ပလတ်စတစ်ရေကန်နဲ့ လိမ်ပြီး အိမ်အရောင်းခံရလို့ ဒေါသထွက်နေတဲ့ အိမ်ရှင်များ

Pear Video

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှာမြို့က ဆောက်လုပ်ရေးသမားတွေဟာ လိမ်ညာပြီး အိမ်ရောင်းကြော်ငြာပြုလုပ်ခဲ့တဲ့အတွက် အိမ်ပိုင်ရှင်တွေက ဒေါသထွက်နေကြကြောင်း boredpanda သတင်းအရ သိရပါတယ်။ အဆိုပါ ကြော်ငြာထဲမှာတော့ တကယ်လို့ ၄င်းတို့ရဲ့ တိုက်ခန်းကိုသာ ၀ယ်ယူမယ်ဆိုရင် တိုက်ဘေး ပန်းခြံအလယ်မှာ ဆောက်လုပ်ထားတဲ့ ရေကူးကန်ကို အသုံးပြုနိုင်သယောင် လှည့်ဖြားပြီး ရေးဆွဲထားတာ ဖြစ်ပါတယ်။

ကြော်ငြာကို ယုံစားပြီး အိမ်ဝယ်ခဲ့မိတဲ့ အိမ်ပိုင်ရှင်တွေမှာ နောက်ဆုံးတော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ရေကူးကန်ဆိုပြီး ဆွဲထားတဲ့ နေရာဟာ လူတွေရေကူးလို့ရတဲ့ ရေကူးကန်စင်စစ်မဟုတ်ပဲ ပလတ်စတစ်ရေကူးကန်ကြီး ဖြစ်နေတာကြောင့်ပါ။

Weibo/Pear Video
Weibo/Pear Video

အောက်က ပုံတွေမှာတော့ တွေ့ရတဲ့အတိုင်းပဲ အိမ်ပိုင်ရှင်တွေ ဒေါသထွက်လည်း ထွက်ချင်စရာပါ။ ဆောက်လုပ်ရေးသမားတွေဟာ ရေကန်နေရာမှာ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အပြာရောင်အခင်းကြီးခင်းထားတဲ့အပြင် ခုံးကျော်တံတားအသေးလေးပါ ထည့်သွင်း ပြုလုပ်ထားပါသေးတယ်။

အိမ်ဘေးမှာ ရေကူးကန်ပါတယ်အထင်နဲ့ တိုက်ခန်းတွေကို ၀ယ်မိလိုက်ကြတဲ့ အိမ်ပိုင်ရှင်တွေက အယောက်(၂၀၀) ၀န်းကျင်လောက် ရှိပါတယ်။ သိရတာကတော့ တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေနဲ့ ကန်ထရိုက်တွေဟာ လူတွေကို ရေကန်ပါတယ်၊ ရေကူးကန်ုပါတယ် ဆိုပြီး လိမ်ညာ ရောင်းချတာတွေဟာ ပိုများလာတယ်လို့ ဆိုပါတယ်။

Weibo/Pear Video
Weibo/Pear Video
Weibo/Pear Video

တရုတ်က ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ အဆောက်အဦးများများရောင်းရဖို့သာ အသားပေးလာကြပါတယ်။ ရေရှည်မှာ လူတွေကြုံတွေ့ရမယ့် ဘေးအန္တရာယ်တွေကို ထည့်မတွက်ပဲ စရိတ်စက သက်သက်သာသာနဲ့ မြန်မြန်ပြီး ပြီးရောဆိုတဲ့ အပြုအမူမျိုးတွေ ပြုလုပ်လာကြတာပါ။ South China Morning Post အရ တရုတ်နိုင်ငံမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ အဆောက်အဦးတွေရဲ့ အရည်အသွေးဟာ နိမ့်ကျလာတယ်ဆိုတဲ့အကြောင်း၊ လုံခြုံရေးစံသတ်မှတ်ချက်တွေနဲ့ လည်း ကိုက်ညီအောင် မလုပ်ဘူးဆိုတဲ့အကြောင်း ပြည်သူတွေရဲ့ တိုင်တန်းချက်တွေဟာ ပိုပိုများလာတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE