ကြောက်တတ်သူတွေ ဘယ်တော့မှ ဝင်မကြည့်သင့်တဲ့ ဝက်ဘ်ဆိုဒ်(၇)ခု

သည်းထိတ်ရင်ဖိုဝက်ဘ်ဆိုဒ်တွေ များစွာ ရှိတဲ့အနက်မှ ကြောက်စရာအလွန်ကောင်းတဲ့ ရသကို ပေးစွမ်းနိုင်တဲ့ ၀က်ဘ်ဆိုဒ်တွေ ရှိပါတယ်။ ဒီဝက်ဘ်ဆိုဒ်တွေကို ကြေက်တတ်သူတွေ ၀င်ရောက်ကြည့်ရှုခြင်းမပြုဖို့ သတိပေးတားမြစ်ချက်တွေ ရှိနေပြီး၊ Shwemom ရဲ့ ပရိသတ်ကြီးလည်း ကြောက်တတ်ရင် ၀င်မကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ သည်းထိတ်ရင်ဖိုရသတွေကို ကြိုက်နှစ်သက်ကြတယ်ဆိုရင်တော့ ဒီဝက်ဘ်ဆိုဒ်တွေက အကောင်းဆုံးပေါ့။

(၁) Whiteenamel.com

ဒီဝက်ဘ်ဆိုဒ်ကတော့ ဂိမ်းဝက်ဘ်ဆိုဒ်ဖြစ်ပါတယ်။ နှလုံးမကောင်းသူတွေ ၀င်ရောက်မကစားသင့်တဲ့ ဂိမ်းတွေ ထည့်သွင်းထားပါတယ်။ လူတွေစွန့်ပစ်ထားတဲ့ အဆောက်ဦဟောင်းတွေကြားမှာ စိတ္တဇဆန် အဖိုးအိုကြီးတစ်ယောက်က သင့်ကို လိုက်ပြီး သတ်တာကို သင်က ပြေးရမှာပါ။ အမှားလုပ်လိုက်မိတာနဲ့ ပြင်ပမှာ တကယ်လိုက်သတ်တာကို ခံနေရသလိုမျိုး ခံစားရစေမှာဖြစ်ပြီး၊ သည်းထိတ်ရင်ဖို ဗွီဒီယိုတစ်ခုကို ကြည့်နေရတဲ့ ရသတွေ ဖန်တီးထားပါတယ်။

(၂) Planecrashinfo.com

လေယာဉ်ပျက်မှုသတင်းတွေနဲ့၊ လေယာဉ်ပျက်ပြီးနောက် သေဆုံးခဲ့ရတဲ့ ခရီးသည်တွေရဲ့ ရုပ်ပျက်ဆင်းပျက်ဓာတ်ပုံတွေကို ဆင်ဆာဖြတ်တောက်ခြင်း မပြုဘဲ ဖော်ပြထားတဲ့ ၀က်ဘ်ဆိုဒ်ဖြစ်ပါတယ်။ လေယာဉ်တွေရဲ့ မပျက်ခင် နောက်ဆုံးအခြေအနေ ဗွီဒီယိုဖိုင်တွေ၊ လေယာဉ်ပျက်မှုကို တိုက်ရိုက်ရိုက်ကူးထားတဲ့ မှတ်တမ်း ဗွီဒီယိုဖိုင်တွေကို စုစည်းထားတဲ့ နေရာ ဖြစ်ပါတယ်။

(၃) Hashima-island.co.uk

လူမနေတော့တဲ့ တိတ်ဆိတ်လှတဲ့ ပတ်ဝန်းကျင်း၊ ခြောက်ခြားဖွယ်ရာ လူနေအဆောက်ဦများနဲ့ ပတ်ဝန်းကျင်တွေနဲ့ ပြည့်နှက်နေတဲ့ ဟာရှိမာကျွန်းရဲ့ ရှားပါးဗွဒီယိုမှတ်တမ်းတွေကို ရှုစားရမှာပါ။ ဟာရှီမာကျွန်းဟာ 1959 ခုနှစ် အရင်ပိုင်းတုန်းက လူ အလွန်စည်ကားတဲ့ ကျွန်းတစ်ခုဖြစ်ပြီး၊ လူဦးရေ 5259 ဦး နေထိုင်ခဲ့ကြပါတယ်။ သယံဇာတကြွယ်ဝတဲ့ ကျွန်းဖြစ်လို့ မိုင်းလုပ်သားတွေနဲ့ အလုပ်ရှင်တွေ နေခဲ့တဲ့နေရာပါ။

READ
ကမ္ဘာ့အရက်စက်ဆုံး ဇနီး(၆)ယောက်

1970 ခုနှစ်မှာတော့ မိုင်းတွင်းတွေ အပြီးပိတ်သိမ်းခဲ့ပြီး၊ လူတွေစွန့်ခွာခြင်း ခံရတဲ့ ကျွန်းဖြစ်ပါတယ်။ အဲဒီနောက် အဆိုပါ ကျွန်းဟာ သေဆုံးခဲ့သူတွေရဲ့ ၀ိဉာဉ်တွေ ကျက်စားရာ နေရာဖြစ်ခဲ့ပြီး၊ “ဂျပန်သရဲကျွန်း”ဆိုတဲ့ အမည်ကို ရခဲ့ပါတယ်။ ယခုဝက်ဘ်ဆိုဒ်မှာတော့ ယင်းကျွန်းကို တကူးတက သုတေသနပြုလုပ်ထားတဲ့ ကြောက်မက်ဖွယ်ရာ ဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံမှတ်တမ်းတွေကို ဖော်ပြထားပါတယ်။

