အိမ်ရာမဲ့တစ်ဦးကို စာနာစိတ်အပြည့်နဲ့ အကူအညီပေးခဲ့သူ ဆယ်ကျော်သက်လေး

“အလုပ်အလိုရှိပါတယ်။ အလုပ် အစမ်းခိုင်းနိုင်ပါတယ်။ ပိုက်ဆံမပေးရပါဘူး။ သဘောကျမှ အလုပ်ခန့်ပါ..” လို့ ရေးသားထားတဲ့ အိမ်ရာမဲ့တစ်ဦးရဲ့ စာကို ဆယ်ကျော်သက်လေးဖြစ်တဲ့ ရှားလော့တ်ဟာ တွေ့မြင်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဝေမျှခဲ့ပါတယ်။ ရှားလော့တ်ဟာ အလုပ်အရမ်းလိုအပ်နေတဲ့ အိမ်ရာမဲ့ရဲ့ အဖြစ်ကို သနားပြီး သူ့ကို အခုလို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

SWNS

အိမ်ရာမဲ့အမျိုးသားရဲ့ အမည်ကတော့ အန်သိုနီဂျွန်ဆန်ဆိုသူပါ။ သူက သူ့ဘ၀ကို အလုပ်လုပ်ပြီး ပြောင်းလဲချင်တဲ့အတွက် အိမ်ရာမဲ့ဘ၀ကနေ ပြောင်းလဲလို့ရအောင် ကူညီပေးပါလို့ အလုပ်ရှာကြော်ငြာထဲမှာ ရေးသားထားခဲ့တာပါ။ အန်သိုနီက သူဟာ ခွေးကျောင်းတာ၊ ပြတင်းပေါက်သန့်ရှင်းရေးလုပ်တာ၊ ဈေးဝယ်ပေးတာနဲ့ အိမ်အလုပ်တွေကို စမ်းသပ်ကာလအတွင်း အလကားလုပ်ပေးနိုင်ပါတယ်ဆိုပြီး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အသက်(၃၇) နှစ် ရှိပြီဖြစ်တဲ့ အန်သိုနီဟာ အိမ်ရာမဲ့တစ်ဦးအဖြစ်နဲ့ ကျင်လည်လာတာ (၉) နှစ်တာ ရှိနေပါပြီ။

SWNS

တစ်နေ့မှာတော့ အလုပ်ရှာကြော်ငြာလေးတစ်စောင်ကို လက်ရေးနဲ့ ကိုယ့်ဘာသာကိုယ်ရေးပြီး သူနေထိုင်ရာ ယာယီတဲနားမှာ ကပ်ထားခဲ့တာပါ။ ဒီကြော်ငြာလေးကို အသက်(၁၆) နှစ်အရွယ်ရှိတဲ့ ရှားလော့တ်ကနေ ဘတ်စ်ကားမှတ်တိုင်သွားရင်းနဲ့ တွေ့မြင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရှားလော့တ်ဟာ အလုပ်ရဖို့ အသည်းအသန်လိုအပ်နေတဲ့ အန်သိုနီကို ဂရုဏာသက်သွားပြီး အလုပ်ရှာစာရွက်လေးကို ဓာတ်ပုံရိုက်ယူကာ အွန်လိုင်းပေါ် တင်ပေးခဲ့တာ ဖြစ်ပါတယ်။

READ
ရုတ်တရက်ကားထဲမှာအသက်ရှူရပ်သွားခဲ့တဲ့ကလေးကိုအချိန်မီကယ်တင်ပေးခဲ့တဲ့ရဲသားကြီး
SWNS (အန်သိုနီ – ဘယ် )

ကံကောင်းချင်တော့ ဥယျာဉ်မှုးတစ်ဦးဖြစ်တဲ့ နယ်လ်စန်စမစ်သ်ဟာ အန်သိုနီကို ဆက်သွယ်ပြီး အလုပ်ပေးခဲ့ပါတယ်။ ရှားလော့တ်ရဲ့ ကြိုးပမ်းမှုကြောင့် အန်သိုနီဟာ အခုဆိုရင် ဥယျာဉ်မှုးနဲ့ လက်သမားတစ်ဦးအဖြစ် ယာဉ်စခန်းတစ်ခုမှာ အလုပ်ရလျက်ရှိနေပါပြီ။ အန်သိုနီက ရှားလော့တ်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ပတ်သက်လို့ တအံ့တသြဖြစ်ရကြောင်း ဆိုပါတယ်။

SWNS
SWNS

ရှားလော့တ်ကတော့ “အန်သိုနီက သူ့ကို အလုပ်အကြောင်း ပြောပြပြီးကတည်းက သဘောတွေကျပြီး အရမ်းပျော်နေတာ။ သူက ကျွန်မတို့အရွယ်လူငယ်တွေဟာ များသောအားဖြင့် သူ့လို အိမ်ရာမဲ့ လူကြီးတွေအပေါ်မှာဆိုရင် ကောင်းကောင်းမဆက်ဆံဘူးလို့ ပြောသေးတယ်…” လို့ ဆိုပါတယ်။ အသက်ငယ်သေးပေမယ့် အမှုမဲ့အမှတ်မဲ့မနေပဲ ပတ်ဝန်းကျင်ကို စူးစမ်းတတ်ပြီး ကြင်နာသနားတတ်တဲ့ ရှားလော့တ်ရဲ့ အပြုအမူကတော့ လေးစားစရာပါပဲ။

လင်းလင်း (ShweMom)

Ref: Metro

SHARE