ချည်လွယ်အိတ်တွေရောင်းပြီးနာမည်ကြီးနေတဲ့ အိမ်ရာမဲ့အမျိုးသား

Twitter / itv

အင်္ဂလန်နိုင်ငံ၊ Birmingham, West Midlands မှာနေထိုင်တဲ့ Kevin World အမည်ရ အိမ်ရာမဲ့အမျိုးသားတစ်ယောက်ကတော့ သူရဲ့ ပန်းချီလက်စွမ်းနဲ့ ချည်လွယ်အိတ်တွေကို ပြန်ပြီးအလှဆင်ကာ ခရီးသွားဧည့်သည်တွေကို ရောင်းချရင်း ငွေရှာနေပါတယ်။ သူဟာ အခုဆိုရင် လွယ်အိတ် (၂၀၀)ကျော် ပြန်လည်ရောင်းချပြီးနေပါပြီ။

Kevin ရဲ့ ပန်းချီအမျိုးအစားကိုတော့ Pun လို့ ခေါ်ဆိုကြပါတယ်။ ပန်းချီပုံလေးတွေနဲ့ စကားလုံးတွေ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ သူဟာ ပန်းချီလွယ်အိတ်တွေကို ရောင်းတဲ့အခါ စေတနာရှိသလောက်သာ ပေးပါလို့ ပြောပေမယ့်၊ တစ်ချို့က အဲဒီလွယ်အိတ်လေးတွေကို လိုင်းပေါ်ကနေ ပေါင်(၆၀)ကနေ ပေါင်(၈၀)လောက်အထိ ပြန်လည်ရောင်းချနေကြောင်း သိရပါတယ်။

Kevin ဟာ လွန်ခဲ့တဲ့(၅)နှစ်လောက်ကတည်းက မိသားစုစီးပွားရေးမပြေလည်ခြင်းကနေ အိမ်ရာမဲ့ဘဝကို ရောက်ခဲ့ရပြီး၊ သူဟာ စိတ်ဓာတ်အလွန်ကျဆင်းကာ သေကြောင်းကြံစည်သည်အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကမှ သူ ပန်းချီစရေးတာဖြစ်ပြီး၊ ဒါကပဲ သူ့ကို ဘဝမှာ နေပျော်စေခဲ့တယ်လို့ ပြောပါတယ်။ နောက်တော့ သူရဲ့ ပန်းချီပါရမီကြောင့် အားပေးသူတွေ များလာခဲ့ပါတယ်။

READ
Google Map ကို စစ်ဆေးစဉ်၊ ကြည်နူးဆွတ်ပျံ့ဖွယ် အတိတ်ကို ပြန်တွေ့ခဲ့ရတဲ့ ကောင်မလေး

သူရဲ့ လွယ်အိတ်ရောင်းချရေးလုပ်ငန်းကို The Bag Issue လို့ အမည်ပေးထားပြီး၊ The Bag Issue မဂ္ဂဇင်းထဲမှာ အိမ်ရာမဲ့တွေအနေနဲ့ ဒီလို လုပ်ငန်းလေးတွေ လုပ်ကိုင်ဖို့၊ ဒီလုပ်ငန်းလေးတွေက ဝင်ငွေခိုင်မာတဲ့အကြောင်းကိုလည်း သူက Pun ပုံလေးတစ်ခုနဲ့ တိုက်တွန်းထားပါတယ်။

birminghammail

အိမ်ရာမဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ The Red Bag Co က Kevin အတွက် ကိုယ်ပိုင်အရောင်းခန်းမလေးတစ်ခုကို German Market မှာ အမြန်ဖွင့်နိုင်ရေး ကြိုးစားပေးနေပါတယ်။ နိုဝင်ဘာ(၇)ရက်မှာ စတင်ဖွင့်လှစ်နိုင်မယ်လို့ ယူဆရပါတယ်။ Kevin ကတော့ အဲဒီလိုအထင်ကရ နေရာမျိုးမှာ နေရာရဖို့ မလွယ်ဘူးလို့ ပြောပါတယ်။ Kevin ဟာ လွယ်အိတ်တင်မက၊ သူရဲ့ ပန်းချီတွေကို စာရွက်နဲ့လည်း ရောင်းချနိုင်ခဲ့ပြီး၊ ကားချပ်(၁၀၀)လောက်တောင် ရှိနေပါပြီ။

READ
ပိတုန်းတစ်ကောင်ကို အိမ်မွေးတိရိစ္ဆာန်အဖြစ် တယုတယမွေးထားတဲ့အမျိုးသမီး
birminghammail

Kevin အတွက် လိုအပ်တဲ့လွယ်အိတ်အရေအတွက်ကိုတော့ အိုင်တီအကြံပေး Greg Wright အမည်ရ အမျိုးသားက ထောက်ပံ့ပေးနေတာဖြစ်ပြီး၊ လွန်ခဲ့တဲ့တစ်လလောက်ကတည်းက Kevin ရဲ့ စိတ်ကူးစိတ်သန်း အလန်းတွေကို ထောက်ပံ့ပေးဖို့ စိတ်ကူးခဲ့တာလို့ ပြောပါတယ်။

လင်းဇော်ကို

SHARE