အိမ်စာမှားတဲ့ (၈)နှစ်သမီးလေးကို ရိုက်မိရာက သမီးဖြစ်သူ သေဆုံးသွားတဲ့ဖြစ်ရပ်

sina news

တရုတ်နိုင်ငံ၊ Shaanxi စီရင်စု၊ Tongchuan မြို့မှာ အသက်(၈)နှစ်သာရှိသေးတဲ့ ကလေးမလေးဟာ မိခင်ဖြစ်သူရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရပါတယ်။ ကလေးမလေး အိမ်စာအဖြေမှားတာကို မိခင်က သည်းမခံနိုင်ဖြစ်ပြီး၊ အခုလို ရက်ရက်စက်စက် ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

သတင်းမှာ ဖော်ပြချက်အရ ကလေးမလေးဟာ အိမ်စာလုပ်ရင်း တီဗွီကြည့်နေတာကြောင့် အိမ်စာအပေါ်မှာ စိတ်အာရုံ တကူးတက မစူးစိုက်နိုင်ခဲ့ပါဘူး။ ဒီအတွက် အိမ်စာအဖြစ် ဆရာတွေပေးလိုက်တဲ့ ပုစ္ဆာတွေကိုအဖြေထုတ်ရာမှာ အမှားအယွင်းတွေ ဖြစ်ခဲ့တာပါ။

Sina News

အမှားတွေက များလွန်လို့ မိခင်က အလွန်ဒေါသထွက်သွားပါတယ်။ ဒါကြောင့် အဲဒီကောင်မလေးရဲ့ ဦးခေါင်းနောက်ဖက်ကို ခပ်ပြင်းပြင်း ရိုက်ပြီး အပြစ်ပေးလိုက်တာပါ။ ဒီလိုနဲ့ ကလေးဟာ နာလွန်းလို့ အော်ငိုခဲ့ရာ၊ မိခင်က အငိုတိတ်အောင် ကြက်ခြေထောက်ချက်ထားတာ ကျွေးခဲ့ပါတယ်။

READ
အထီးကျန် မျောက်မကြီးတစ်ကောင်နဲ့ သူငယ်ချင်းဖြစ်နေတဲ့ ကြက်ကလေး
sina news

ကလေးမလေး အငိုတိတ်သွားပေမယ့် မကြာမီမှာ စားထားသမျှ အန်ပါတော့တယ်။ မိခင်က အစာအဆိပ်ဖြစ်တယ်ထင်ပြီး ဆေးခန်းကို ခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့် နာရီပိုင်းအတွင်း ကလေးသေဆုံးသွားပါတော့တယ်။ ဒေါက်တာတွေလည်း ကနဦးကတော့ ကြက်ခြေထောက်ကြောင့် အစာအဆိပ်သင့်တာ ထင်ခဲ့ပါတယ်။

သို့ပေမယ့် သေချာစစ်ဆေးကြည့်တဲ့အခါ ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးတာကို တွေ့ခဲ့ရပါတယ်။ မိခင်ကိုတော့ ရဲက စစ်ဆေးနေပါတယ်။ ဒါပေမယ့် သူမကို ဖမ်းဆီးစစ်ဆေးနေတာလား၊ ခေါ်ယူစစ်ဆေးနေတာလားဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

sina news

လင်းသုတ

SHARE