V-Day မှာ ဘေဘီရအောင် ကြိုးစားနိုင်တဲ့ အတွဲတွေကို အထူးပရိုးမိုးရှင်း ပေးမယ့် ဟိုတယ်

HotelZedd.com

ကနေဒါက Hotel Zed ဟိုတယ်ဟာ သူတို့ဟိုတယ်မှာပဲ ဗယ်လင်တိုင်းဒေးဘေဘီ ရအောင်ကြိုးစားနိုင်မယ်ဆိုရင် (၁၈)နှစ်တည်းခိုခွင့် အခမဲ့ပေးသွားမယ်ဆိုပြီး စုံတွဲတွေအတွက် ဗယ်လင်တိုင်းဒေးနေ့ ပရိုမိုးရှင်းအစီအစဉ်ကြီး စီစဉ်လိုက်ပြီး၊ ကံထူးရှင်စုံတွဲကို ရှာဖွေလိုက်ပါတယ်။

Hotel Zed ဟိုတယ်ဟာ လွန်ခဲ့တဲ့(၅)နှစ်ကျော်ကလည်း  ဗယ်လင်တိုင်းဒေးမှာ စုံတွဲတွေအတွက် ထူးထူးခြားခြားပရိုမိုးရှင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါကတော့ ဗယ်လင်တိုင်းဒေးနေ့မှာ စုံတွဲတိုင်းဟာ  ကနေဒါရဲ့ ဗစ်တိုးရီးယားမြို့နဲ့ Kelowna မြို့တွေမှာရှိတဲ့ သူတို့ရဲ့ ဘယ် Hotel Zed မဆို မနက်(၁၀)နာရီကနေ နေ့လည်(၂)နာရီအထိ အခန်းတစ်ခန်းကို ကနေဒါဒေါ်လာ(၅၉)ဒေါ်လာတည်း နဲ့ ဘိုကင် ယူနိုင်အောင် လုပ်ဆောင်ပေးခဲ့တာပါ။

ဒီနှစ်မှာတော့ Hotel Zed က နောက်ထပ်ခြေလှမ်းအသစ်ကို တစ်ဆင့် ထပ်မြှင့်လိုက်တာပါ။ ဒါကတော့ သူတို့ရဲ့ Valentine’s Day Nooner special အထူးအစီအစဉ်အရ စုံတွဲတစ်တွဲဟာ  ဗယ်လင်တိုင်းဒေးနေ့မှာ ဗယ်လင်တိုင်းဘေဘီကို ရအောင်လုပ်နိုင်မယ်ဆိုရင် တစ်နည်းအားဖြင့် ကိုးလ(သို့)ဆယ်လအတွင်း သူတို့ဘ၀ထဲကို ကလေးတစ်ယောက် ကြိုဆိုဖို့ဖြစ်လာမယ်ဆိုရင် သူတို့ဘက်က ဆုချီးမြှင့်တဲ့အနေနဲ့  ကံထုးရှင်စုံတွဲဟာ မိမိကြိုက်နှစ်သက်တဲ့ ဘယ် Hotel Zed မှာမဆို (၁၈)နှစ်တိတိ အခမဲ့ နေထိုင်ခွင့် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က တစ်စုံတစ်ယောက်ကို ကလေးမလို လိုချင်အောင် စုရုံးသိမ်းသွင်းနေတာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်လို့ မင်းသာ မိသားစုဘ၀ကို အလေးထားဖန်တီးဖို့၊ ဒါမှမဟုတ် မိသားစုဦးရေပိုတိုးဖို့ တကယ်အလေးအနက်ထားတယ်ဆိုရင် ဘာလို့ မကြိုးစားကြည့်မှာလဲ ၊ မင်းသာအောင်မြင်သွားရင်  (၁၈)နှစ်ကြာ ဇိမ်ခံဟိုတယ်ကြီးမှာ နေထိုင်ခွင့်ရမှာနော် ” ဆိုပြီး Hotel Zed CEO Mandy Farmer က CNN သတင်းဌာနကိုပြောပါတယ်။

READ
ထီဆုကြီးပေါက်ခဲ့ပေမယ့် သူများကိုယုံစားမိလို့ စည်းစိမ်ပြုတ်ခဲ့ရတဲ့ အမျိုးသား

ကလေးငယ်တစ်ဦးကို ပြုစုစောင့်ရှောက်ရင်း နေထိုင်ဖို့ရုန်းကန်နေရတဲ့ လယ်သမားတစ်ယောက် ဟာ ဒီအစီအစဉ်ကိုကြားပြီး Nooner promotion ကို လာရောက်ချိတ်ဆက်ခဲ့ပါတယ်။

ဒီပရိုမိုးရှင်းဟာ စုံတွဲတွေအတွက် ပျော်ရွှင်ပြီး ၊ ကျန်းမာတဲ့အိမ်ထောင်ရေးဘ၀ကို အဆင့်မြှင့်ဖန်တီးပေးလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ဆိုပါတယ်။

အစီအစဉ်အတွင်း စုံတွဲတွေကို အိမ်ထောင်ရှင်စုံတွဲ ချစ်သူစုံတွဲဆိုပြီး ကန့်သတ်ထားခြင်းမရှိဘဲ၊ LGBTQ အသိုင်းအ၀ိုင်းကလည်း လာရောက်ပူးပေါင်း ချိတ်ဆက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Khaing Sandar

SHARE