ဆေးခန်းမှာလျှို့ဝှက်ဗွီဒီယို ရိုက်ကူးခံခဲ့ရပြီး၊ အပြာဝက်ဘ်ဆိုဒ်မှာ ဖြန့်ဝေခံရတဲ့အမျိုးသမီး

east2west news

အမျိုးသမီးတစ်ယောက်ဟာ ရင်းနီးတဲ့ဆရာဝန်တစ်ယောက်နဲ့ ကုသခဲ့တဲ့အဖြစ်အပျက်ကို လျှို့ဝှက်မှတ်တမ်း အတင်ခံခဲ့ရပြီး၊ လူကြည့်များတဲ့ အပြာဝက်ဘ်ဆိုဒ်မှာ ပြန်လည်ဖြန့်ဝေခံခဲ့ရကြောင်း သိရပါတယ်။ ဒါဟာ ဒေါက်တာရဲ့ အလွဲသုံးစားမှု လုပ်ရပ်ဖြစ်ပြီး၊ ဒီကိစ္စကို သူမ သို့မဟုတ် တစ်ခြားတစ်ယောက်ကသာ မရိပ်မိသေးဘူးဆိုရင် ဒီလိုလုပ်ရပ်မျိုး ဘယ်လောက်ကြာကြာ ဆက်ရှိနေမလဲဆိုတာ မသိနိုင်ပါဘူး။

ဒေါက်တာရဲ့အမည်ကတော့ Vyacheslav Tripolko ဖြစ်ပြီး လောလောဆယ်တော့ သူ့ကို ရဲတွေက စစ်မေးနေပြီ ဖြစ်ပါတယ်။ သူ မီးယပ်ပိုင်းတာဝန်ယူကုသခဲ့ရတဲ့ အမျိုးသမီးများစွာအနက်၊ ဒါဇင်နဲ့ချီတဲ့ အများပြည်သူ မကြည့်သင့်တဲ့ ဗွီဒီယိုင်ဖိုင်တွေ အပြာဆိုဒ်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

east2west news

ဒေါက်တာ Vyacheslav ဟာ နာမည်ကျော် သားဖွားမီးယပ်ပါရဂူဖြစ်ပြီး၊ သူရဲ့လုပ်ရပ်ကို အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ရဲကို အမှုဖွင့်တိုင်ကြားခဲ့တာပါ။ သူမရဲ့တိုင်ကြားချက်ကြောင့် Vyacheslav ရဲ့ ဆေးကုသခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ လျှို့ဝှက်ကင်မရာတစ်လုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆေးခန်းဟာ ယူကရိန်းနိုင်ငံရဲ ပင်လယ်နက်ဆိပ်ကမ်းမြို့တော်ဖြစ်တဲ့ Odessa မှာ တည်ရှိပါတယ်။ ဒေါက်တာ Vyacheslav ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းမရှိသေးသော်လည်း သူရဲ့ ဆေးကုသမှုဆိုင်ရာ စာရွက်စာတမ်းတွေကိုတော့ သက်ဆိုင်ရာက ထိန်းသိမ်းထားပြီလို့ သိရပါတယ်။

east2west news

နောက်ပြီး ဆေးရုံရဲ့ IT manager မန်နေဂျာကိုလည်း အခုကိစ္စအတွက် စစ်ဆေးတာမျိုးတွေ ရှိနေပေမယ့် သူကတော့ ဒီကိစ္စမှာ သူနဲ့လုံးဝမဆိုင်တဲ့အကြောင်း၊ ဆေးခန်းဟာ တစ်ခြားအင်တာနက် Provider ကို သုံးထားတဲ့အတွက် သူ တာဝန်ယူရတဲ့အပိုင်းမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE