စားရေရိက္ခာပေါများဖို့အတွက် ထူးခြားတဲ့နည်းလမ်းနဲ့ ပွဲတော်ဆင်နွှဲနေကြသူများ

(၂၀၁၉) ခုနှစ် ဧပြီလ()ရက်နေ့တုန်းက ထောင်ပေါင်းများစွာသော အိန္ဒိယတောင်ပိုင်းက လူတွေဟာ Pidakala War ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။ ကျန်းမာသုခ အကျိုးစီးပွားအဖြာဖြာနဲ့ ပြည်စုံစေခြင်းအလို့ငှာ ပွဲတော်ကို ဆင်နွှဲကြတာ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်းလိုလို အိန္ဒိယနိုင်ငံတောင်ပိုင်းက ကာနူးလ်မြို့က ကရက်ပ်ပါလာရွာလေးမှာ ဒီပွဲတော်ကို ရိုးရာပွဲတော်အဖြစ် ကျင်းပပါတယ်။ Pidakala War ဟာ နွေဦးရာသီပွဲတော် Ugandi ပြီးတဲ့နောက်မှ ကျင်းပတဲ့ပွဲတော်ဖြစ်ပါတယ်။

newsflare

ပွဲတော်ဟာ ဒဏ္ဏာရီလာပုံပြင်ထဲက နတ်ဘုရားနှစ်ပါးရဲ့ အငြင်းပွားမှူတစ်ခုအပေါ်မှာ အခြေခံထားတာပါ။ ပွဲတော်မှာ ပါဝင်ဆင်နွှဲသူတွေဟာ ဘက်နှစ်ဘက်ခွဲပြီး ပါဝင်ရပါတယ်။ တစ်ဖက်က နတ်ဘုရားမ Bhadrakali အတွက် တိုက်ခိုက်သူတွေဖြစ်ပြီး အခြားတစ်ဖက်ကတော့ နတ်ဘုရားရှီဗာရဲ့ ကြောက်မက်ဖွယ်အသွင်အပြင်တစ်မျိုးဖြစ်တဲ့ Lord Veerabhadraswamy ဖက် က တိုက်ခိုက်မယ့်သူတွေ ဖြစ်ပါတယ်။

newsflare

ဇာတ်ကြောင်းကတော့ Lord Veerabhadraswamy ဟာ Bhadrakali ကို လက်ထပ်ချင်ပေမယ့် သူတို့ကြားထဲမှာ အချင်းချင်း ကတောက်ကဆလေးတွေ ဖြစ်နေတာကို ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါဟာ နှောင်းပိုင်းရောက်တဲ့အခါ အစဉ်အလာတစ်ခုဖြစ်လာခဲ့ပြီး ရွာသားတွေအနေနဲ့ ဆန်ရေစပါးပေါကြွယ်ဝအောင် ၊ ကျန်းမာရေးကောင်းအောင် ဆိုပြီး နတ်ဘုရားတွေရဲ့ ဒဏ္ဏာရီကို ဂုဏ်တင်လိုတဲ့သဘောနဲ့ နွားချေးမြေသြဇာတွေကို ပစ်ပေါက်လာခဲ့ကြတာပါ။

newsflare

ပါဝင်ဆင်နွှဲသူတွေဟာ တစ်ဖက်နဲ့ တစ်ဖက်ကို မြေသြဇာအဖြစ် ပြုလုပ်ထားတဲ့ နွားချေးတုံးတွေနဲ့ အပြန်အလှန်ပစ်ပေါက် ဆော့ကြပါတယ်။ ပွဲတော်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ ပွဲတော်တွင်းမှာ ဆော့ကစားရင်း တကယ့် ရန်ပွဲတွေ မဖြစ်ဖို့ ရဲတွေက စောင့်ကြည့်နေတာကိုလည်း အခုလို တွေ့ရပါတယ်။

လင်းလင်း (ShweMom)

READ
အလုပ်အလွန်အကျွံလုပ်မှုကို တားဆီးဖို့ ဥပဒေသစ်ထုတ်လိုက်တဲ့ တောင်ကိုရီးယား

Ref: Dailymail

SHARE