ပတ်ဝန်းကျင်ဘယ်လောက်ပြောင်းပြောင်း ခေါင်းမာစွာ ဆက်ရှိနေတဲ့ ကမ္ဘာ့အနှံ့က အိမ်လေးများ

news.nationalpost.com, EddieAteDynamite

အဖိနှိပ်ခံ လူတန်းစားတွေဆို လူတွေက ပိုပြီး ကြည့်ကြပါတယ်။ တခြားသူတွေကိုလည်း မချိုးနှိမ်၊ ကိုယ့်ဟာကိုယ် ရပ်တည်၊ အာဏာရှင်တွေနဲ့ ပါဝါရှိတဲ့ သူတွေကို ဆန့်ကျင်တဲ့ လူတွေကိုဆို ပိုပြီး နှစ်သက် သဘောကျကြသလို သူတို့ကြောင့်နဲ့ တစ်ဖက်မှာ အားတက်လာရတဲ့ အကြောင်းကိစ္စတွေလည်း ရှိပါတယ်။

ရွေ့ပြောင်းလို့မရတဲ အိမ်တွေ၊ ဖယ်ရှားလို့မရတဲ့ အိမ်တွေအကြောင်း မကြာခဏကြားဖူးကြမှာပါ။ အဲ့ဒီ အိမ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ မီဒီယာတွေအတွက်တော့ ဖော်ပြစရာ အကောင်းဆုံး အရာတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာဆိုရင်တော့ သတ္တိကောင်းတဲ့ အိမ်ပိုင်ရှင်တွေရှိပြီး သူ့တို့အပေါ် ပါဝါသုံးပြီး ဖိနှိပ်လာတာတွေအတွက် မီဒီယာတွေရဲ့ ကျေးဇူးနဲ့အတူ တွန်းလှန်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ “Up” ဆိုတဲ့ အန်နီမေးရှင်းရုပ်ရှင် ကြည့်ဖူးတဲ့ သူတွေဆို ဒါကို ကောင်းကောင်း နားလည် သဘောပေါက်မယ်လို့ ထင်ပါတယ်။

ရောင်းဖို့ ငြင်းခဲ့ပေမယ့် တစ်ဝက် ခြမ်းပေးခဲ့ရတဲ့ Toronto မြို့က အိမ်တစ်လုံး
The Huffington Post
ဒီအိမ်ကတော့ တရုတ်ပြည်က ဖြစ်ပါတယ်။ လမ်းအသစ်ဖောက်ဖို့အတွက် ဖယ်ခိုင်းခဲ့တာ မဖယ်ပေးလို့ အခုလို လမ်းကိုလည်း ပတ်ပြီး ဖောက်ခဲ့ရတယ်။ နောက်ဆုံးတော့ ဖယ်ပေးခဲ့ရပေမယ့် ဒီအိမ်ဟာ မြှင့်တင်တဲ့သူတွေကို ဆန့်ကျင်တဲ့ သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း SHWEMOM က စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။
news.nationalpost.com
Vera Coking ဆိုသူက သူ့အိမ်ကို အဲ့ဒီ့နားတစ်ဝိုက် ကာဆီနို ဆောက်ချင်တဲ့ Bob Guccione ဆီရောင်းဖို့ ပထမအကြိမ် ငြင်းခဲ့တယ်။ နောက်တစ်ခါ ဒုတိယအကြိမ်အဖြစ် Donald Trump ကို ငြင်းခဲ့တယ်။
Library of Congress , Press of Atlantic City
အနားက အိမ်တွေအကုန် ဖြိုချပြီးသွားတာတောင် Mary Cook ဆိုတဲ့ အမျိုးသမီးက ဒီ ခန့်ညာပြီး ကျဉ်းမြောင်တဲ့ ဒီ အိမ်လေးကို လုံးဝ မရောင်းခဲ့ပါဘူး။ ဒီနေ့ခေတ်မှာတော့ မြင့်မာတဲ့ တိုက်တွေကြားမှာ ခိုင်ခံစွာ ညပ်ပြီး တည်ရှိနေဆဲဖြစ်ပြီး မသိရင် ကလေး ပုံပြင်စာအုပ်တွေထဲက အိမ်လေးအတိုင်းရှိနေပါတယ်။
wirednewyork.com
ဒီအိမ်ကတော့ ဂေါ့သစ် အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ အိမ်ဖြစ်ပါတယ်။
Ephemeral New York
Portland မြို့လယ်မှာရှိတဲ့ ဒီ ၀ိတိုရီယခေတ်ဟန်ရှိတဲ့ အိမ်ကို ရောင်းဖို့ Randal Acker ဆိုတဲ့ သူကငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် Portland တက္ကသိုလ်ရဲ့ အဆောင်ကို အခုလိုပဲ တည်ဆောက်ခဲ့ကြရပါတယ်။
wikimedia commons
Australia နိုင်ငံ Melbourne မြို့က အိမ်ရောင်ဖို့ ငြင်းခဲ့တဲ့ အမျိုးသားရဲ့ လက်ရှိပတ်ဝန်းကျင် အနေအထား။
EddieAteDynamite
Guangzhou မြို့မှာ အိမ်နေရာ မရွေ့ပေးတဲ့ မိသားစု (၃) စုကြောင်း အာဏာပိုင်တွေ အနေနဲ့ အခုလို လမ်းကို ကွင်းပြီး ဖောက်ခဲ့ကြရတယ်။
chinadaily
ဒီ အိမ်ကတော့ ၀ါရှင်တန် ဒီစီ မြို့မှာ တည်ရှိပါတယ်။ အိမ်ပိုင်ရှင်ဟာ ဒေါ်လာ (၃) မီလီယံနဲ့ ကမ်းလှမ်းတုန်းက မရောင်းချခဲ့ပေမယ့် (၄) မီလီယံ ဆိုတဲ့ ပမာဏမှာတော့ ရောင်းချသွားခဲ့ပါတယ်။
thecityfix

 

READ
ကာတာနိုင်ငံရဲ့ အခွန်စနစ်အသစ်ကြောင့် အယ်ကိုဟောဈေးနှုန်းတွေ နှစ်ဆခုန်တက်

Ref: Bored Panda

Matthew (ShweMOM)
SHARE