နော်ဝေးက ကမ္ဘာမြေဆွဲအားကို အံတုဆောက်မဲ့ အသဲယားဖွယ်ဟိုတယ်

hayriatak

ဗိသုကာပညာရှင်တွေဟာ ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ဟိုတယ်အသစ်တစ်ခုကို နော်ဝေးရဲ့ တောင်စွန်းတစ်ဖက်မှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ ဟိုတယ်ကို ကမ္ဘာ့ဆွဲအားကို ဆန့်ကျင်ကာ တည်ဆောက်ထားမှာ ဖြစ်ပြီး အထူးသဖြင့် ပေ(၂) ထောင်နီးနီး မြင့်မားတဲ့ ကျောက်စွန်းထိပ်မှာ ထွင်းဖောက်ကြည်လင်စွာမြင်ရမယ့် ရေကူးကန်တစ်ကန်ကိုလည်း ဆောက်လုပ်ထားမှာ ဖြစ်ပါတယ်။ ၄င်းဒီဇိုင်းကိုတော့ တူရကီဒီဇိုင်နာတွေက ဖန်တီးရေးဆွဲထားတာ ဖြစ်ကြောင်း nypost သတင်းစာမျက်နှာအရ သိရပါတယ်။

hayriatak

ဟိုတယ်ဆောက်လုပ်မယ့် ကျောက်စွန်းနေရာဟာ Preikestolen cliff လို့ အမည်ရပြီး ၄င်းကျောက်သားထဲမှာပဲ လူနေထပ်အထပ်(၃) ထပ်နဲ့အတူ ရေကူးကန်၊ ရှုမျှော်ခင်းကြည့်ရာနေရာတွေကို ထည့်သွင်းဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ အထပ်(၁) ထပ်စီတိုင်းမှာတော့ အပြင်ဘက်ကို ချွန်းထွက်နေတဲ့ လေသာဆောင်လည်း ပါဝင်မှာ ဖြစ်တာကြောင့် အောက်ဘက်မှာရှိတဲ့ Lysefjorden fjord ရေပြင် ဧရိယာရှုခင်းကို ကောင်းမွန်စွာ ကြည့်ရှုခံစားရမှာပါ။ အောက်ဆုံးထပ်မှာတော့ သေးသေးသွယ်သွယ်နဲ့ ရှည်လျားတဲ့ ရေကူးကန်တစ်ခုပါဝင်မှာဖြစ်ပြီး ၄င်းရေကူးကန်ကိုတော့ ဆိုင်းကြိုးတွေနဲ့ ထိန်းထားမှာဖြစ်ပါတယ်။

READ
အိုလံပစ်မှာဝင်ပြိုင်တော့မယ့် ကမ္ဘာ့အသက်အငယ်ဆုံး စကိတ်မယ်လေး Sky Brown
hayriatak

ဒါပေမယ့် ဟိုတယ်ဟာ အမြင့်ကြောက်သူတွေအတွက်တော့ ရင်ထိတ်စရာကောင်းနေပါတယ်။ ဟိုတယ်ဒီဇိုင်းကိုတော့ အီစတန်ဘူလ်အခြေစိုက် ဗိသုကာကုမ္ပဏီ ဟေရီက ရေးဆွဲထားပြီး ပရောဂျက် ဆောက်လုပ်ဖို့ကိုတော့ အတည်မပြုရသေးပါဘူး။ တကယ်လို့ ခွင့်ပြုမိန့်သာကျခဲ့ရင် ဟိုတယ်ကို အကောင်အထည်ဖော်တည်ဆောက်သွားမှာဖြစ်ပြီး “Cliff Concept Boutique Hotel” လို့ အမည်ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

hayriatak

လင်းလင်း (ShweMom)

SHARE