ဆန္ဒပြပွဲထဲ ပါဝင်သူတွေကို အရေးယူနိုင်ဖို့ နည်းလမ်းသစ်တွေ့ထားတဲ့ ဟောင်ကောင်ရဲများ

Facebook/Hong Kong Police

ဟောင်ကောင်ရဲတွေဟာ ဆန္ဒပြပွဲအတွင်း ပါဝင်သူတွေကို ခြေရာခံလိုက်နိုင်ဖို့အတွက် ဆိုးဆေးဖြန်းတဲ့နည်းကို အသုံးပြုမည်ဖြစ်ကြောင်း Insider သတင်းအရ သိရပါတယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့မှ ရဲဌာနမှုး လူးဝစ်စ်လျိုစူပေါင်းကတော့ ဖေ့စ်ဘုတ်ပေါ်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ ဆိုးဆေးဖြန်းတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြသွားခဲ့ပါတယ်။

Facebook/Hong Kong Police

၎င်းဆိုးဆေးဟာ ဆိုးဆေးအရည်ဖြစ်ပါတယ်။ လူတွေဝမ်းထဲရောက်လည်း အန္တရာယ်မရှိပါဘူး။ ရဲတပ်ဖွဲ့အရ ၄င်းဆိုးဆေးရည်ကို သူ့အာနိသင်ပိုမိုကြီးထွားစေဖို့အတွက် မျက်ရည်ယိုဂက်စ်လို အရာမျိုးနဲ့ ရောစပ်အသုံးပြုတာမျိုးတွေလည်း လုပ်နိုင်ပါတယ်။ ၄င်းဆိုးဆေးတွေကို ဖြန်းလိုက်တာနဲ့ ဆိုးဆေးဟာ အရေပြားနဲ့ အ၀တ်အစားမှာ စွန်းထင်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆိုးဆေးဟာ မိမိကိုယ်ကို မည်သူမည်ဝါမှန်း မရိပ်မိစေရအောင် မျက်နှာဖုံးတွေတပ်၊ မျက်မှန်တွေတပ်ပြီးလာတဲ့ ဆန္ဒပြသူတွေကို အလွယ်တကူ အမှတ်အသားပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Facebook/Hong Kong Police

ဟောင်ကောင်ဆန္ဒပြပွဲ ရက်သတ္တပတ်တွေအတွင်းမှာတော့ ရဲတွေဟာ လူစုခွဲတဲ့နည်းတွေဖြစ်တဲ့ ရာဘာကျည်ဖူးတွေနဲ့ ပစ်ခတ်တာ၊ မျက်ရည်ယိုဗုံးတွေချတာနဲ့ ရေပိုက်သုံးတာမျိုးတွေကို ပြုလုပ်ခဲ့ကြပါတယ်။ သို့ပေမယ့် ဆန္ဒပြပွဲဟာ (၄) လကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပေမယ့်လည်း အရှိန်လျော့ကျသွားတဲ့ အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။

READ
ဟာဗေ၀ိန်းစတိန်းရဲ့ အဓမ္မကျင့်မှုကိုခံခဲ့ရကြောင်းထုတ်ဖော်ခဲ့တဲ့ မင်းသမီး နာတက်စီယာ
Facebook/Hong Kong Police

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတောအတွင်းမှာတော့ ဆန္ဒပြပွဲဟာ တော်တော်လေးပြင်းထန်ခဲ့ပြီး အကြမ်းဖက်မှုအသွင်ကို ကူးပြောင်းခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲစခန်းတွေအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြကာ တချို့အများပိုင်ပစ္စည်းတွေဟာ ဖျက်ဆီးခံရတဲ့အပြင် လမ်းဆုံလမ်းခွတွေရဲ့ အရေးကြီးနေရာတွေကိုလည်း ပိတ်ဆို့ထားခဲ့ကြပါတယ်။

【警察快訊】(2019-08-04)

【警察快訊】對於有關染有顏色的液體,俗稱顏色水,這項裝備,劉肇邦警司有以下的訊息。Regarding the equipment of liquid dye, or commonly known as liquid colour, Superintendent Louis Lau Siu-pong has the following messages.

Posted by 香港警察 Hong Kong Police on Sunday, 4 August 2019

ဆန္ဒပြသူတွေရဲ့ အခြေအနေဟာ တဖြည်းဖြည်းဆိုးဝါးလာနေခဲ့ပြီး အခြားပြည်သူတွေသွားလာလို့မရအောင် ရထားတွေနဲ့ လူသွားပလတ်ဖောင်းတွေကို တားဆီးပိတ်ပင်တာမျိုးတွေတောင် ဖြစ်လာခဲ့တာပါ။ ဟောင်ကောင်အကြီးအကဲတစ်ဦးဖြစ်သူ ကာရီလန်းမ်ကတော့ ဟောင်ကောင်ဟာ အန္တရာယ်ကြားတဲ့ရောက်နေပြီး ဆန္ဒပြသူတွေကြောင့် မြို့ရဲ့ လုံခြုံရေးဟာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်းလည်း ဖော်ပြသွားခဲ့ပါတယ်။

READ
Couple Goal ဆိုပြီးရိုက်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံကြောင့် အပြင်းအထန်ရှုံ့ချခံနေရတဲ့စုံတွဲ

လင်းလင်း (ShweMom)

SHARE