ရုတ်တရက် အသက်ဝင်ပြီး၊ စားပွဲပေါ်မှခုန်ဆင်းခဲ့တဲ့ ကြက်သားအစိမ်းရဲ့ ထိတ်လန့်ဖွယ်ဗီဒီယို

shutterstock/By Milkovasa

စားသောက်ဆိုင်ရဲ့ စားပွဲတစ်ခုပေါ်မှ တုံးတစ်ပြီးတင်ထားတဲ့ ကြက်သားအစိမ်းတုံးတွေအနက်၊ ကြက်သားတစ်တုံးဟာ သက်ဝင်လှုပ်ရှားလာပြီး၊ စားပွဲခုန်အောက်ကို ခုန်ဆင်းမှုခဲ့မှု ဗွီဒီယိုဖိုင်ဟာ ကြည့်ရှုသူ သန်းနဲ့ချီရှိခဲ့ကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက် ဘယ်မှာ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ သတင်းမှာ မဖော်ပြထားပါဘူး။

တစ်ချို့သော ကြက်တွေဟာ ခေါင်းကို ဖြတ်လိုက်တာတောင်မှာ ခန္ဓာကိုယ်ကြီး ဆက်ပြီးပြေးနေတတ်တယ်ဆိုတာ ထောက်ရှုခြင်းအားဖြင့် မချက်ပြုတ်ရသေးတဲ့ အသားစိမ်းတွေ သက်ဝင်လာသလို လှုပ်ရှားမှုတွေ ရှိနေခြင်းကလည်း သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။

shutterstock/By Anton Starikov

ဒါပေမယ့် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေတွေမို့ ထူးဆန်းမှုတွေ ပေးစွမ်းနေဆဲပါ။ အခု ဗွီဒီယိုထဲမှာ ကြက်သားတွေ တုံးတစ်ထားတဲ့ ပန်းကန်ပြားကို ပြသထားပြီး၊ ကြက်သားတုံးက လူးလွန့်လှုပ်ရှားပြီး၊ အောက်ကို ခုန်ဆင်းသွားတဲ့ မြင်ကွင်းဟာ ရှင်းရှင်းလင်းလင်းပါဘဲ။ အမျိုးသမီးတစ်ယောက်ရဲ့ အလန့်တကြား အသံကိုတောင် ကြားရပါတယ်။

READ
နေ့ခင်းကြောင်တောင်ကြီး ပိုင်ရှင်ရှေ့မှာတင် ပစ္စည်းအခိုးခံလိုက်ရတဲ့ ဖြစ်ရပ်များ

ဒီဗွီဒီယိုဖိုင်ကို Rie Phillips အမည်ရ အမျိုးသမီးက လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာပါ။ တော်တော်များများကတော့ လက်လက်ဆက်ဆက် ခုတ်ထစ်ထားတဲ့ ကြက်သားမို့ အသားအတွင်းပိုင်းက အာရုံကြောစနစ်တွေ အလုပ်လုပ်နေဆဲ ဖြစ်လို့၊ အခုလို ခုန်ဆင်းခဲ့တာလို့ ယူဆကြပါတယ်။

မှတ်ချက်ရေးသူတစ်ဦးကတော့ “ဒါ ဖြစ်နိုင်တယ်၊ ဘာလို့လဲဆိုတော့ အသားက လက်လက်ဆက်ဆက်ကြီး၊ အဲဒီတော့ ကြွက်သားတွေက လှုပ်နေနိုင်တယ်… “လို့ ရေးထားခဲ့တယ်။ လူနောက်တစ်ဦးကတော့ “ဟ… မင်းကတောင် လမ်းလျောက်မှတော့ ငါကလည်း လမ်းလျောက်မှာပေါ့…”လို့ အရွှန်းဖောက် ရေးသားခဲ့ပါတယ်။

https://www.facebook.com/muggsy1974/videos/2437027786347595/

သတင်းစကားတွေအရ ထိုင်းမှာ ခေါင်းပြတ်ပြီး သွေးထွက်နေတဲ့ ကြက်တစ်ကောင်ဟာ တစ်ပတ်ကြာအောင် အသက်ရှင်နေခဲ့ကြောင်း သိရပါတယ်။ ယခင်တုန်းကလည်း ဒီလို ခေါင်းမပါပဲ အချိန်အကြာကြီး အသက်ရှင်တဲ့ကြက် အကြောင်း ရေးပန်းစားခဲ့ပြီး၊ ကြက်နာမည်ကိုတော့  “Miracle  Mike”လို့ ခေါ်ကြပါတယ်။

READ
ယူလင်းခွေးသားစားပွဲတော်ကို ပို့မယ့် ခွေး၊ကြောင် ထောင်ချီကို ကယ်တင်နိုင်ခဲ့

ဦးခေါင်းပြတ်နေတဲ့ Mike ဟာ အမေရိကန်နိုင်ငံမှာ  (၁၉၄၅)ခုနှစ်ကနေ (၁၉၄၇)ခုနှစ်အထိ (၁၈)လကြာအောင် အသက်ရှင်ခဲ့တဲ့ ကြက်တစ်ကောင် ဖြစ်ပါတယ်။ သူဟာ ဦးခေါင်းမဲ့ခန္ဓာကိုယ်ကြီးနဲ့ ဥဒဟိုသွားလာနေခဲ့တာဟာ အတော်လေး အသဲယားစရာ ကောင်းပါတယ်။

လင်းသူရိန်

SHARE