တစ်ကောင်တည်းကျန်ခဲ့မယ့် သမီးလေးအတွက် စိတ်မချဖြစ်နေရှာတဲ့ အိမ်ရာမဲ့အမျိုးသားကြီး

ပြီးခဲ့တဲ့ လတုန်းက ကယ်လီဖိုးနီးယားပြည်နယ် ဖရန်စ်နိုမြို့နေ ဂျနိုင်းလာဆက်-ဒီရှာဇာဆိုသူ အမျိုးသမီးတစ်ယောက်ဟာ လမ်းဘေးတစ်နေရာမှာ ထူးခြားတဲ့အဖြစ်တစ်ခုကို မြင်လိုက်ရပါတယ်။ သူမတွေ့လိုက်တာက စင်္ကြန်မှာ ထိုင်နေတဲ့ အိမ်ရာမဲ့ အမျိုးသားကြီးတစ်ဦးနဲ့ ခွေးဖြူလေးတစ်ကောင်ကိုပါ။ အမျိုးသားကြီးဟာ အားအင်ချည့်နဲ့နေပုံရပြီး ရာသီဥတုကလည်း အေးတာကြောင့် အမျိုးသားကြီးနဲ့ ခွေးဖြူလေးဟာ အချင်းချင်းပွေ့ဖက်ပြီး နွေးထွေးအောင် နေနေကြပါတယ်။ ဒါကိုမြင်တဲ့ ဂျနိုင်းဟာ ဂရုဏာသက်ပြီး စောင်၊ ခွေးစာနဲ့ တစ်ရှူးစက္ကူလိပ်ကြီးတစ်လိပ်ကို အမျိုးသားကြီးဆီ သွားရောက်လှူဒါန်းခဲ့ပါတယ်။

doggiescare

ပစ္စည်းတွေအတွက် ကျေးဇူးတင်တာကြောင့် အိမ်ရာမဲ့အမျိုးသားကြီးက သူ့ကိုယ်သူ ဂျနိုင်းနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အမျိုးသားကြီးဟာ အသက်(၆၀) နှစ်အရွယ် ကလစ်ဖို့ဆိုသူပါ။ သူနဲ့အတူရှိနေတဲ့ အဖြူရောင်ခွေးငယ်လေးကတော့ ဘေဘီလို့ သိရပါတယ်။ ကလစ်ဖို့ဒ်ဟာ အရင်တုန်းက လယ်လုပ်သားကြီးတစ်ဦးဖြစ်တဲ့အပြင် စက်ပစ္စည်းဆိုင်ပိုင်ရှင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် (၂၀၀၆) ခုနှစ်မှာတော့ နှလုံးနဲ့ လည်ချောင်းလေပြွန်ကို ခွဲစိတ်မှုပြုလုပ်ခဲ့ရာမှာ အရှုပ်အထွေးတွေဖြစ်ပြီး နောက်ပိုင်း မသန်စွမ်းဒုက္ခိတတစ်ဦးဖြစ်ခဲ့တာပါ။

READ
ဝင်ငွေအရှာနည်းတဲ့ချစ်သူကို အနုပညာရှင်ဖြစ်ချိန်မှာ လက်တွဲမဖြုတ်ခဲ့တဲ့ မော်ဒယ်မလေး
doggiescare

ကလစ်ဖို့ဒ်က သူဟာ မကြာခင်သေတော့မှာဖြစ်တဲ့ ကင်ဆာဝေဒနာသည်တစ်ဦးဖြစ်ပြီး ကြာကြာခံတော့မှာ မဟုတ်ဘူးလို့ ဂျနိုင်းကို ပြောပြခဲ့ပါတယ်။ ဒါကြောင့် မသေခင်မှာ သူ့ရဲ့ သမီးလိုဖြစ်နေတဲ့ ခွေးမလေး ဘေဘီကို ကြင်ကြင်နာနာမွေးပေးနိုင်မယ့်လူ ရှာချင်တယ်ဆိုပြီး ကလစ်ဖို့ဒ်က တောင်းဆိုခဲ့ပါတယ်။ ကလစ်ဖို့ဒ်နဲ့ ဘေဘီဟာ အချင်းချင်း ဖေးမပြီး နေကြတာကြောင့် တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်သိပ်ကြီးပါတယ်။ ကလစ်ဖို့ဒ်ဟာ ဘေဘီကို လက်နှိပ်ဓာတ်မီးနဲ့ ရိုက်နှက်နေတဲ့ လူဆီက ကယ်တင်လာပြီး မွေးစားခဲ့တာ ဖြစ်ပါတယ်။

doggiescare

အကြောင်းစုံကို သိသွားတဲ့ ဂျနိုင်းဟာ ဘေဘီကို မွေးစားနိုင်မယ့်သူ ရှိ၊ မရှိ လိုက်လံရှာဖွေခဲ့ပါတယ်။ ကံကောင်းချင်တော့ အခုဆိုရင် ဂျနိုင်းရဲ့ ကောင်းမှုနဲ့ ဘေဘီလေးကို မွေးစားမယ့်သူပေါ်လာပါပြီ။ ဘေဘီလေးကိုတော့ စတက်ဖနီဝေါ်ကာဆိုသူ အမျိုးသမီးက မွေးစားခဲ့တာပါ။ စတက်ဖနီတို့ မိသားစုကလည်း အခြားခွေးတွေပါ မွေးထားတာကြောင့် ဘေဘီလေးကတော့ အပေါင်းအသင်းသစ်တွေနဲ့ အိမ်အသစ်မှာ ပျော်ရွှင်စွာနေထိုင်နေပြီပဲ ဖြစ်ပါတယ်။ ကလစ်ဖို့ဒ်အတွက်ကတော့ ဘေဘီလေးကို လွမ်းနေမှာဖြစ်ပေမယ့် ဘ၀သစ်မှာ ပျော်နေမယ့် ဘေဘီလေးအတွက် ၀မ်းသာကြည်နူးရင်း စိတ်ချလက်ချနဲ့ ဘ၀ကူးဖို့ ပြင်ဆင်နေလောက်ပြီလို့ ယူဆရပါတော့တယ်။

doggiescare

လင်းလင်း (ShweMom)

READ
မိမိနဲ့ ထူးထူးခြားခြား သွင်ပြင်တူတဲ့ကြောင်လေးကို တွေ့ရှိခဲ့တဲ့ ကလေးငယ်

Ref: doggiescare

SHARE