စေတနာ့ရှင်များအဖွဲ့က အိမ်အသစ်ဆောက်ပေးလို့၊ ဝမ်းသာမျက်ရည် ကျခဲ့ရတဲ့အဖွားအို

QQ/The Chunri Donation Group

အိမ်အစုတ်ကလေးမှာ (၄၅)နှစ်ကြာ နေခဲ့ရတဲ့ အဖွားအိုတစ်ယောက်ကတော့ သူမကို စေတနာရှင်တွေအဖွဲ့က အိမ်အသစ်ဆောက်လုပ်ပေးခဲ့တဲ့အတွက် ဝမ်းသာမျက်ရည်စို့ခဲ့ရတယ်လို့ Taiwan News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဖွားဟာ အိမ်ခနော်နီခနော်နဲ့ အိမ်ကလေးမှာ နှစ်ကာလများစွာ နေထိုင်ခဲ့ရပြီး၊ သူမအနေနဲ့ အိမ်ကောင်းရာကောင်းနဲ့ နေရလိမ့်မယ်လို့ တွေးခဲ့မိမှာ မဟုတ်ပါဘူး။

ဒါပေမယ့် သူမ ဘယ်လိုမှ ထင်မှတ်မထားချိန်မှာ အကူအညီတွေ ရောက်လာခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ထိုင်ဝမ်မှာ (၂၀၁၉)ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖြစ်ခဲ့တာပါ။ အဖွားရဲ့အိမ်ကတော့ Pingtung နယ်မြေ၊ Chunri မြို့နယ်၊ Qijia ရွာလေးမှာ တည်ရှိပါတယ်။ ထိုင်ဝမ်ဟာ သက်ကြီးရွယ်အို မြင့်မားမှုနှုန်း မြင့်တက်နေ ဒေသဖြစ်ပါတယ်။

QQ/The Chunri Donation Group
QQ/The Chunri Donation Group

(၂၀၂၅)မှာ သက်ကြီးရွယ်အို မြင့်တက်မှုနှုန်း (၂၀)%အထိ ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။ သက်ကြီးရွယ်အိုတွေအတွက်လည်း စောင့်ရှောက်မှုတွေ အများကြီးလိုအပ်နေသလို၊ ရှေ့လျှောက် ပိုပြီး လိုလာတော့မယ် သဘောပါ။ အခုလည်း အဘွားဟာ ဆင်းတောင့်ဆင်းရဲ နေခဲ့ရတဲ့အနေအထားကနေ လွတ်ပါပြီ။

အဖွားဟာ အိမ်စုတ်လေးမှာ လေဒဏ် ရေကြီးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်ခဲ့သော်လည်း၊ အခုအခါမှာတော့ သူမရဲ့အိမ်က အသက်အရွယ်နဲ့အမျှ အတော်လေးကို အိုစာနေပါပြီ။ ဒီကရှေ့ဆို တော်ရုံလေတိုက်တဲ့ဒဏ်နဲ့ လဲပြိုသွားတော့မှာပါ။ ဒီအိမ်လေးကို စေတနာ့ရှင်များအသင်းက တွေ့ခဲ့ပြီးနောက် အသစ်ဆောက်လုပ်လှူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

QQ/The Chunri Donation Group
QQ/The Chunri Donation Group

စေတနာရှင့်အဖွဲ့ဟာ အိမ်ကိုဖြစ်သလို ဆောက်တာမဟုတ်ပါဘူး။ ဘယ်လိုရာသီဥတုမျိုးကိုမဆို ခံနိုင်ရည်ရှိမယ့် ဖောင်ဒေးရှင်းနဲ့ စနစ်တကျဆောက်လုပ်ခဲ့တာဖြစ်ပြီး၊ သံကူကွန်ကရစ်အဆောက်ဦမျိုးဖြစ်ပါတယ်။ ကြမ်းခင်းသမန်တလင်း ကောင်းကောင်းနဲ့ ဆောက်လုပ်ပေးခဲ့တာပါ။ အဖွားနာမည်ကို ဖော်ပြမထားပါဘူး။ သူမအတွက်တော့ အိမ်ကောင်းကောင်းနဲ့ နေချင်တဲ့အိပ်မက် အကောင်အထည် ပေါ်သွားခဲ့တယ်ဆိုရင် မမှားပါဘူး။

လင်းသူရိန်

SHARE