instagram မှာ ဟိုးလေးတကျော် နာမည်ကြီးနေပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် ကျော်ကြားနေတဲ့ ကိုလူချောတွေ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နယ်ပယ်မျိုးစုံက အသက်မွေးဝမ်းကျောင်းမျိုးစုံကို လုပ်ကိုင်နေကြတဲ့ ထိုပုရိသတွေဟာ follower ထောင်ဂဏန်းကနေ သန်းကျော်တဲ့အထိ ပိုင်ဆိုင်ထားကြပါတယ်။ ပျိုတို့ရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်မယ့် ညို့ဓာတ်နဲ့ ကိုလူချောတွေကတော့ …
Lasse Matberg
နော်ဝေနိုင်ငံရဲ့ တော်ဝင်ရေတပ်က ဗိုလ်ကြီးဖြစ်ပြီး တောတွင်းသားပုံစံနဲ့ ဓာတ်ပုံပို့စ်တွေ တင်တတ်သူဟာ အမျိုးသမီး ပေါင်းများစွာရဲ့ နှစ်သက်အားပေးမှုကို ခံယူနေရသူ ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ကာယအလှကို ထိန်းသိမ်းဖို့အတွက် gym တွေမှာ သွားလေ့ကျင့်မယ့်အစား အမြဲတမ်း ပုဆိန်တစ်လက်ကိုင်ပြီး ထင်းခွဲနေလေ့ရှိတယ်လို့ ပြောပါတယ်။
2. David Gandy
ဗြိတိသျှမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ David Gandy ဟာ အသက်(၂၁)နှစ်မှာ မော်ဒယ်လ်အဖြစ် စတင်လုပ်ကိုင်ခဲ့ပါ တယ်။ ပိန်ပိန်ညှောင်ညှောင်တွေနဲ့ ပြည့်နှက်နေတဲ့ မော်ဒယ်လ်လောကမှာ ကြွက်သားအဖုအထစ်တွေနဲ့ ကိုယ်ကာယ အလှကို ပထမဆုံး ပြန်လည်လူကြိုက်များလာအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ နာမည်ကြီး brand တစ်ခုဖြစ်တဲ့ Dolce & Gabbana အတွက် ခေါင်းဆောင်မော်ဒယ်လ်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး နှစ်တိုင်းမှာ အကောင်းဆုံး မော်ဒယ်လ်ဆိုပြီး သတ်မှတ်ခံခဲ့ရပါတယ်။ ယခုဆိုရင်တော့ သူ့အသက်ဟာ (၃၇)နှစ်ဖြစ်နေပါပြီ။ ကောင်မလေးတွေရဲ့ အားပေးမှုကိုတော့ သောက်သောက်လဲ ရရှိနေတုန်းပဲ ဖြစ်ပါတယ်။
3. Mike Varshavski
People Magazine ကြီးရဲ့ ဖော်ပြချက်အရ ဒေါက်တာ Mike ဟာ ကမ္ဘာပေါ်က ဆက်ဆီအကျဆုံး ဆရာဝန်တစ်ယောက်လို့ သတ်မှတ်ခံထားရပါတယ်။ ငယ်နာမည်ကတော့ Misha ဖြစ်ပြီး အသက်(၆)နှစ်အရွယ်မှာ ရုရှားကနေ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာလာခဲ့ပါတယ်။ သူဟာ ပရဟိတသမားတစ်ဦးလည်းဖြစ်ပြီး အလှူအတန်းတွေ ပြုလုပ်လေ့ရှိကာ ဂုဏ်ပြုဆုတွေကိုလည်း ဆွတ်ခူးထားပါတယ်။ ဒေါက်တာ့ရဲ့ အကြည့်တစ်ချက်မှာ ရောဂါဝေဒနာတွေ ယူပစ်သလို ပျောက်သွားစေလိမ့်မယ်လို့ နှုတ်ခမ်းနီမလေးတွေက ကြွေးကြော်လေ့ရှိပါတယ်။
4. Travis DesLaurier
