စီးပွားရေးပြန်လည် ဦးမော့ဖို့ ပြည်သူ(၇) သန်းကို ဒေါ်လာထောင်ချီပေးမယ့် ဟောင်ကောင်

pexels/Jimmy Chan, edition.cnn

ဟောင်ကောင်ဟာ ဆန္ဒပြပွဲအဓိကရုဏ်းတွေနဲ့ ကမ္ဘာနဲ့အ၀ှမ်းဖြစ်ပွားနေတဲ့ လတ်တလော ကျန်းမာရေးပြဿနာတွေကြားမှာ နိုင်ငံစီးပွားရေးက အနုတ်လက္ခဏာဘက်ဆီ ဦးတည်လာခဲ့ပါတယ်။ (၂၆.၂.၂၀၂၀)တုန်းက အာရှစီးပွားရေးဆိုင်ရာကလပ်က ကြေညာခဲ့ရာမှာ ဟောင်ကောင်အစိုးရက ဟောင်ကောင်ဒေါ်လာဘီလီယံ (၁၂၀) ကို အသက်(၁၈) ပြည့်ပြီးသူနိုင်ငံသားအယောက်စီတိုင်းအတွက် ဟောင်ကောင်ဒေါ်လာတစ်သောင်း (အမေရိကန်ဒေါ်လာ ၁,၂၈၀) ကျစီ သုံးစွဲဖို့အခမဲ့ပေးသွားမှာ ဖြစ်တဲ့အကြောင်း CNN သတင်းအရ သိရပါတယ်။

ဒီပရိုဂရမ်ကို နိုင်ငံသား(၇) သန်းခန့် အကျိုးခံစားခွင့်ရရှိကြမှာပါ။ ဘဏ္ဍာရေးအတွင်းရေးမှုး ပေါလ်ချန်က (၂၀၁၉) ခုနှစ်ရဲ့ တတိယပိုင်းလောက်ကစလာတဲ့ စီးပွားရေးဆုတ်ယုတ်မှုကြောင့် နိုင်ငံဘဏ္ဍာငွေဟာ လွန်ခဲ့တဲ့(၁၅) နှစ်တာအတွင်း ပထမဆုံးအကြိမ်လိုငွေပြနေတယ်လို့ ဆိုပါတယ်။ ၄င်းဟာ နောက်နှစ် (၂၀၂၁) ခုနှစ်မတ်လ ဘဏ္ဍာနှစ်အထိ လိုငွေပြခြင်းဖြင့် နိုင်ငံရဲ့ GDP ကို (၄.၈) ရာခိုင်နှုန်းထိ ထိခိုက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

READ
တကယ့်အလှစစ်ဆိုတာ ဆံပင်ရှည်မှပြည်စုံကြောင်း သက်ရှိ ‘Rapunzel’မလေး ဖွင့်ဟ

ချန်က ဟောင်ကောင်ရဲ့စီးပွားရေးဟာ ယခုနှစ်အတွင်း ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။ မနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ လပေါင်းများစွာကြာတဲ့ ဆန္ဒပြပွဲတွေ၊ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ အမေရိကန်-တရုတ် ကုန်သွယ်စစ်ပွဲနဲ့ နှေးကွေးလေးလံလာတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေတွေပေါင်းဆုံတာကြောင့် ဟောင်ကောင်ဟာလည်း စီးပွားရေးပျက်ကပ်ဆိုက်နေကြောင်း ဖော်ပြခဲ့တာပါ။

ဟောင်ကောင်အစိုးရဟာ ဟောင်ကောင်တွင်းနေထိုင်သူ အချို့သောပြည်သူတွေအတွက်လည်း ၀င်ငွေခွန်တွေကို သိသိသာသာလျှော့ချပေးသွားမယ်လို့ သိရပါတယ်။ ဒီခံစားခွင့်ကတော့ လက်ရှိ အခွန်ဆောင်နေတဲ့ပြည်သူ (၂) သန်းအပေါ်မှာ သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေဟာ ၀င်ငွေနည်းတဲ့ ပြည်သူတွေအတွက်လည်း တစ်လအခမဲ့ငှားရမ်းနေထိုင်ခွင့်ပေးမယ့် အိမ်ရာတွေစီစဉ်ပေးဖို့ ရှိနေပါတယ်။

pexels/Nextvoyage

ဘဏ္ဍာရေးအတွင်းရေးမှုးချန်ကတော့ လတ်တလောဖြစ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးပြဿနာကြီးကြောင့် ဟောင်ကောင်ဟာ အဓိက စီးပွားရေးကျဆင်းနေကြောင်းလည်း ဒီပြဿနာကြီးပြီးသွားတဲ့အခါ ဟောင်ကောင်စီးပွားရေးလည်း ပြန်လည်နလန်ထူလာလိမ့်လို့ ယူဆထားကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE