ချောကလက်စားရင်း ချောကလက်နဲ့ပေါင်းတင်ကြည့်ရအောင်

ချောကလက် မျက်နှာပေါင်းတင်နည်းတဲ့ … ထူးဆန်းတယ်နော်။ ချောကလက် အမည်းရောင် (Dark Chocolate) ကတော့ သဘာဝဖြစ်ပြီး cacao အစေ့ကနေ လုပ်ထားတာပဲဖြစ်ပါတယ်။ ချောကလက်နဲ့ မျက်နှာပေါင်းတင်ရာကနေ ရလာမယ့် အကျိုးကျေးဇူးတွေကတော့ (၁) နေလောင်တာတွေကို ကာကွယ်ပေးနိုင်တယ် ၊ (၂) စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ အရေးကြောင်း နဲ့ အသားအရေပျက်စီးတာတွေကို ကုသပေးတယ် ၊ (၃) ဓာတ်မတည်ဖြစ်တာတွေကို ကုသပေးနိုင်တယ်။ ချောကလက်ကတော့ ကျန်းမာရေးအတွက်ပါ ကောင်းစေတဲ့အပြင် အသားအရေအတွက်ပါ ကောင်းစေနိုင်လို့ ချောကလက်စားရင်း မျက်နှာပေါင်းတင်ကြရအောင် ….

(၁)  Dark Chocolate

ပါဝင်ပစ္စည်းများ – Dark Chocolate ( ၂ပြား) ၊ နွားနို့ (ခွက်တစ်ခွက်ရဲ့ ၃ပုံ၂ ပုံ) ၊ ဆား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ brown sugar (စားပွဲတင်ဇွန်း ၃ ဇွန်း) ။ ချောကလက်မျက်နှာပေါင်းတင်နည်းက အသားအရေကို လိုအပ်တဲ့ အာဟာရဖြည့်တင်းပေးပါတယ်။

  • ဇလုံထဲကို Dark Chocolate ( ၂ပြား)ထည့်ပြီး အရည်ပျော်အောင်လုပ်ပေးပါ။
  • ဆား ၊ သကြားညို ၊ နွားနို့ တို့ကို ထည့်ပေးပြီး ကောင်းကောင်း ရောမွေပေးပါ။
  • ပြီးရင် အအေးခံထားပြီး မျက်နှာ နဲ့လည်ပင်း ကိုလိမ်းပေးပါ။
  • (၁၅-၂၀) မိနစ်လောက်အခြောက်ခံထားပြီး မျက်နှာသစ်ပေးပါ။
  • တစ်ပတ်ကို (၂)ကြိမ်လုပ်ပေးပါ။
READ
ရင်သားခွဲစိတ်မှုကို အသေးစိတ်တစ်ဆင့်ချင်းစီ ပြထားတဲ့ ဗီဒီယို

(၂) ချောကလက် နဲ့ ငှက်ပျော်သီး

 

ပါဝင်ပစ္စည်းများ – cocoa powder (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ချေထားတဲ့ငှက်ပျော်သီး (ခွက်တစ်ဝက်) ၊ ဒိန်ချဉ် (စားပွဲတင်ဇွန်း ၁ ဇွန်း) ။ cocoa powder မှာ antioxidant ဓာတ်ပါတာကြောင့် ငှက်ပျော်သီးနဲ့ ရောလိုက်ရင် အသားအရေကို စိုလာစေပြီး ၀င်းပလာစေမှာပါ။

  • ခွက်တစ်ခွက်ထဲ ပါဝင်ပစ္စည်းများ အားလုံးကို ရောပေးပါ။
  • ပျစ်ပျစ်ဖြစ်သွားအောင် လုပ်ပေးပြီး မျက်နှာ နဲ့ လည်ပင်းကို လိမ်းပေးပါ။
  • ပေါင်းတင်ပေးထားပြီး ခြောက်သွားရင်တော့ ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးပါ။
  • တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးပါ။

(၃) ချောကလက် နဲ့ စတော်ဘယ်ရီ

ပါဝင်ပစ္စည်းများ – ချောကလက် (50gm) ၊ ငှက်ပျော်သီး (၁လုံး) ၊ စတော်ဘယ်ရီ (တစ်ခွက်) ၊ ဖရဲသီး (တစ်ခွက်) ။ဒီသစ်သီးအရော မျက်နှာပေါင်းတင်နည်းကတော့ မျက်နှာအသားအရေအတွက်ရေဓာတ်ဖြည့်ပေးနိုင်ဆုံးဖြစ်သလို မျက်နှာကို အေးမြသွားစေမှာပါ။

  • ပါဝင်တဲ့ အသီးတွေကို blender ထဲထည့်မွေပေးပြီး ချောကလက်ထည့်ပေးပါ။
  • မျက်နှာကို လိမ်းပေးပြီး မိနစ် (၂၀) လောက်ပေါင်းတင်ထားပေးပါ။
  • ရေနွေးနွေးလေးနဲ့ မျက်နှာ သစ်ပေးပါ။
  • တစ်ပတ်ကို နှစ်ကြိမ်လုပ်ပေးပါ။
READ
လက်သည်းမညှပ်တာ (၄)နှစ်ကြာပြီဆိုတဲ့ ထူးထူးဆန်းဆန်းမိန်းကလေး
source : stylecraze.
Hannwe Soe (Shwemom) 
SHARE