ကမ္ဘာတစ်ဝှမ်းမှာ လူတွေစားသုံးကြတဲ့ ကြောက်လန့်စရာ အစားအစာများ

သင်ဟာ အစားအစာနဲ့ပါတ်သတ်ပြီးချေးမများတဲ့သူဖြစ်ရင်တော့ အခုဖော်ပြပေးလိုက်တဲ့အစားအစာတွေဟာ သင့်အတွက်တော့ ကြောက်လန့်စရာမဟုတ်နိုင်ပါဘူး။၁။ရေဘ၀ဲအရှင်ဟင်းလျာ။

ကိုးရီးယားကား တော်တော်များများကြည့်ဖူးတဲ့သူတွေကတော့ ဒီရေဘ၀ဲအရှင်ဟင်းလျာကိုသိကြမှာပါ။ဒီအစားအစာဟာ ဂျပန်နဲ့ ကိုးရီးယားရိုးရာအစားအစာတစ်ခုဖြစ်ပြီး odori don လို့ခေါ်ပါတယ်။

ဒီဟင်းပွဲမှာ ရေဘ၀ဲ (သို့) ပြည်ကြိးငါးကို သင့်ပန်းကန်ထဲမှာ အရှင်ချထားပေးပြီး ရေဘ၀ဟာ တစ်လူပ်လူပ်နဲ့ အချဉ်ရေထဲမှာ လူးနေတာပါ။စားသုံးတဲ့သူတွေအဆိုအရတော့ ရေဘ၀ဲရဲ့ လက်ချောင်းတွေဟာ ပါးစပ်ထဲမှာ လူပ်ခတ်နေစဉ်အရသာဟာ အလွန်ကောင်းမွန်ပြီးတော့ သင်ရဲ့ပင်လယ်စာဟာ လတ်ဆတ်မှန်းသင်ကိုယ်တိုင်သိနေလို့အရသာရှိနေတာပါလို့ဆိုပါတယ်။ရေဘ၀ဲကိုတော့ ပန်းကန်ထဲကိုမထည့်ခင်မှာ ဦးနှောက်ကို ဖယ်ထုတ်ထားတယ်လို့ဆိုပါတယ်။၂။လူ့လက်ချောင်းအရက်

ကနေဒါနိုင်ငံမှာ အရက်ထဲကို လူလက်ချောင်းအပြတ်ကို ထည့်ပြီး သောက်သုံးကြတာဖြစ်ပြီး sourtoe cocktail  လို့အမည်ရပါတယ်။ဒီအရက်ကို လူတွေ မက်မက်မောမော သောက်သုံးနေကြတာဖြစ်ပြီး ဒီလက်ချောင်းကြောင့်လည်ပင်းမနင်မချင်း ဘာဘေးအန္တရာယ်မှ မရှိပါဘူးတဲ့။ဒီလက်ချောင်းဖြစ်ပေါ်လာပုံသမိုင်းအစကတော့ ၁၉၇၃ ခုနှစ်မှာ ကတ်ပတိန် Dick Stevenson ဟာ အရက်ဂျားထဲမှာ နှင်းကိုက်သွားလို့ပျက်ကျနေတဲ့ လက်ချောင်းတစ်ချောင်းကိုတွေ့ခဲ့ပြီး အရက်ကို သောက်သုံးကြည့်ရာ အရသာကောင်းမွန်နေရာမှ လူ့လက်ချောင်းအရက်ဆိုပြီး ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။လက်ချောင်းအရက်ကိုသောက်သုံးရာမှာ စည်းမျဉ်းတစ်ခုရှိပြီး သောက်သုံးသူဟာ ဒီလက်ချောင်းကို နူတ်ခမ်းနဲထိပြီးသောက်သုံးရမှာဖြစ်ပြီး လူလက်ချောင်းကိုတော့ မျိုချခွင့်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ လက်ချောင်းတွေကို ရှာဖို့ခက်လို့ဖြစ်တယ်လို့ဆိုပါတယ်။၃။သစ်တုံးပိုးကောင်

