ထူးခြားဆန်းပြားတဲ့နေရာတွေမှာ ဆောက်လုပ်ထားကြတဲ့ အံ့သြဖွယ်ဟိုတယ်များ

များသောအားဖြင့် ဟိုတယ်တွေဆိုတာ လူတွေ သိပ်အချိန်ကြာကြာဖြုန်းလေ့ရှိတဲ့ နေရာတွေမဟုတ်ပါဘူး။ ခရီးသွားတဲ့အခါ ဟိုတယ်တွေမှာ ခရီးဆောင်သေတ္တာအိတ်တွေထား၊ အိပ်စက်အနားယူတာကလွဲလို့ ပျော်စရာအများကြီးရှိတာ မဟုတ်ပါဘူး။ ဒါပေမယ့် အောက်မှာ တွေ့ရမယ့် ဟိုတယ်တွေကတော့ လှလွန်းတဲ့အတွက် တကူးတကသွားတည်းခိုနေဖို့တောင် စိတ်ကူးပေါက်လောက်တဲ့ ဟိုတယ်တွေပဲ ဖြစ်ပါတယ်။ Brightside သတင်းဌာနကို ကိုးကားပြီး ဖော်ပြရရင်တော့ အခုလို တွေ့ရမှာပါ။

Sheraton Huzhou Hot Spring Resort, Huzhou, China

Instagram/beautifulhotels

အပန်းဖြေဇိမ်ခံတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ဒီဇိုင်းကြောင့် မြင်းခွာပုံဟိုတယ်၊ ဒိုးနပ်ဟိုတယ်စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။ ထူးခြားချက်ကတော့ သူ့ရဲ့ သွင်ပြင်သဏ္ဍာန်ပဲ ဖြစ်ပါတယ်။

Neemrana Fort Palace, Neemrana, India

Instagram/hi_its_gopu

အိန္ဒိယနိုင်ငံ ရာဂျာစသန်ပြည်နယ်က (၁၅) ရာစုနှစ် အမွေအနှစ် ဟိုတယ်ဖြစ်ပါတယ်။ ဒေလီမှာရှိတဲ့ အအိုဟောင်းဆုံး အပန်းဖြေစခန်းတွေထဲမှာ တစ်ခုဖြစ်တဲ့အပြင် ပန်းခြံတွေ၊ ရေကန်တွေ၊ ကောင်းကင်ကြိုးတွေနဲ့ ခမ်းနားလှပါတယ်။

READ
နီဗာဒါးသဲကန္တာရထဲက အနုပညာမြောက်စွာ ဆေးရောင်စုံခြယ်သထားသည့် ကားများ

Amangiri, Canyon Point, Utah, USA

Instagram/amangiri

တွေ့မြင်ရတာကတော့ ဟိုတယ်ဟာ သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုလိုပါပဲ။ ဟိုတယ်ပတ်လည်မှာတော့ လှပတဲ့ သဲသောင်ခုံတွေ၊ ကျောက်ထပ်တွေနဲ့ တောင်တန်းတွေက ပတ်လည်ဝန်းရံနေပါတယ်။

Sextantio Le Grotte della Civita, Matera, Italy

Instagram/yolandaedwards

ယူနက်စကိုက မှတ်တမ်းပြုစုထားတဲ့ ဂူဝင်္ကပါတွေထဲမှာ ရှိပါတယ်။ အခုအခါမှာတော့ ပြန်လည်ပြင်ဆင်ထားအတွက် အီတလီရဲ့ သရုပ်ကို ပိုမိုထင်ဟပ်ပြနေပါတယ်။

Free Spirit Spheres, Vancouver Island, British Columbia, Canada

Instagram/sabstorm_

ကလေးဘ၀တုန်းက အိပ်မက်မက်ခဲ့ဖူးမှာဖြစ်တဲ့ ငှက်သိုက်လေးတွေလို အိမ်လုံးလေးတွေပဲ ဖြစ်ပါတယ်။ သဘာဝနဲ့ ပေါင်းစည်းနိုင်တဲ့ အကောင်းဆုံးအိမ်လေးတွေပါ။ 

Fantasyland Hotel, Edmonton, Canada

Instagram/fantasyland_hotel

အာကာသထဲရောက်နေသလို ခံစားဖူးချင်သူတွေအတွက် သံခမောက်ပုံစံဆောက်ထားတဲ့ အစ်ဂလူးအိမ်လေးတွေ ဖြစ်ပါတယ်။

READ
အနည်းဆုံးတစ်နှစ်ကိုတစ်ကြိမ် ခရီးထွက်သင့်တဲ့အကြောင်းရင်း

Crane Hotel Faralda, Amsterdam, Netherlands

Instagram/fleksi_ru

ဟိုတယ်တစ်လုံးတည်ဆောက်ဖို့အတွက်တော့ ဘယ်လိုမှ အဆင်မပြေတဲ့နေရာပါ။ ဒါပေမယ့်လည်း အခြားဟိုတယ်တွေနည်းတူ သက်တောင့်သက်သာနေထိုင်လို့ ကောင်းတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ ကရိန်းပေါ်ကနေ bungee jump လည်း ပြုလုပ်နိုင်ပါသေးတယ်။

A floating hotel!

© remistudio.ru

Ark လို့ခေါ်တဲ့ ရေပေါ်ဟိုတယ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဟိုတယ်က မဆောက်လုပ်ရသေးပါဘူး။ ဟိုတယ်တစ်ဝက်က ရေအောက်မှာ ဖြစ်ပါတယ်။ ရေလွှမ်းမိုးတဲ့ဒဏ်နဲ့ ငလျင်ဒဏ်တွေကိုလည်း ခံနိုင်အောင် တည်ဆောက်မှာပါ။

Treehotel, Tällberg, Sweden

Instagram/treehotel

သိပ္ပံကားနှစ်သက်သူတွေ အကြိုက်တွေ့စေမယ့် နေရာလေးတစ်ခုပါ။ UFO ပုံစံတည်ဆောက်ထားပါတယ်။

လင်းလင်း (ShweMom)

SHARE