(၄) Bestgore.com

ဒီဝက်ဘ်ဆိုဒ်ကို တည်ထောင်ခဲ့သူ Mark Marek ကတော့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒီဝက်ဘ်ထဲမှာ ဆင်ဆာဖြတ်တောက်ထားခြင်းမရှိတဲ့ အသတ်ခံရတဲ့ လူပုံတွေ၊ ဗွီဒီယိုတွေ၊ ဖန်တီးထားတဲ့ ပန်းချီတွေ၊ ညစ်ညမ်းပုံတွေကို စုစည်းဖော်ပြထားပြီး၊ 18 နှစ်အောက် ကလေးတွေ ၀င်ရောက်ကြည့်ရှုဖို့မသင့်တဲ့ Porn web ကြော်ငြာတွေကိုပါ တွေ့ရမှာ ဖြစ်ပါတယ။

(၅)  Deathmap.com

ဒီဝက်ဘ်ဆိုဒ်မှာတော့ ကမ္ဘာအနှံ့က သေဆုံးခြင်း မွေးဖွားခြင်းတွေကို အချိန်နဲ့တပြေးညီ ဖော်ပြထားတဲ့ ၀က်ဘ်ဖြစ်ပါတယ်။ သေဆုံးသူ မွေးဖွားသူတွေကို အနီ-အစိမ်းအရောင်တွေနဲ့ ကိုယ်စားပြု ဖော်ပြထားပြီး၊ ဘာသာရေးဆိုင်ရာ အမှတ်အသားတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ ဒီဝက်ဘ်ဟာ Fake ဖြစ်တယ်လို့ ဆိုပါတယ်။

(၆) Deathdate.com

ဒီဝက်ဆိုဒ်ကလည်း ယခု Facebook ပေါ်မှာ ခေတ်စားနေတဲ့ သင် ဘယ်နေ့သေမလဲဆိုတဲ့ ခန့်မှန်ချက်းမျိုးကို ထုတ်ပြန်ပေးတဲ့ ၀က်ဘ်ဆိုဒ်ပါ။ ဒီဝက်ဘ်ပေ့ဂ်ျကိုလည်း လူတွေက Fake လို့ သတ်မှတ်ထားကြပြီး၊ တစ်ချို့ကတော့ တကယ်မှန်တယ်လို့ အတည်ပြုကြပါတယ်။ ဒါပေမယ့် အတည်ပြုကြသူတွေကတော့ သေတဲ့သူတွေ မဟုတ်ကြပါဘူး။ သူတို့ပြောတဲ့ ရက်မှာ သေတဲ့သူတွေကလည်း မှန်ကန်ကြောင်း အတည်မပြုနိုင်ကြပါဘူး။

READ
ဖုန်းကိုတစ်ညလုံးအားသွင်းခြင်း ၊ခေါင်းအုံးနားမှာထားခြင်းမလုပ်သင့်

(၇) Bongcheon-dongghost.com

သရဲတစ္ဆေတွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေ၊ ခြောက်ခြားဖွယ်ရာ သရဲတစ္ဆေတွေအကြောင်းတွေကို ဖော်ပြထားတဲ့ ၀က်ဘ်ဆိုဒ်ဖြစ်ပါတယ်။ တစ်ချို့ဗွီဒီယိုတွေက နှလုံးရောဂါရှိသူတွေ၊ ကြောက်လန့်တတ်သူတွေအတွက်တော့ အလွန်အန္တရာယ်များတဲ့ ဗွီဒီယိုတွေလို့ သတ်မှတ်ထားခံရတဲ့ ဗွီဒီယိုတွေ ဖြစ်ပါတယ်။

(၈) Darwintime.com

9/11 အကြမ်းဖက်မှုကဲ့သို့သော ဖြစ်စဉ်တွေကို အခင်းဖြစ်စဉ်မတိုင်မီမှာ ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းတွေကို စုစည်းဖော်ပြထားပြီး၊ ဆူနာမီကဲ့သို့သော ဘေးဆိုးကြီးတွေ၊ ကြီးမားတဲ့ မီးလောင်မှု ကြိုတင်ခန့်မှန်းချက်များနဲ့အတူ၊ လက်တွေ့မှာ ဟောပြောချက်နဲ့အညီ တိုက်တိုက်ဆိုင်ဆိုင် လာဖြစ်နေတဲ့ လက်တလော မတော်ဆမှုကြီးတွေကို စုစည်းထားတဲ့ ၀က်ဘ်ဆိုင် ဖြစ်ပါတယ်။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ  ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

လင်းဇော်ကို (Shwemom)

source : sarcasm.co

SHARE