အမည်တူလူနာချင်းမှားပြီး ကျောက်ကပ်အစားထိုးပေးလိုက်မိတဲ့ ဆရာဝန်များ

Shutterstock

အမေရိကန် နယူးဂျာစီပြည်နယ်၊ Camden မှာတည်ရှိတဲ့ Virtua Our Lady of Lourdes Hospital ဆေးရုံးမှာ အကြီးစား ပြဿနာတစ်ခု ကျော်မကောင်း၊ ကြားမကောင်း ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အမည်တူ လူနာချင်းမှားပြီး ကျောက်ကပ်အစားထိုး ပေးလိုက်မိတာပါ။

တကယ် ဦးစားပေးရမယ့် လူနာဆီကို ကျောက်ကပ်က မရောက်တော့ဘဲ၊ အခြား အမည်တူဆီ ရောက်သွားတဲ့သဘောဖြစ်ပါတယ်။ လူနာနှစ်ယောက်စလုံးဟာ တိုက်တိုက်ဆိုင်ဆိုင် အသက်လည်း တူနေကြပါတယ်။ နောက်ပြီး ကျောက်ကပ်လဲဖို့ လိုအပ်တာချင်းလည် တူညီနေကြပါတယ်။

ဒါပေမယ့် ဆေးရုံးရဲ့စည်းကမ်းအရ ဦးစားပေးအဆင့် သတ်မှတ်ထားပြီး၊ သင့်တော်တိုက်ဆိုင်တဲ့ ကျောက်ကပ်အလှူရှင်တွေနဲ့ Match လုပ်ပြီးမှ ခွဲစိတ်ရတာမျိုးပါ။ အခုဟာက နှစ်ယောက်စလုံး ကျောက်ကပ်လဲဖို့ စောင့်နေကြတာချင်း တူပေမယ့် ဆေးဘက်ဆိုင်ရာမှာတော့ ဒီထက်မကတဲ့ ပြဿနာတွေက စောင့်နေပါတယ်။

READ
အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားစစ်သားရဲ့ရုပ်ကြွင်းကို တွေ့ရှိခဲ့ဟု စောင့်ကြည့်သူများဆို
santypan / Shutterstock

အကြောင်းကတော့ လှူတဲ့လူနဲ့ ယူတဲ့လူ သွေးချင်းမတူတာတို့၊ ဒါမှမဟုတ် လူနာရဲ့ ခံနိုင်ရည်နဲ့၊ ထည့်သွင်းပေးလိုက်တဲ့ ကျောက်ကပ်က ဟန်ကျမကျဆိုတဲ့ တာဝန်ခံမှုကြီးတွေကလည်း ရှိနေခဲ့တာပါ။ ကျောက်ကပ်အစားထိုးခံလိုက်ရတဲ့ လူနာကတော့ အသက်(၅၁)နှစ်ဖြစ်ပြီး၊ နိုဝင်ဘာ (၁၉)မှာ သူ့ကို ကျောက်ကပ်အစားထိုးပေးခဲ့ပါတယ်။

ဒီလိုအမှားမျိုး ဆေးရုံဖွင့်ခဲ့တဲ့ နှစ်(၄၀)ကျော် သက်တမ်းတစ်လျှောက် တစ်ခါမှ မမှားခဲ့ဖူးကြောင်း ဆေးရုံရဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ၊ ဒေါက်တာ Reginald Blaber က ပြောပါတယ်။ တကယ် ကျောက်ကပ်လဲပေးရမယ့် လူနာကိုတော့ နိုဝင်္ဘာ(၂၄)ရက်ရောက်မှ အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့တာပါ။

ဆေးရုံအနေနဲ့ လုံခြုံရေးကို အထူးဦးစားပေးရတဲ့ အဖွဲ့အစည်းဖြစ်သည့်အလျှောက်၊ ဒီလိုအဖြစ်မျိုး နောက်တစ်ကြိမ်မဖြစ်စေဖို့ သက်ဆိုင်ရာ ဆရာဝန်တွေကို အထူးမှာကြား ပညာပေးမှုတွေ ပြုလုပ်ထားကြောင်း ဒေါက်တာ Blaber က ပြောခဲ့ပါတယ်။

READ
ကားအရောင်းအ၀ယ်အလုပ်ကိုစွန့်လွှတ်ခဲ့ပြီး လက်သည်းအလှပြုပြင်ရေးလုပ်ခဲ့သူ
StockLeb / Shutterstock

ကျောက်ကပ်ဦးစားပေးလဲပေးရမယ့် လူနာကိုလည်း ဆေးရုံတာဝန်ရှိသူတွေက ကျေနပ်အောင် တောင်းပန်ခဲ့ပြီးပြီလို့ သိရပါတယ်။ အခုလို မတော်တဆမှုဖြစ်စဉ်မှာတော့ လူနာနှစ်ဦးစလုံးဟာ တစ်ခြား ဘေးထွက်ဆိုးကျိုးပြဿနာတွေ မရှိခဲ့လို့၊ အကောင်းထဲက အဆိုးလို့ ဆိုရမှာ ဖြစ်ပါတယ်။

လင်းသုတ

SHARE