လူတွေရဲ့စိတ်ခံစားမှုအပေါ် အယ်ကိုဟောက ဘယ်လိုသက်ရောက်မှုရှိလဲ စမ်းသပ်ပုံ

ဝိုင်နဲ့ ပတ်သက်ပြီး အဆိုတစ်ခုရှိပါတယ်… အဲ့ဒါကတော့ ပထမဆုံးခွက်မှာဆို စားချင်သောက်ချင်စိတ်တွေဖြစ်လာမယ်၊ ဒုတိယတစ်ခွက်ဆို ချစ်ကြည်နူးတဲ့စိတ်တွေဖြစ်လာမယ်… အဲ့ တတိယတစ်ခွက်ဆိုရင်တော့ ၀ရုန်းသုန်းကားလုပ်ချင်တဲ့ စိတ်တွေဖြစ်ပေါ်လာလိမ့်မယ်” တဲ့…။ ဒါကို ဘရာဇီးနိုင်ငံသား ဓာတ်ပုံဆရာက Marcos Alberti က ပြန်လည်ပြောပြတာဖြစ်ပါတယ်။

သူက မိတ်ဆွေတွေရဲ့ ၀ိုင် သုံးခွက်ဝင်ပြီးနောက် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့ပြီး ဒါကို ပရောဂျက်တစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့ပါတယ်။

masmorrastudio.com

ပထမဆုံး ဓာတ်ပုံက စတူဒီယိုကို ရောက်ရောက်ချင်းအနေအထားဖြစ်ပါတယ်၊ အဲ့ဒီပုံမှာဆို လူတွေ တစ်နေ့လုံး အလုပ်လုပ်ပြီးတဲ့နောက် စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းလျမှုတွေရှိနေတာကို ပေါ်လွင်စေပါတယ်။ အဲ့ဒီ့နောက် တစ်ခွက်၊ နှစ်ခွက်၊ သုံးခွက်ဆိုတဲ့ ခေါင်းစဉ်လေးတွေနဲ့ လူတွေ တဖြည်းဖြည်း လန်းဆန်း၊ ပြုံးပျော်လာတာကို တစ်ပုံချင်း မြင်ရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံမှာဆို သူ့ရဲ့ မိတ်ဆွေ တော်တော်များများဟာ ပျော်ရွှင်နေကြတာဆိုတာ  ဟန်တောင်မဆောင်နိုင်ဘူး။

READ
စာခိုးချတဲ့နည်းစနစ်တွေမှာ တဖက်ကမ်းခတ်ထူးချွန်ကြတဲ့ ဉာဏ်ကြီးရှင်ကျောင်းသားများ

အရက်ဟာ လိုတာထက် ပိုပြီး သုံးစွဲမိတဲ့အခါ အန္တရာယ်ရှိတာ အားလုံးအသိပါပဲ။ ဒါအရက်မှ မဟုတ်ပါဘူး။ ဘယ်အရာမဆို “တန်” ဆေး “လွန်” ဘေးပါပဲ။ ဒါကြောင့် အသိရှိရှိလေး မှီဝဲပြီး ကောင်းမွန်တဲ့ ဘ၀တစ်ခုကို တည်ဆောက်နိုင်ပါစေ။ Alberti ရဲ့ ပရောဂျက်ထဲက လူတွေရဲ့ ခံစားမှုတွေကို ဖော်ပြတဲ့ ဓာတ်ပုံတွေကိုလည်း ကြည့်ကြည့်ပါဦး…။

1.

masmorrastudio.com

2.

masmorrastudio.com

3.

masmorrastudio.com

4.

masmorrastudio.com

5.

masmorrastudio.com

6.

masmorrastudio.com

7.

masmorrastudio.com

8.

masmorrastudio.com

9.

masmorrastudio.com

10.

masmorrastudio.com

11.

masmorrastudio.com

12.

masmorrastudio.com

13.

masmorrastudio.com

14.

masmorrastudio.com

15.

masmorrastudio.com

16.

masmorrastudio.com

Ref: Bored Panda

Matthew (ShweMOM)
SHARE