ကနေဒါနိုင်ငံက မော်ဒယ်လ်နဲ့ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်ပြီး ကြောင်တစ်ကောင်နဲ့ ၀ိတ်မလေ့ကျင့်ခန်း ပြုလုပ်တဲ့ ဗွီဒီယိုနဲ့ အင်တာနက်မှာ ခေတ်စားလာခဲ့ပါတယ်။ Jacob လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ကြောင်နဲ့ ရိုက်ထားတဲ့ပုံတွေဟာ ကောင်မလေးတွေရဲ့ အသည်းစွဲဖြစ်ပြီး နှစ်တိုင်း ချစ်သူများနေ့ရောက်တဲ့အခါ ချစ်သူမရှိတဲ့ ဆင်ဂယ်လ်ကောင်မလေးတွေ အချင်းချင်း သူ့ဓာတ်ပုံကို လက်ဆောင်အဖြစ် ပေးပို့ကြတယ်လို့ ဆိုပါတယ်။
5. Pietro Boselli
Engineering နဲ့ PhD ဘွဲ့ ရယူထားတဲ့ Pietro ဟာ သင်္ချာဆရာဖြစ်ပြီး ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး သင်္ချာဆရာရယ်လို့ ခေါ်ဝေါ်သမုတ်ခြင်းကို ခံထားရပါတယ်။ ယခုဆိုရင်တော့ ဆရာအလုပ်က အနားယူလိုက်ပြီး မော်ဒယ်လ်အလုပ်ကိုသာ အချိန်ပြည့် ပြုလုပ်နေပါတော့တယ်။ ဆရာအလုပ်က နားလိုက်ခြင်းဟာ တစ်ဖက်ကကြည့်တော့လည်း ကောင်းနေပြန်ပါ တယ်။ ဒီလိုဆရာမျိုးနဲ့ သင်္ချာသင်ရတဲ့ ကျောင်းသူလေးတွေအတွက် အာရုံစိုက်ဖို့ တော်တော်ခက်ခဲနိုင်မှာမို့ပါပဲ။
6. Adam Gallagher
အမေရိကန် ဖက်ရှင်ဘလော့ဂ်ဂါနဲ့ stylist တစ်ဦးဖြစ်တဲ့ Adam ဟာ အသက်(၁၇)နှစ်အရွယ်ကတည်းက ဖက်ရှင်၊ ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ ဘလော့ဂ်တွေ စတင်ရေးသားခဲ့ပြီး အခုဆိုရင်တော့ အသက် (၂၅)နှစ်ရှိပြီ ဖြစ်ပါတယ်။ ယောက်ျားသားများနဲ့ ပတ်သက်တဲ့ အကောင်းဆုံးသော ဖက်ရှင်ဘလော့ဂ်အဖြစ် အကြိမ်ပေါင်းများစွာ ဆုတံဆိပ်တွေ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ stylist တစ်ယောက် ဖြစ်တယ်ဆိုတာ သူ့ရဲ့စတိုင်လ်နဲ့ ဖက်ရှင်ကို ကြည့်လိုက် ရုံနဲ့တင် သိနိုင်ပါတယ်။
7. Stian Bjornes
နော်ဝေနိုင်ငံက အားကစားနည်းပြနဲ့ မော်ဒယ်လ်တစ်ဦးဖြစ်ပြီး အားကစား၊ ကိုယ်ကာယ လေ့ကျင့်ခန်းများနဲ့ အာဟာရ အကြောင်းများစွာကို instagram မှာ ရေးသားလေ့ရှိသူ ဖြစ်ပေမယ့် အများစုကတော့ ပုံအောက်က စာတွေကို ဖတ်ဖို့ အာရုံမစိုက်မိဘဲ သူ့ဓာတ်ပုံတွေရဲ့ ဖမ်းစားခြင်းကိုသာ ခံလိုက်ကြရတာကို တွေ့ရပါတယ်။
ဒါကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ် instagram ကျော်ကြားနေတဲ့ ပုရိသတွေပဲ ဖြစ်လို့ ပျိုမေတို့လည်း စိတ်ဝင်စား နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်နော်။
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
အလင်းဦး (Shwemom)
Source: brightside