လူနာကို အတွင်းကလီစာအချင်းချင်း မှားထုတ်ပေးလိုက်တဲ့ ဟောင်ကောင်ကဆေးရုံကြီး

ကိုယ်တွင်းကလီစာတွေဆိုတာ ကျွန်တော်တို့လူသားတွေအတွက်တော့ သိပ်ကိုအရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်လှုပ်ရှားနေကြရပါတယ်။ တချို့အတွင်းကလီစာတွေကတော့ ရောဂါဖြစ်လာတဲ့အခါမျိုး ပမာဏအနည်းငယ်လောက် ဖြတ်တောက်ပစ်လို့ရနိုင်ပြီး စံလိုက်ရှိတဲ့ တချို့ကလီစာတွေကျတော့လည်း တစ်ဖက်ကို ဖယ်ရှားပစ်ကာ ရောဂါမပျံ့ပွားအောင် တားဆီးနိုင်ပါတယ်။ ဒါပေမဲ့လည်း အတွင်းကလီစာတွေ အစုံလိုက်အကောင်းအတိုင်း ရှိနေတာကတော့ အကောင်းဆုံးပေါ့နော်။

Google Map

ဟောင်ကောင်က ပုဂ္ဂလိကဆေးရုံတစ်ရုံမှာတော့ လူနာတစ်ယောက်ရဲ့ ခွဲစိတ်မှုမှာ ကိုယ်တွင်းကလီစာအချင်းချင်း မှားယွင်းစွာ ဖယ်ထုတ်မိခဲ့တဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တကယ်တမ်း အန္တရာယ်ရှိလို့ ထုတ်ပစ်ရမျာက တစ်ခုဖြစ်ပြီး ပေါ့ဆမှုကြောင့် ဖြတ်တောက်ကာထုတ်ပစ်လိုက်တာ တခြားတစ်ခုဖြစ်လို့နေခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့တနုးက ဖြစ်ပွားခဲ့တာဖြစ်ပြီး ခွဲစိတ်မှုပြီးပြီးချင်း မသိခဲ့ဘဲ အချိန်အတော်ကြာကာမှ ခွဲစိတ်မှုမှတ်တမ်းကို ဖတ်မိခဲ့ရာကနေ လူနာရှင်တွေ ခေါင်းနားပမ်းကြီးသွားခဲ့ကြတာပါ။

shutterstock

အသက် ၅၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ကျောက်ကပ်တစ်ဖက်မှာ အသားလုံးလို အကျိတ်တစ်ခုတွေ့တာကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့အဲဒီတစ်ဖက်ကို ထုတ်ပစ်ရမယ်ဆိုတဲ့အတွက် မတ်လ ၂၅ ရက်နေ့မှာ Causeway Bay မှာရှိတဲ့ St. Paul’s ဆေးရုံမှာ ခွဲစိတ်မှုခံယူခဲ့ပါတယ်။ သို့ပေမယ့်လည်း ဆရာဝန်တွေရဲ့ ပေါ့ဆမှုကြောင့် အကျိတ်ရှိတဲ့ ကျောက်ကပ်အစား လူနာရဲ့ သရက်ရွက်ကို မှားယွင်းစွာ ထုတ်ပယ်မိခဲ့ပါတယ်။

READ
ခွေးနဲ့ Selfieရိုက်ဖို့ကြိုးစားရင်း မျက်နှာကိုခွေးကိုက်တာခံလိုက်ရတဲ့ကောင်လေး

ဒီအဖြစ်အပျက်တွေကို မသိဘဲ ဧပြီလ ၁၆ ရက်နေ့မှာတော့ ဆေးရုံမှ ဆင်းခဲ့ပြီး ခွဲစိတ်မှုနောက်ပိုင်း အခြေအနေတွေကို ပြန်လည်ပြသခဲ့ရာမှာတော့ ကလီစာမှားထုတ်မိပြီဆိုပြီး သိခဲ့ရပါတယ်။ သိသိချင်းမှာတင်ကိုပဲ ဆေးရုံအထက်အရာရှိတွေနဲ့ လူနာရှင်တွေ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး တာဝန်ယူခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကိုတော့ တာဝန်မှ ခေတ္တရပ်ဆိုင်းကာ တရားစွဲဆိုဖို့တွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

Handout

Source: South China Morning Post

Penny

SHARE