ဆေးလိပ်နဲ့ အယ်ကိုဟော ပုံမှန်သုံးစွဲသူတို့ ရေနွေးပူကြောင့် ကင်ဆာဖြစ်နိုင်

နေ့တိုင်းမှာ ဆေးလိပ်နဲ့ အယ်ကိုဟော သောက်သုံးလေ့ရှိတဲ့ သူတွေအနေနဲ့ ရေနွေးအပူသောက်တာကို ရှောင်သင့်တယ်လို့ သိရပါတယ်။ သိပ်ပူတဲ့ လက်ဖက်ရည်ကြမ်းကို သောက်တာကြောင့် အစာပြွန် ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားကြောင်း CNN ကဖော်ပြထားပါတယ်။

ဒီလို ဖြစ်ပွားနိုင်တာ ဆေးလိပ်နဲ့ အယ်ကိုဟော သောက်သုံးတဲ့ သူတွေမှာသာဖြစ်ကြောင်း ပြီးခဲ့တဲ့ တနလာင်္နေ့က ဖြန့်ဝေခဲ့တဲ့ Annals of Internal Medicine မှာ ဖော်ပြထားတာလည်း တွေ့ရပါတယ်။

nextshark

အစာပြွန်လမ်းကြောင်း ကင်ဆာဟာ ကမ္ဘာပေါ်မှာ အဖြစ်များဆုံး ကင်ဆာ စာရင်းမှာဆို နံပါတ် ၈ နေရာမှာ ရှိနေပါတယ်။ ယေဘုယျအားဖြင့် သေစေနိုင်ပြီး နှစ်စဉ် လူဦးရေ ပျမ်းမျှ (၄) သိန်းလောက် ဒီ ကင်ဆာရောဂါနဲ့ အသက်ဆုံးရှုံးနေကြောင်း International Agency for Research on Cancer ရဲ့ စစ်တမ်းအရ သိရတယ်။

ဆေးလိပ်၊ အယ်ကိုဟောတွေသောက်လို့ အချဉ်ပေါက်တာကြောင့် (သို့) အရည်ပူတွေ သောက်ပါများတာကြောင့် အစာပြွန်ကို ထပ်တလဲလဲ ထိခိုက်ပါများလာပြီး ဒီ ရောဂါဟာ အစပြုတယ်လို့သိရပါတယ်။

တစ်နေ့ကို အယ်ကိုဟော (၁၅) ဂရမ်နဲ့ အထက်သောက်သုံးတာက ပိုလွန်တဲ့ အနေအထားဖြစ်ပြီး ဆေးလိပ်နဲ့ ဆေးရွက်ကြီးကတော့ တစ်လိပ်ထက်ပိုသွားပြီ များသွားပြီးဖြစ်ကြောင်း လေ့လာသူတွေက ပြောပါတယ်။

READ
ဆေးဘက်ဝင်ချင်း(ဂျင်း)ရဲ့ အံ့ဖွယ်အကျိုး(၅)မျိုး
nextshark

ဆေးလိပ်နဲ့ အယ်ကိုဟော သုံးစွဲသူတွေက အပူတွေကို ရုတ်တရက်သောက်လိုက်တဲ့အခါ နဂိုကတည်း က ထိခိုက်ပြီး အစာပြွန်နံရံတွေက ရောင်ရမ်းပြီး ဆဲလ်တွေရဲ့ လည်ပတ်မှုကို ရုတ်ခြည်မြန်ဆန်စေတယ်။ နောက်ပြီး အရည်ပူတွေကြောင်း တစ်ရှုး ကျယ်သွားစေပြီး တခြား ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကနေ ထိခိုက်ပိုကြီးလာနိုင်တယ်လို့ Freedman ကပြောပါတယ်။

၁၄၉ ဒီဂရီ ဖာရင်ဟိုက် (၆၅ ဒီဂရီ ဆဲစီးယစ်) မှာ ပြင်ဆင်ထားတဲ့ သောက်စရာတွေက အစာပြွန်ကင်ဆာဖြစ်မယ့် အခြေအနေကို ဦးတည်စေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပ အနောက်နိုင်ငံတော်တော်များတော့ လဖက်ရည်ကို အအေးခံပြီးသာ သုံးဆောင်ကြတယ်။

အမေရိကန်နိုင်ငံရဲ့ (၈၀) ရာခိုင်နှုန်းသော လက်ဖက်ရည်တွေက အအေးခံထားတာတွေဖြစ်ပါတယ်။ နိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းနဲ့ အရှေ့မြောက်ဘက်က အပိုင်းဒေသတွေမှာတောင် လူအများစုက လက်ဖက်ရည်ထဲကို တခြား အချိုတို့၊ အချဉ်တို့ ထပ်ပေါင်းထည့်ပြီး အရည်အပူချိန်ကို ဖြည်းဖြည်းချင်းလျှော့ပြီး သုံးဆောင်ကြတယ်လို့သိရတယ်။

nextshark

လက်ဖက်ရွက်က ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အချက်တွေအများကြီးရှိပါတယ်။ ၂၀၀၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့  Nature Reviews Cancer ဂျာနယ်ထဲက လေ့လာမှုရဲ့ ဖော်ပြချက်မှာတော့ လက်ဖက်ရွက်တွေမှာ ပါဝင်တဲ့ အန်တီအောက်ဆီဒန့် ဓာတ်က တခြား ကင်ဆာအမျိုးအစားတွေဖြစ်တယ် အူမနဲ့ ပရော့စတိတ် ကင်ဆာတိုကို ကာကွယ်ပေးကြောင်း ဖော်ပြထားတာတွေ့ရတယ်။

READ
အိပ်ရာနိုးပြီးပြီးချင်း လုပ်သင့် ၊ မလုပ်သင့်သည့် အမူအကျင့်များ

ယနေ့ကမ္ဘာပေါ်မှာ လက်ဖက်ဟာ စားသောက်ကုန်တွေထဲ အများဆုံး လေ့လာမှုပြုခံရတဲ့ အရာဖြစ်ပါတယ်။ ကင်ဆာရောဂါတွေနဲ့ ပတ်သက်လာရင် Green tea က black tea ထက် ပိုထိရောက်တဲ့ အာနိသင်ရှိပြီး black tea ကတော့ နှလုံးသွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်လို့ Peter Goggi ဆိုတဲ့ Tea Association of the USA ရဲ့ ဥက္ကဌဖြစ်သူကပြောပြပါတယ်။

မိုက်ကရိုဝေ့ဖ်နဲ့ အပူပေးတဲ့ အစာအသောက်မှန်သမျှက အစာပြွန်ကင်ဆာကို ဖြစ်စေနိုင်တယ်လို့လည်း ဆေးပညာဗဟုသုတတွေမှာ တော်တော်များများ ဖတ်ရှုဖူးပါတယ်။ အခု အဆုံးသတ်အနေနဲ့ ဆေးလိပ်နဲ့ အယ်ကိုဟော ပိုလျှံစွာ သောက်သုံးတဲ့သူတွေဟာ အစာပြွန်ကင်ဆာဖြစ်ဖို့ အလားအလာများတယ်ဆိုတာကို ဖော်ပြနေကြောင်း တနည်းအားဖြင့် သိနိုင်ပါတယ်။

Ref: CNN, Next Shark

Matthew (ShweMOM)

 

SHARE