မင်္ဂလာပွဲအတွက် (၆၆) ပေါင် လောက်ဝိတ်ချခဲ့တဲ့ Hong Yoon Hwa

Hong Yoon Hwa ကတော့ အသက်(၃၀) အရွယ်ဟာသ သရုပ်ဆောင်တစ်ယောက်ပါ။ Variety show တွေမှာ လည်း ပါဝင်ပေးတတ်သူ တစ်ယောက်ပါ။ နိုဝင်ဘာ(၁၇)ရက်နေ့မှာတော့ သူမချစ်ရတဲ့ ချစ်သူ Kim Min Ki  နဲ့ လက်ထပ် လိုက်ပါတယ်။မင်္ဂလာပွဲမှာတော့ Kim Min Ki  က သူကိုယ်တိုင်ရေးစပ်ထားတဲ့ “We’re Getting Marr ied” ဆိုတဲ့ သီချင်းလေးကို Hong Yoon Hwa အတွက် သီဆိုပေးခဲ့ပါတယ်။နှစ်ယောက်လုံးက ဟာသအနုပညာရှင် တွေပါ။

soompi
soompi.

SBS ရဲ့ “People Looking for a Laugh” မှာ တွေ့ဆုံခဲ့တာပါ။(၂၀၁၀)ဧပြီတည်းက တွဲလာခဲ့တာဖြစ်ပြီး ချစ်သူ သက်တမ်း(၉)နှစ်နီးပါးလောက်ကြာခဲ့ပါတယ်။တွဲနေတဲ့ အကြောင်းကိုတော့ (၂၀၁၁)မှာ ပရိသတ်တွေ ကို အသိပေး ခဲ့တာပါ။Hong Yoon Hwa က သူမရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ” ကျမတို့နှစ်ယောက်ရဲ့ ပတ်သက်မှု ကို တွဲပြီး သိပ် မကြာခင်မှာပဲ အသိပေးခဲ့တာပါ။ဂုဏ်ပြုစကားပြောတဲ့သူတွေ အများကြီးကိုလည်း ကျေးဇူးတင်ပါတယ်…ဆိုရှယ်မီဒီယာ ကနေ ကျမမသိတဲ့သူတွေဆီကနေလည်း ဂုဏ်ပြုစကားတွေ အများကြီးရခဲ့ပါတယ်။အဲ့ဒီအတွက်လည်း ကျေးဇူး တင်ပါတယ်..” လို့ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးရမင်္ဂလာဓါတ်ပုံ လေးတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
soompi
soompi.
soompi.
soompi.

မင်္ဂလာပွဲအတွက်Hong Yoon Hwa တစ်ယောက် ပေါင်(၃၀ kg) ပေါင်နဲ့ဆိုရင် (၆၆) ပေါင်နီးပါး ၀ိတ် ချခဲ့ပါတယ်။ဒီ အကြောင်းကလည်း ပရိသတ်တွေ အတွက် အရမ်းကို စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ဝိတ်ချလိုက်တာနဲ့ပတ်သက်ပြီး ..” ကျမရဲ့ သတို့သမီးဝတ်စုံကြောင့် ၀ိတ်ချဖို့ ကြိုးစားခဲ့တာပါ။ဝိတ်ချရပေမယ့် ကျမစားချင်တာတွေကို မစားရလို့ တော်တော် လေး ဒုက္ခရောက်ခဲ့ရသေးတယ်… Diet လုပ်ရတာ အရမ်းခက်တာပဲ..အရသာရှိတဲ့ အစားအစာတွေကို ကြည့်ပဲ ကြည့်ပြီး မစားရတာကလေ..ပြီးတော့ ကျမ တစ်ပတ်မှာ (၄)ကြိမ်အားကစားလုပ်တယ်..အရမ်းကို စိတ်ဖိစီးမှုတွေ များ ခဲ့တယ်..ဒါပေမယ့် ကျမရဲ့ ကျန်းမာရေး ပိုကောင်းလာတယ်..မနက်တိုင်းမျက်လုံးဖွင့်လိုက်တာနဲ့ ကျမရဲ့ ခန္ဓာကိုယ်က ပိုပြီး ပေါ့ပါးလာတယ်လို့ ခံစားရတယ်..ပိုပြီးလည်း လန်းဆန်းတက်ကြွလာတယ်..အိပ်နေရင်တောင် အရင်က ထက်ပိုပြီး သက်သောင့်သက်သာရှိလာတယ်..ပိုကျန်းမာတယ်လို့ ခံစားရတယ်..” လို့ ပြောခဲ့ပါတယ်။

READ
မွေးနေ့မှာ ပရိသတ်တွေအတွက် LIVE လွှင့်ပေးခဲ့တဲ့ ဖွေးဖွေး
soompi.
soompi.
soompi.
soompi.
Source soompi

 

SHARE