တောင်ကိုရီးယားရဲ့ ဆွဲဆောင်မှုအရှိဆုံး Drummer အဖြစ် သတ်မှတ်ခံထားရတဲ့ A-YEON

[email protected]

တီးဝိုင်းတစ်ခုမှာ ဒရမ်တီးတဲ့သူတွေကိုကြည့်လိုက်ရင် များသောအားဖြင့် ယောက်ျားလေးတွေပါပဲ။ ဒီလို ယောက်ျားလေး drummer တွေထဲမှာမှ အခုပြောပြချင်တဲ့ drummer တစ်ယောက်ကတော့ ရှားရှားပါးပါးအမျိုးသမီး drummer တစ်ယောက်ပါပဲ။ ဒါ့အပြင် အဆိုပါ အမျိုးသမီး drummer ဟာ ဒရမ်ကို ရောဖက်ရှင်နယ်ကျကျ တီးတက်ရုံသာမက တောင်ကိုးရီးယားနိုင်ငံရဲ့ ဆွဲဆောင်မှုအရှိဆုံးနဲ့ အလှဆုံး အမျိုးသမီး drummer တစ်ယောက်အဖြစ် သတ်မှတ်ခံထားရကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/B8lyqekpEf2/

အသက် (၂၉) နှစ်အရွယ်  A-Yeon လို့ အမည်ရတဲ့ အမျိုးသမီးဟာ တောင်ကိုရီးယားတစ်နိုင်ငံလုံးရဲ့ အမိုက်ဆုံး အမျိုးသမီး drummer အဖြစ် သတ်မှတ်ခံထားရပါတယ်။ A-Yeon ဟာ အသက်အရွယ်နဲ့ မလိုက်အောင် တော်တော်နုပျိုးတဲ့ လူတစ်ယောက်လို့တောင် သတ်မှတ်နိုင်ပါတယ်။ သူမရဲ့ Instagram မှာဆိုရင်လည်း follower ပေါင်း 165k အထိရှိပြီး Youtube မှာဆိုရင်လည်း subscriber ပေါင်း 700k နီးပါအထိ ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

READ
ပြည်သူတွေအတွက် စံပြအနေနဲ့ လမ်းသန့်ရှင်းရေးတွေလုပ်ခဲ့ကြတဲ့ အိန္ဒိယ၀န်ကြီးမောင်နှံ

https://www.instagram.com/p/ByIszuxFyKl/

A-Yeon ဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ကိုရီးယားအမျိုးသမီး Band တစ်ခုဖြစ်တဲ့ Bepop မှာ drummer အဖြစ် ဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခှုစ်မှာ အဆိုပါ တီးဝိုင်းထဲက ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကနေ အခုအချိန်အထိကို streey performer အဖြစ်သာ ရပ်တည်ခဲ့ပြီး နာမည်ရလာတာပဲ ဖြစ်ပါတယ်။ A-Yeon တစ်ယောက် နာမည်ရလာစေတဲ့ အကြောင်းကတော့ Metallica အဖွဲ့ရဲ့ “Sad But True” သီချင်းနဲ့ Guns N’ Roses ရဲ့ “Welcome to the Jungle” တို့ကို cover ပြန်တီးခဲ့လို့ပဲ ဖြစ်ပါတယ်။

READ
ကြောက်စရာ မကောင်းပဲ ချစ်စရာကောင်းနေတဲ့ တရုတ်မှ ကျားအကိတ်လေးများ

“ကျွန်မရဲ့ ခံယူချက်ကိုက နာမည်ကြီးပြီး အောင်မြင်မှုတွေ ရရှိဖို့ မဟုတ်ပါဘူး။ လူတွေအရှေ့မှာ ဒရမ်ကို အားရပါးတီးချင်တယ်။ အထူးသဖြင့် လူသွားလူလာများတဲ့နေရာတွေမှာပေါ့။ ဒါ့ကြောင့် အောင်မြင်ဖို့၊ စင်ပေါ်တက်ဖို့ အခွင့်အရေးတစ်ချို့ရခဲ့ပေမယ့် လက်လွှတ်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒီနေ့ဒီအချိန်အထိ street performer အဖြစ်ပဲ ဆက်လက်ရပ်တည်နေခဲ့တာပါ” လို့ A-Yeon က ပြောကြားခဲ့ပါတယ်။

https://www.instagram.com/p/ByUKwKUlIqy/?utm_source=ig_embed

Pyi Hein Kyaw

SHARE