နာမည်ကြီးပါမယ်ဆိုမှ တစ်ချိန်က အတိတ်တွေပြန်ပေါ်လာခဲ့တဲ့ ဟောင်ကောင်မင်းသမီးလေး

Louis Cha ရဲ့ နာမည်ကျော် ၀တ္ထုဖြစ်တဲ့ Heavenly Sword and the Dragon Sabre (1986) စီးရီးကို နောက်ဆုံးဗာရှင်းအဖြစ် အသစ်ပြန်လည် ရိုက်ကူးပုံဖော်ရာမှာ မင်းသမီးနေရာက ပါဝင်ခဲ့တဲ့ Kabby Hui Nga Ting ဟာ ပရိတ်သတ်ရဲ့ အားပေးမှုကို တော်တော်လေးရရှိခဲ့ပါတယ်။ Heaven Sword and the Dragon Sabre ကိုတော့ မြန်မာပရိသတ်တွေကတော့ “နဂါးနိုင်ဓား” ဆိုပြီး သိကြပါတယ်။ ၀တ္တုကလည်း အလွန်အောင်မြင်သလို ရုပ်သံစီးရီးအဖြစ် ရိုက်ကူးခဲ့ရာမှာလည်း အောင်မြင်လွန်းလို့ အကြိမ်ကြိမ် ပြန်လည်ရိုက်ကူးခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။

မကြာသေးခင်ကမှ ထွက်ပေါ်လာခဲ့တဲ့ သူမရဲ့ အတိတ်က အကြောင်းတစ်ရပ်ကြောင့် ပရိတ်သတ် တစ်ချို့မှာ အသည်းတွေကွဲခဲ့ရပါတယ်။ သူမဟာ အနုပညာ လမ်းခရီးအစကို အညှီအဟောက် ရုပ်ရှင်တွေနဲ့ စတင်ခဲ့တယ်ဆိုတဲ့ ထုတ်ဖော်မှုတွေရှိလာခဲ့တယ်လို့ China Press ကလည်း ဖော်ပြထားတာတွေ့ရပါတယ်။

READ
အလောင်းအစားလုပ်ပြီး Body Transformation လုပ်ပြခဲ့ကြတဲ့ သူတို့

https://www.instagram.com/p/BuLtcNggOQK/

အသက် ၂၄ နှစ်အရွယ် မော်ဒယ်မင်းသမီးဟာ ရုပ်ရှင်ထဲမှာ ချစ်စဖွယ်ကောင်းတဲ့ Xiao Zhao နေရာက သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇာတ်ကောင်ရဲ့ ချစ်ကြိုက်ခံရသူပါ။

သူမဟာ Xiao Zhao ဇာတ်ရုပ်နဲ့ အလွန်လိုက်ညီမှုရှိတာကြောင့် တော်တော်လေး ချီးမွှမ်းခံခဲ့ရပါတယ်။ အဲ့ဒီ့နောက်မှာ ပရိသတ်တွေက ထုံးစံအတိုင်း အနုပညာနောက်ကြောင်း လိုက်လှန်လှောတော့တာပေါ့။ အဲ့ဒီ့မှာ ပရိတ်သတ်တစ်ယောက်က သူမ ၂၀၁၃ ခုနှစ်တုန်းက ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ အပြာကားအနုစားကို အမှတ်မထင် သွားတွေ့တယ်။

အဲ့ဒီ့ရုပ်ရှင်နာမည်က May We Chat ဖြစ်ပြီး သူမက ငယ်ရွယ်တဲ့ ပြည့်တန်ဆာတစ်ယောက် နေရာကနေ ပါဝင်ခဲ့တာပါ။ ဟောင်ကောင်က စူပါစတားတစ်ယောက်ဖြစ်တဲ့ Aaron Kwok ကတောင် သူမရဲ့ ဇာတ်ဝင်ခန်းတွေက အလွန့်အလွန် သဘာဝကျတယ်လို့ ပြောခဲ့ပါတယ်။ အခုလောလောဆယ်မှာ Hui နဲ့ Aaron Kwok တို့ဟာ ဒိတ်နေကြတယ်လို့ ထွက်နေတဲ့ ကောလဟာလတစ်ချို့လည်း ရှိပါတယ်။

READ
ပရိသတ်မသိသေးတဲ့ "Princess Hours "ထဲက အနမ်းဇာတ်ဝင်ခန်းရဲ့ လျှို့ဝှက်ချက်

https://www.instagram.com/p/BwW4emvh7XK/

May We Chat နဲ့ ပွဲထွက်ခဲ့ပြီး တစ်ခြားသော ဟောင်ကောင် ဒရာမာတွေထဲမှာ ပါဝင်ခဲ့တာတွေလည်း ရှိခဲ့ပေမယ့် အခုလိုပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ရတာကတော့ အခု Heaven Sword and the Dragon Sabre မှာ အောင်မြင်လာမှပါ။

View this post on Instagram

【《微交少女》 (May We Chat) Blu-ray / DVD / VCD Out now!】★★★《踏血尋梅》導演 翁子光 自編自導 ★★★ 三名互不相識的叛逆少女 透過網絡 互相認識 為錢、為愛、為友情  各自走上不歸路 我哋嘅世界 唔駛佢哋明 微交少女延續靚妹仔坎坷命途 故事簡介:故事講述三個不同階層及生活背景的少女(許雅婷、李靜儀、蔚雨芯 飾)之命運交錯,三人通過手機微信認識,從素未謀面到捲入牽涉黑社會及毒品的亡命尋人事件,更遇上當年《靚妹仔》主角Irene(溫碧霞 飾)及「長樂街」Peter仔(麥德和 飾),新一代叛逆青春在新時代再一次併發驚心火花…… #微交少女 #MayWeChat #翁子光 #踏血尋梅 #GoldenSceneHK #PanoramaVideoHK Golden Scene Co. Ltd. – Film

A post shared by Panorama Entertainment (@panorama.films) on

https://www.instagram.com/p/BtiIlddAgQF/

Matthew (ShweMOM)

SHARE