ဟောင်ကောင် လောင်းကစား ဘုရင်ကြီး Stanley Ho ကွယ်လွန်

Image:IG/Mario Ho

ဟောင်ကောင်ရဲ့ tycoon  သူဌေးကြီး Stanley Ho က တော့ လောင်းကစားလောရဲ့ ဘုရင်ကြီး လို့ သတ်မှတ် ခံ ထားရသူပါ။အာရှ ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် တွေ ထဲက တစ်ယောက်ပါ။Macau ကို လောင်းကစားမြို့ တော် ကြီး ဖြစ် အောင် ပြောင်းလဲ ပစ်ခဲ့သူကြီးပါ။မေလ (၂၆)ရက်နေ့ကHong Kong Sanatorium ဆေးရုံ မှာ  ကွယ်လွန်ခဲ့တြာ ဖစ်ပြီး ကွယ်လွန် ချိန် မှာတော့ Stanley Ho  ရဲ့ အသက်က (၉၈)နှစ်ရှိ နေပါပြီ။ဒီသတင်းကိုတော့ BBC နဲ့ Asia One တို့မှာ ဖော်ပြ ထားတာပါ။

 

View this post on Instagram

 

Happy Father’s Day 🙂

A post shared by Mario Ho (@momomarioho) on

ကွယ် လွန် သွားတဲ့ သတင်းကိုတော့ သမီးဖြစ်သူ Ho က သတင်းထောက် တွေ ကို ပြော ပြခဲ့တာပါ။ဖခင်ဖြစ် သူ ဟာ မေ လ (၂၆)ရက်နေ့ ဒေသစံ တော်ချိန် နေ့လည် တစ်နာရီက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကွယ်လွန်သွားပါပြီ လို့ ပြော ခဲ့တာ ပါ။Stanley Ho  ကတော့ လောင်းကစား businesses ဖြစ်တဲ့ SJM Holdings ရဲ့ ထူထောင်သူ ၊ဥက္ကဌ တစ်ယော က် ပါ။အာရှရဲ့ အချမ်းသာဆုံး ဘီလီယံ နာ လုပ်ငန်း ရှင် တစ်ယောက် ဖြစ်ပြီး SJM Holdings ရဲ့ တန် ဖိုးက တော့ အ မေရိကန် ဒေါ်လာ (၆)ဘီလီယံ ရှိပါ တယ်။(၁၉၆၀)လောက် တုန်းက အစိုးရ ရဲ့  monopoly licence ကို အနိုင်ရ ခဲ့ ပြီးနောက် casino business  ကို ကြီးစိုးခဲ့တာပါ။သူရွေးချယ်တဲ့ လောင်းကစားစီးပွားရေးလုပ်ငန်းက မှန်ကန် ခဲ့ပါတယ်။စီးပွားရေးတွေ တဖြည်းဖြည်း တိုး တက်လာခဲ့ပြီး နောက်ဆုံးမှာ တော့ Macau အပြင် ပေါ်တူဂီ ၊မြောက် ကိုရီးယား . အစရှိတဲ့ တခြား နိုင်ငံ တွေ အထိပါ သူ့ရဲ့ စီးပွားရေးနဲ့ အ ဆောက် အအုံ တွေ ကို ချဲ့ ထွင် နိုင်ခဲ့ပါတယ်။

READ
Spider-Man ကိစ္စကြောင့် Sonyနဲ့MCUကိုတင်းပြီး Twitterမှာသောင်းကျန်းနေကြသူများ
Image:IG/Mario Ho

သူ့ရဲ့ ပုဂ္ဂိုလ် ရေး ပိုင်ဆိုင်မှု ကတော့ (၂၀၁၈)မှာ ဆိုရင် အ မေရိကန် ဒေါ်လာ (၆.၄)ဘီလီယံ ရှိခဲ့ပါတယ်။သူ့ အ သ က် (၉၇)နှစ် ပြည့် မွေးနေ့ မတိုင်ခင် လပိုင်းမှာ တော့ လောင်းကစားစီးပွား ရေး လုပ်ငန်း အုပ် ချုပ် မှု တွေ က နေ အနားယူခဲ့ပါတယ်။SJM  ကတော့ အခုလက်ရှိမှာဆိုရင် Macau က ကာစီနို (၂၀) ကို ပိုင်ဆိုင်ထားပါတယ်။Stanley Ho မှာတော့ ဇနီး (၄) ယောက်ရှိပါတယ်။သားသမီး ကတော့ (၁၇)ယောက် ရှိပါတယ်။ဇနီးတွေ များ၊သားသမီးတွေ များ တာမို့ (၂၀၁၂)တုန်းက ဆိုရင် မိသားစုတွေ ကြားမှာ ဥ ပ ဒေ ရေးရာ ကိစ္စ တွေ တောင်မှ ပေါ် လာခဲ့ဖူးပါတယ်။ သားသမီးတ စ်ချို့က တော့ သူတို့ ကိုယ်ပိုင် လောင်းကစားလုပ်ငန်းတွေ ကို လုပ် ကိုင် နေကြတာတွေ လည်း ရှိပါ တယ်။ သမီး ဖြစ်သူ Pansy  ကတော့ MGM Resorts ရဲ့ ပူးတွဲ ဥက္ကဌ ၊သားဖြစ်သူ Lawrence  ကတော့ Melco Resorts & Entertainment တို့ ကို ထူထောင် ထားပါတယ်။

#SHWEMOM

SHARE