ဒီနည်းကို သုံးပေးခြင်းက အသားခြောက်သူတွေအတွက် ကောင်းစေနိုင်လို့ သိသာတဲ့ရလဒ်ဖြစ်လာမယ်

ပျိုမေတို့ရေ အသားခြောက်တဲ့သူတွေအတွက် Mask လုပ်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ ဒီနည်းတွေအားလုံးက အသားခြောက်သူတွေအတွက် အရမ်းကို အကျိုးရှိပြီး သိသာတဲ့ အသားအရေစိုပြေ ၀င်းပတာတွေကို ရလာမှာပါနော်။

(၁) ငှက်ပျော်သီး နဲ့ ပျားရည် 

pixabay

ပါဝင်ပစ္စည်းများ – ငှက်ပျော်သီး (၂လုံး) ၊ ပျားရည် (လက်ဖက်ရည် ဇွန်း ၁ ဇွန်း) ၊ ဒိန်ချဉ် (၁/၄ ခွက်) ။

  • ငှက်ပျော်သီးကို အခွံနွှာပေးပြီး ဇလုံထဲမှာ ထည့်ပေးပါ။
  • ခရင်းကို သုံးပြီး ခြေပေးပါ။
  • ခြေထားတဲ့ ငှက်ပျော်သီးတွေထဲကို ဒိန်ချဉ် ထည့်ပေးပါ။ နောက်ပြီး ပျားရည်ကိုပါ ထည့်ပေးပါ။
  • ပါဝင်ပစ္စည်းအားလုံးကို ရောပေးပြီး cosmetic brush နဲ့ မျက်နှာကို လိမ်းပေးပါ။
  • မိနစ်(၂၀)လောက်ထားပေးပြီး အခြောက်ခံပေးပါ။
  • လုံးဝခြောက်သွားရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။
  • တစ်ပတ် (၂-၃)ကြိမ်လောက်လုပ်ပေးရုံနဲ့ အသားအခြောက်နေတာတွေကို ဘိုင့်ဘိုင့်လုပ်လို့ရပါပြီ။
READ
ဆယ်နှစ်စာလောက် နုပျိုစေမယ့် ထမင်းရည်နဲ့ အသားအရေထိန်းသိမ်းနည်း

(၂) ရှားစောင်းလက်ပပ် နဲ့ Milk Cream 

pixabay

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၂ ဇွန်း) နဲ့ Milk Cream (၁/၄ ခွက်) ။

  • ဇလုံထဲ Milk Cream နဲ့ ရှားစောင်းလက်ပပ် ရောထည့်ပေးပါ။
  • ကောင်းကောင်းရောမွှေပြီးသွားရင်တော့ cosmetic brush နဲ့ မျက်နှာကို လိမ်းပေးပါ။
  • မိနစ်(၃၀) လောက်ပေါင်းတင်ပေးလိုက်တာက Milk Cream နဲ့ ရှားစောင်းလက်ပပ်တို့က အစိုဓာတ်တွေ စိမ့်ဝင်သွားနိုင်တယ်။
  • ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။
  • တစ်ပတ်ကို (၄)ကြိမ်လောက်လုပ်ပေးတာက ပျက်ဆီးနေတဲ့ အသားအရေတွေကို ပြန်လည်ပြုပြင်ပေးနိုင်တယ်။

source : fabhow

Hannwe Soe (Shwemom)
SHARE