ်မှာ မွှေးပျံ့နေပါတော့တယ်။

လင်းလင်း (ShweMom)

SHARE