စားကျက်မြေတွေ ပျောက်ဆုံးကုန်တဲ့အတွက် လူကြားထဲထိလာပြီး အစာရှာဖွေခဲ့တဲ့ နွားရိုင်းများ

facebook/Stephen Law

ဟောင်ကောင်လမ်းမတွေပေါ်မှာ အရိုင်းစိတ်ရှိနေသေးတဲ့ နွားကောင်ရေ (၁,၁၀၀) လောက်ဟာ ဥဒဟိုသွားလာနေတတ်ပါတယ်။ နွားတွေက အရိုင်းစိတ်ရှိပေမယ့်လည်း ဒေသခံတွေနဲ့အတူ သဟဇာတဖြစ်စွာ နေထိုင်လာတာ ကြာနေပါပြီ။ သူတို့တွေ မီးပွိုင့်တွေမှာ လိုက်မနှောင့်ယှက်မချင်း၊ လမ်းမပေါ်တွေမှာ အပေါ့အလေးမစွန့်မချင်း၊ စူပါမားကတ်တွေထဲဝင်ပြီး ဟင်းသီးဟင်းရွက်တွေကို စိတ်ကြိုက်မစားသောက်မချင်းကတော့ လူတွေနဲ့ အဆင်ပြေလျက်ရှိပါတယ်။

ဒါပေမယ့် ယခုလအစောပိုင်းကတော့ နွား(၄) ကောင်ဟာ ၄င်းငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ကာ ဒေသစူပါမားကတ်တစ်ခုထဲ ၀င်ရောက်မွှေနှောက်ခဲ့ကြောင်း vice သတင်းအရ သိရပါတယ်။ နွားတွေဟာ ဟောင်ကောင် Mui Wo မြို့က Fusion ကုန်စုံဆိုင်စတိုးထဲ ၀င်ကာ အသီးတန်းနဲ့ ဟင်းသီးဟင်းရွက်တန်းတွေရှိရာဆီ ဦးတည်သွားခဲ့တာ ဖြစ်ပြီး  စိတ်ကြိုက် စားသောက်ခဲ့တာ ဖြစ်ပါတယ်။ အချိန်ကတော့ ည(၈) နာရီလောက်မှာပါ။

READ
ဘက်စ်ကားပေါ်မှာ နေရာတိုးခိုင်းမိရုံလေးနဲ့ ပါးကိုဖိနပ်နဲ့ အရိုက်ခံခဲ့ရသည့် ဖိလစ်ပိုင်သူလေး
facebook/Stephen Law

ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့ ဗီဒီယိုတစ်ခုမှာတော့ ဈေးဝယ်သူတွေဟာ တအံ့တသြနဲ့ဖြစ်နေကြပြီး နွားတွေကတော့ ဘယ်သူကိုမှ ဂရုမစိုက်ပဲ စူပါမားကတ်ထဲက အသီးအနှံစိမ်းတွေကို အားရစွာ စားနေခဲ့ကြတာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ စတိုးဆိုင်ဝန်ထမ်းတွေက သူတို့ကို ဆိုင်ထဲက မောင်းထုတ်ခဲ့ကြပါတယ်။

ခရိုင်ကောင်စီဝင်တစ်ဦးဖြစ်တဲ့ အန်ဒီဝမ်မန်ဟွန်ကတော့ Mui Wo မြို့ထဲမှာ နွားရိုင်းအကောင် (၃၀) လောက်ရှိတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီလောက်ကောင်ရေများတဲ့ နွားတွေရှိပေမယ့်လည်း နွားတွေ ဆိုင်ထဲဝင်နှောင့်ယှက်တဲ့ဖြစ်ရပ်ဟာ ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်း အန်ဒီက ဆိုခဲ့ပြီး နောက်တစ်ကြိမ်ထပ်ဖြစ်မှာကိုလည်း သူက စိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကလည်း South China Morning Post က ဟောင်ကောင်ရဲ့ နွားရိုင်းပြဿနာနဲ့ ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ဖူးပါသေးတယ်။ ဆောင်းပါးထဲမှာတော့ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာတဲ့ မြို့ပြချဲ့ထွင်မှုတွေကြောင့် ကျေးလက်ဒေသက စားကျက်မြေတွေပါပျောက်ဆုံးလာကြောင်းနဲ့ တောရိုင်းသတ္တ၀ါမျိုးစိတ် အမျိုးမျိုးတို့ဟာ လူတွေရှိရာနေရာထိ လာရောက်ကျက်စားလာကြကြောင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

READ
မီးဖိုချောင်ပစ္စည်းတွေသုံးပြီး အံ့သြဖွယ်ရာ မိတ်ကပ်အစွမ်းပြခဲ့တဲ့ ကောင်မလေး

Lantau Buffalo Association မှ Ho Loy ဆိုသူကတော့ နွားရိုင်းတွေဟာ အရင်တုန်းက မြေနေရာလွတ်တွေအများကြီးရှိလို့ သူတို့စားကျက်မြေအတွက် အဆင်ပြေကြောင်း၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူတွေက သူတို့စားကျက်မြေနေရာမှာ အဆောက်အဦးတွေ ဆောက်လုပ်လာတဲ့အတွက် နွားတွေဟာ အစာရှာဖွေစားသောက်ရာမှာ အခက်တွေ့နေရကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

#互聯網轉載離島超市🛒🐮🐮🐮隻牛食開年大餐

Posted by Stephen Law on Thursday, 7 February 2019

လင်းလင်း (ShweMom)

SHARE