READ
အမဲသားသောက်ဆမ်း စွပ်ပြုတ်ချက်နည်း

ဒီအစားအစာကို ဩစတျေးလျနိုင်ငံမှာ စားသုံးကြတာဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်းစားသုံးကြပါတယ်။သမိုင်းအရ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာက ဩစတျေးလျနိုင်ငံဟာ အစာရေစာရှားပါးတဲ့အတွက် ဩစတျေးလျနိုင်ငံ အဘိုရီးဂျင်းနီး လူရိုင်းတွေဟာ အသားဓာတ်အတွက် ဒီပိုးလောင်းကောင်တွေကို စားသုံးခဲ့ကြတယ်လို့ဆိုပါတယ်။ဩစတျေးလျနိုင်ငံမှာ ဒီပိုးကောင်ကို စားတဲ့အလေ့အထဟာ ယခုထိမပျောက်ကွယ်သေးပဲ ရိုးရာအစားအစာတစ်ခုဖြစ်နေပါသေးတယ်။ပိုးကောင်တွေရဲ့အရသာကတော့ ၀ါးလိုက်ရင် ကြက်ဥမွှေကြော်အရသာနဲ့တူတယ်လို့စားသုံးသူတွေကဆိုပါတယ်။၎။မြွေဟောက်ကြော်နှင့် နှလုံး

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အနီးမှာ မြွေဟောက်ရဲ့ခုန်နေသေးတဲ့နှလုံးနဲ့ မြွေဟောက်အသားကို ရောင်းချပါတယ်။ထိုစားသောက်ဆိုင်မှာ မြွေဟောက်ကိုမှာယူလိုက်ပြီဆိုတာနဲ့ စားသုံးသူရှေ့မှာအရှင်လတ်လတ်သတ်ပြပြီး မြွေဟောက်သွေးကို ဖန်ခွက်တစ်ခွက်ထဲထည့်ပြီးသောက်စရာအဖြစ်ပေးပါတယ်။နောက်ထပ်တစ်ကြိမ်မှာတော့ စားဖိုမှူးဟာ မြွေအသားကြော်၊မြွေအရိုးနုနဲ့ မြွေစွပ်ပြုတ်တစ်ခွက်ချပေးပြီး နောက်ဆုံးအနေနဲ့ မြွေရဲ့ နှလုံးကို အစိမ်းလိုက်မျိုချကြတာဖြစ်ပါတယ်။

၅။ငှက်အပုပ်များ

ဒီငှက်အပုပ်တွေကိုစားသုံးကြတာ Greenland ကျွန်းကလူတွေစားသုံးကြတာဖြစ်ပြီး ဒီအစားအစာကို ရရှိဖို့ ၁၈ လတောင်အချိန်ပေးရတာပါ။ဒီအစားအစာကိုပြုလုပ်ရာမှာ ဖျံရေခွံအိတ်အတွင်းမှာ ငှက်အသေကောင်ရာပေါင်းများစွာကို ပုပ်ဆွေးသည်အထိ ထားရတာဖြစ်ပါတယ်။ဒီဖျံရည်အိတ်ထဲမှာရှိတဲ့ ငှက်အသေကောင်တွေရဲ့အရိုးတွေဆွေးပြီး နူးသွားတဲ့အထိ ထားထားတာဖြစ်ပြီး ဒီအရာကိုစားသုံးကြတဲ့အချိန်မှာလည်း အိမ်အပြင်ဘက်မှာပဲ စားသုံးကြရပါတယ်။အိမ်ထဲမှာ စားသုံးကျရင် ညှီဆို့ဆို့အနံ့က တစ်ပါတ်နှစ်ပါတ်ကြာသည်အထိ အနံ့မပြယ်တတ်တဲ့အတွက်ကြောင့် အိမ်အပြင်ဘက်မှာ စားသုံးရခြင်းဖြစ်ပါတယ်။

READ
ပုစွန်ထုပ်မီးဖုတ်ငပိထောင်းလုပ်စားကြမယ် (ပြောရင်းနဲ့တောင် စားချင်လာပြီ)

Lumos(Shwemom)

Ref : Cracked

SHARE