ကမ္ဘာတစ်လွှားက ထူးခြားတဲ့ဝိသေသတွေကို ပိုင်ဆိုင်ထားကြတဲ့ ဟိုတယ်များ

instagram/thorngrove_manor, instagram/flexi_sochi

အောက်မှာဖော်ပြပေးမှာကတော့ brightside အွန်လိုင်းစာမျက်နှာပေါ်မှာတွေ့ရတဲ့ ထူးခြားတဲ့ အငွေ့အသက်လေးတွေကို အသီးသီး ပိုင်ဆိုင်ထားကြတဲ့ ဟိုတယ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဟိုတယ်ထဲမှာ တည်းခိုနေတယ်လို့တောင် မခံစားရပဲ အပန်းဖြေခရီးလေးတစ်ခုထွက်နေသလိုမျိုး ခံစားမှုရသမြောက်စေမယ့် ဟိုတယ်တွေပဲ ဖြစ်ပါတယ်။

La Balade des Gnomes, Durbuy, Belgium

စိတ်ကူးယဉ်ဆန်ဆန် အပြင်အဆင်ကို နှစ်ခြိုက်ကြသူတွေ သဘောကျမယ့် ဟိုတယ်ဖြစ်ပါတယ်။ အခန်းတွေကိုတော့ ပုံပြင်ထဲ ရောက်နေသလိုမျိုးဖြစ်အောင် ပြင်ဆင်ထားပါတယ်။

Cava & Hotel Mastinell, Vilafranca, Spain

ဝိုင်နှစ်သက်တဲ့သူတွေ သွားကို သွားသင့်တဲ့နေရာလေးတစ်ခုပါ။ ဟိုတယ်ဟာ စပျစ်ခြံတွေနဲ့ ၀န်းရံလျက်ရှိတာကြောင့် ဟိုတယ်နားက ၀ိုင်လုပ်ငန်းကို သွားလေ့လာတာ၊ ၀ိုင်နဲ့ရေချိုးတာ၊ စပျစ်သီးတွေနဲ့ဆော့တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

Treehotel, Tällberg, Sweden

သိပ္ပံရုပ်ရှင်ပရိသတ်တွေ သေချာပေါက် သဘောကျရမယ့် နေရာတစ်ခုပါ။ သစ်တောထဲဆောက်ထားတဲ့ ယူအက်ဖ်အိုပုံစံဟိုတယ်ခန်းထဲမှာ တည်းခိုရမှာပါ။

READ
ကမ္ဘာ့အမြင့်ဆုံး ဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ Gevora Hotel

Crane Hotel Faralda, Amsterdam, Netherlands

ဟိုတယ်တစ်လုံးဆောက်ဖို့ သင့်တော်တဲ့နေရာမဟုတ်ပေမယ့် ကရိန်းပေါ်မှာ ဟိုတယ်ဆောက်ထားတာပါ။ တခြားဟိုတယ်တွေလိုပဲ တည်းခိုရတာ သက်တောင့်သက်သာရှိတဲ့အပြင် ကရိန်းပေါ်ကနေ Bungee jump လည်း ပြုလုပ်နိုင်ပါတယ်။

READ
ကမ္ဘာ့အန္တရယ်အများဆုံးနဲ့ ကြောက်စရာအကောင်းဆုံး တောင်တက်ခရီးစဉ်

Lloyd Hotel, Amsterdam, Netherlands

https://www.instagram.com/p/BSJcSIKg2hj/?utm_source=ig_web_copy_link

ဒါကတော့ နယ်သာလန်က ဟိုတယ်တစ်ခုပါ။ ဒန်းတွေ၊ ကြိုးပုခက်တွေနဲ့ ဆော့စရာတွေစီမံထားတာကြောင့် အခန်းထဲက မထွက်ချင်အောင် ဖြစ်ရမယ့် ဟိုတယ်ပါပဲ။

Seven Hotel, Paris, France

https://www.instagram.com/p/BDSVEH5sCk-/?utm_source=ig_web_copy_link

https://www.instagram.com/p/BBFfru3tYXT/?utm_source=ig_web_copy_link

အခန်းထဲက အိပ်ရာကတော့ မသိရင် လေထဲပဲ ပျံနေသလိုလိုပါ။ အိပ်မက်ထဲပဲ ရောက်နေသလိုလို၊ ရုပ်ရှင်ထဲပဲ ရောက်နေသလို ခံစားရမိစေနိုင်တဲ့ ဟိုတယ်လည်း ဖြစ်ပါတယ်။

Thorngrove Manor Hotel, Adelaide, Australia

ဒါကတော့ ချစ်သူနဲ့ သွားလည်ဖို့ အသင့်တော်ဆုံးဟိုတယ်လို့ ဆိုပါတယ်။ နတ်သမီးပုံပြင်ထဲကလိုမျိုး ခမ်းနားလှပတဲ့အပြင်အဆင်တွေနဲ့ ရိုမန်းတစ်ဆန်လှတဲ့ အခန်းလေးတွေပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE