အင်ဒိုနီးရှားနိုင်ငံ Ubud မြို့က Lift Bali ဆိုတဲ့ ဟိုတယ် က တော့ အွန်လိုင်းပေါ်မှာတော် တော် လေး နာမည်ကြီး နေပါ တယ်။သူ့ရဲ့ ထူးခြားချက်က သစ်ပင်တွေ ပေါ်မှာ တည် ဆောက် ထားတာပါ။(၃၉) ပေ အမြင့်ရှိတဲ့ သစ်ပင်တွေ မှာ တည် ဆောက်ထားတာပါ။သစ်ပင်တွေ မှာ ဆောက်ထားလို့ ပုံ တုံးတုံး ဟိုတယ် ထင်ရင် တော့မှားပါလိမ့်မယ်။ခေတ် မီ တဲ့ ဒီဇိုင်းတွေနဲ့ တည် ဆောက်ထားတဲ့ ဟိုတယ်မျိုးပါ။ဒီအ ကြောင်းကိုတော့ Insider မှာ ဖော်ပြထားတာပါ။
ဒီဟိုတယ်မှာ တော့ အဆင့်မြင့် အိပ်ခန်း၊ရေချိုးခန်း၊ ရေကူးကန်၊ချွေးထုတ်ခန်း၊ဘား၊ယောဂ လုပ်တဲ့ နေရာ.. အစရှိတာ တွေလည်း ပါပါတယ်။လက်ရှိမှာတော့ ကိုဗစ် ကြောင့်တစ်နိုင်နဲ့ တစ်နိုင်ငံခ ရီးသွားလာမှုတွေ ကို ကန့် သတ် ထား တဲ့ အ နေ အထားပါတယ်။ဒါကြောင့် ဟိုတယ်မှာတော့ ဇူလိုင် (၃၁)က စပြီး ပြည်တွင်းခရီးသွား တွေ ကို စတင် လက်ခံ ပေး နေပါပြီ။နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ကိုတော့ စက်တင်ဘာ (၁၁)မှ ပဲ လာ ရောက်လည်ပတ်ခွင့် ပြု မယ်လို့ ဘာလီမြို့ေ တာ် ၀န်က ပြောပါတယ်။
ပြည်ပခရီးသွားတွေက တော့ စက်တင်ဘာကျ မှပဲ လာရောက်လို့ ရမှာဖြစ်ပြီး ပြည်တွင်းခရီးသွားတွေ က တော့ ဇူလိုင် လ ကုန်တည်းက ခွင့်ပြု ပေးပြီးသားပါ။ဟိုတယ်မှာ ကိုဗစ် အတွက် ဘယ်လို ကြိုတင် ပြင်ဆင် ကာကွယ်မှုတွေ ပြု လုပ် ထား လဲ ဆို တာကို တော့ ဟိုတယ်ဘက်က ထုတ် မ ပြော သေးပါဘူး။ဟိုတယ်မှာတော့ တာဝါ သုံးခု ရှိပါတယ်။နာ မည်ကြီး စာရေးဆရာနဲ့ ဒါရိုက်တာ တွေရဲ့ နာမည် Ernest Hemingway House, George Orwell House, ၊ Stanley Kubrick House ဆိုပြီး နာမည် ပေး ထားပါတယ်။Ernest Hemingway House မှာတော့ ကျယ်ဝန်းတဲ့ အိပ်ယာ၊recycle လုပ်ထားတဲ့ သစ်သား၊ကြိမ် တို့ နဲ့ ဖန်တီး ထားတဲ့ ပရိ ဘောဂ ပစ္စည်းတွေ ပါဝင်ပါတယ်။

George Orwell House မှာတော့ အထပ် နှစ်ထပ် ပါရှိပါတယ်။အပေါ်မှာ အမိုးထိပ် မှာလည်း တစ်ထပ် ရှိ ပါတယ်။အိပ်ခန်းနဲ့ဆက် ထားတဲ့ လသာ ဆောင် လည်း ပါရှိပါတယ်။အောက်ဆုံးထပ်မှာ ရေချိုးခန်းရှိပါတယ်။

Stanley Kubrick House မှာ တော့ မြင်ကွင်း 360-degree မြင်နိုင်တဲ့ ပြူတင်းပေါက်ေ တွရှိပါတယ်။ခေါင် မိုးနဲ့ ကပ် နေတဲ့ အပေါ် ထပ်မှာတော့ ယောဂ ကျင့်လို့ရ၊နေ၀င် ဆည်းဆာကို ကြည့်လို့ရပါတယ်။

အခန်းတိုင်းမှာ king-sized bed ရှိပါတယ်။Wi fi ၊အဲကွန်း အကုန်ပါပါတယ်။အခန်းခ က တော့ တစ်ညကို (၂၅) ဒေါ်လာ က နေ စရှိပါတယ်။