လူပေါင်း ၁ သောင်းကျော်ကို အလုပ်လက်မဲ့ဖြစ်သွားစေနိုင်တဲ့ ယူကေက Honda စက်ရုံပိတ်သိမ်းမှု

ဂျပန်ကားကုမ္ပဏီဖြစ်တဲ့ Honda ဟာ UK မှာရှိတဲ့ Swindon စက်ရုံကို ပိတ်သိမ်းတော့မယ်လို့ ၂၀၁၉ ဖေဖော်ဝါရီလ (၁၉) ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုစက်ရုံပိတ်သိမ်းမှုကြောင့် အလုပ်သမား (၁၆,၀၀၀) လောက်ဟာ အလုပ်လက်မဲ့ဖြစ်ဖို့အတွက် ရာခိုင်နှုန်းများလျက်ရှိပါတယ်။

SWNS

ဒီအပြင် Honda အပေါ် မှီခိုနေတဲ့ ကားအရောင်စင်တာတို့လိုမျိုး တစ်နိုင်တစ်ပိုင်စီးပွားရေးတွေကိုလည်း ထိခိုက်နစ်နာမှုတွေဖြစ်ပေါ်စေမှာပါ။

SWNS

အရင်တုန်းကလည်း Nissan ကားကုမ္ပဏီဟာ UK ဈေးကွက်ထဲ တည်ဆောက်နေမှုအချို့ ရပ်စဲခဲ့ပြီး Land Rover ကုမ္ပဏီမှာလည်း ဗြိတိသျှလုပ်သားပေါင်း (၄,၅၀၀) လောက်ကို အလုပ်မှ ထုတ်ပယ်ခဲ့ပါသေးတယ်။

Shutterstock

ကားထုတ်လုပ်ရေးလုပ်ငန်းဟာ UK မှာ ဆယ်စုနှစ် (၂) စုအကြာအထိ ထိပ်တန်းနေရာမှာ ရပ်တည်နေတာဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်တုန်းက ယူကေဝန်ကြီးချုပ် Theresa May နဲ့ ဥရောပသမဂ္ဂတို့ စီးပွားရေးအရ ငြှိနှိုင်းမှုတွေပြုလုပ်အပြီးမှာကတည်းက စည်းမျဉ်းစည်းကမ်းသစ်တွေကြောင့် ပိတ်သိမ်းခဲ့ရတဲ့ စက်ရုံတွေရှိနေပါတယ်။

READ
အိန္ဒိယတွင် မြစ်ရေထဲ ဆင်းတဲ့ခွေးတွေ ရေထုညစ်ညမ်းမှုကြောင့် အပြာရောင်သို့ပြောင်းနေ
AP

Swindon စက်ရုံမှာတော့ ဈေးကွက်ထဲရောင်းအားကောင်းနေတဲ့ Honda Civic hatchback ကားကို ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ ပိတ်သိမ်းဖို့အကြောင်းဖန်လာပြီး ၂၀၂၁ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ Swindon စက်ရုံအစား ပြန်တည်ထောင်သွားမယ်လို့သိရပါတယ်။ ဒီအပြင် နောက်ထပ်ထုတ်လုပ်မှုတွေကို တူရကီမှာရှိတဲ့ စက်ရုံမှာထုတ်ဖို့အတွက် လျာထားတယ်လို့သိရပါတယ်။

AFP

Honda ရဲ့ ရှယ်ယာတွေဟာ ဒီသတင်းထုတ်ပြန်ပြီးပြီးချင်း မနက်မှာပဲ ၀.၄% (၂,၉၉၁.၅ ယွမ်) ကျဆင်းသွားခဲ့ပါတယ်။ EU နဲ့ ဂျပန်တို့ရဲ့ စီးပွားရေးဆိုင်ရာသဘောတူညီချက်အရ ၂၀၁၉ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှစတင်ကာ ၁၀%အထိ လျှော့ချခိုင်းခဲ့ပြီး နောက် (၁၀) နှစ်မှာတော့ ဂျပန်မှမော်တော်ယာဉ်တင်သွင်းမှုကို လုံးဝဖြတ်တောက်ဖို့လည်း စီစဉ်ထားတာဖြစ်ပါတယ်။

REX

Source: Daily Mail, SCMP

Penny

SHARE